တိုဟူး သူများတွေ လုပ်တတ်ပေသိ ကိုယ်မလုပ်တတ်သေးဘူး။ စားချင်တော့လဲ အင်တာနက်က သင်ဆရာ မြင်ဆရာ တွေဆီလိုက်ရှာဖတ်ပြီး စမ်းကြည့်တယ်။ သူငယ်ချင်းလုပ်တာ အောင်မြင်တယ်ဆိုလို့ သူ့နည်းအတိုင်း လိုက်လုပ်ကြည့်ပါတယ်။
ဒါက ပထမအကြိမ် လုပ်ကြည့်တာပါ။ မွှေးပဲစိမ်းမှုန့်ထုပ်ကို ဆန်ချိန်ခွက်ထဲ ထည့်ချိန်တာ ၂ခွက်စာလောက်ရှိတယ်။ ဒီတော့ ရေကို သုံးဆဆိုတော့ ၆ခွက်ထည့်ရမှာပေါ့။ သိပ်ရေများနေမှာစိုးပြီး ၅ခွက်ကျော်ကျော်လေး ထည့်ဖျော်တယ်။ တနာရီကျော်ထားလဲ အပေါ်ယံအရည်ကြည်က တက်မလာဘူး။ ရောနေတယ်။ စောင့်ရတာ စိတ်မရှည်သူဆိုတော့ ကဲလေဟယ် ဆိုပြီး အကုန်အိုးထဲထည့်ကျိုလိုက်တယ်။ ဘယ်အနေလောက် ချရမှန်းမသိဘူး။ နာရီကြည့်ရင်း မွှေရင်း ၁၅မိနစ်လောက်နေတော့ ချပြီး အအေးခံလိုက်တယ်။ တိုဟူးဖြစ်သွားပါတယ်။ သုပ်စားလို့တော့ အနေတော်ပါ။ သို့ပေသိ အကြော်ကြိုက်တဲ့ အိမ်ကြီးရှင်အတွက် ကြော်တဲ့အခါ အလယ်ခွဲထားတဲ့နေရာက တိုဟူးတွေ ပျော်ထွက်လာတယ်။ ရေမကုန်သေးတဲ့သဘောမှာ ရှိတယ်။