Sunday, June 9, 2013

မိုင်ကြက်သားသုပ်


(၄-ယောက်စာ)
ကြက်ပေါင်သား အရိုးထုတ် ၂ခု
ကြက်အသည်း ၄ခု
ဆင်ခေါင်းပဲ လက်တဆုပ်ခန့်
အာလူး ၃လုံး
ဂေါ်ဖီထုပ်
ကြက်သွန်နီ
ပဲအကျက်မှုန့်
သံပရာသီး
ပူဒီနာရွက်
ဆား၊ ဆနွင်း၊ ဂျင်း၊ ငံပြာရည်၊ မဆလာ - အနည်းငယ်စီ

၁။ ကြက်ပေါင်သား နှင့် အသည်းကို ဒယ်အိုးထဲ ဆား၊ ဆနွင်း၊ ဂျင်း၊ ငံပြာရည်၊ မဆလာ နှင့် ရေမမြုတ်တမြုတ်ထည့်ပြုတ်ပါ။ နူးလျင် ကြက်အရေခွံကို ခွါပစ်ပြီး အသားမွထားပါ။ အသည်းကို မထူမပါးလှီးပါ။ ကျန်သောကြက်ပြုတ်ရည်ကို ပဲအကျက်မှုန့်အနည်းငယ်ဖျော်ထည့်ပြီး မီးနွေးနွေးဖြင့် တည်ပါ။

၂။ ဆင်ခေါင်းပဲကိုပြုတ်ပါ။ ကျက်လျင် ရေစစ်ပြီး။ ကြက်ပြုတ်ရည်အိုးထဲ ထည့်ပါ။

၃။ အာလူးကိုလဲပြုတ်ပြီး မထူမပါးလှီးထားပါ။ ကြက်သွန်နီ ပါးပါးလှီးကာ ရေအေးထဲစိမ်ပြီး ရေပြန်စစ်ထားပါ။ ဂေါ်ဖီထုပ်ကို ပါးပါးလှီးပါ။

၎။ ဇလုံထဲ အသား၊ အာလူး၊ ဂေါ်ဖီ၊ ကြက်သွန်နီတို့ကို ထည့်၊ ကြိုက်တတ်ပါက ပူဒီနာရွက် နှင့် ငရုပ်သီးစိမ်း လှီးထည့်ပါ။ သံပရာရည်ညှစ်ကာ ကြက်ပြုတ်ရည်ဆမ်း၍နယ်လျင် ကြက်သားသုပ် ရပါပြီ။ နံပြားဖြင့်လည်း စားနိုင်ပါတယ်။

No comments:

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP