Sunday, May 17, 2009

ကြက်တောင်ပံဖက်ထုပ်ကြော်


ထမင်းဘူးဘလော့မှာ တင်ဘူးတဲ့ ကြက်တောင်ပံဖက်ထုပ်ကြော်ကို ဒီတခါ ထပ်လုပ်ဖြစ်တာနဲ့ အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ထားလိုက်တယ်။ မမိုးကောင်းသူ နဲ့ မစူးနွယ်က ဘယ်လိုအစာသွပ်တာလဲလို့ မေးထားတာနဲ့ တချက်ခုတ် ၂ချက်ပြတ် ပြန်လည်းဖြေဖြစ်ရင်း ပို့စ်လည်းရေးဖြစ်သွားပါတယ်။ အမှန်တော့ ဒီနေ့က ဆရာမရယ် သူငယ်ချင်းတွေနဲ့အတူ အပြင်သွားကြဖို့ပါ။ ရာသီဥတုက ဒီနေ့ကျမှ လေပြင်းတွေတိုက်ပြီး မိုးရွာတာနဲ့ အစီအစဉ် ပျက်သွားတယ်။ ဒီတော့ မရေးတာကြာနေတဲ့ ပို့စ်လေး ရေးဖြစ်သွားတာပါ။

ဖက်ထုပ်ရဲ့အစာတွေဖြစ်တဲ့ __ အသားတောက်တောက်စဉ်းကို ဂေါ်ဖီထုပ်၊ "နီလာ"ရွက်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်း၊ အသားမှုန့်၊ ပဲငံပြာရည်အကျဲ၊ နှမ်းဆီ ထည့်နယ်ပြီး နှပ်ထားပါ။


ကြက်တောင်ပံကိုတော့ အရင်ဆုံး "V-shaped"ဖြစ်နေတဲ့နေရာကို ဘေးဘယ်ညာချိုးပြီး ကလက်ပေးလိုက်ရင် "ကလစ် ကလစ်" အသံမြည်ပြီး အရိုးဆက်နေရာ ကျွတ်သံကြားရပါမယ်။ ကြက်အရေခွံ ပြဲမသွားအောင်တော့ သတိထားပါ။ ပြီးရင် အရိုးအကြီးနဲ့ အသေး ဆက်နေတဲ့ ထိပ်နေရာကို ဖြတ်ရပါမယ်။


အရိုးနုနဲ့ အသားကပ်နေတဲ့နေရာကို ဓားနဲ့ခြစ်ပြီးရင် အရိုးဘေးက အသားတွေကို လက်မနဲ့ တွန်းချပါ။


ထွက်လာတဲ့ အရိုးကို နှဲ့ပြီး ဖြုတ်ပစ်ပေးပါ။


အရိုးထုတ်ပြီးသား ကြက်တောင်ပံတွေအားလုံးကို အိပ်တလုံးထဲထည့်ပြီး ပဲငံပြာရည်အကျဲ၊ ဂျင်း၊ ဟင်းချက်အရက်၊ ကြက်သွန်မြိတ်အကြီးထည့်ပြီး အသားထည့် စိမ့်ဝင်အောင် အပြင်ဘက်ကနေ ခပ်ဖွဖွဟ ညှစ်နယ်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ အနည်းဆုံး ၁နာရီလောက် ထည့်ထားပါ။ ဒါဆို အစာသွပ်ဖို့ ကြက်တောင်ပံအိပ် ရပါပြီ။


ကြက်တောင်ပံထဲ နယ်နှပ်ထားတဲ့ အသားတွေထည့်ပါ။


ပြီးရင် အဝကို သွားကြားထိုးတံနဲ့ ပိတ်ပေးပါ။ ဒါဆို ကြော်ဖို့ ကြက်တောင်ပံ ဖက်ထုပ်တွေ ရပါပြီ။


ဆီပူထဲ အရေခွံအထူဘက်က စပြီး မီးပြင်းပြင်းနဲ့ အရောင်တက်လာအောင် ကြော်၊ ပြီးရင် အလယ်အလတ်မီးနဲ့ အတွင်းသား ကျက်လောက်တဲ့အနေအထိ ကြော်ရင် ရပါပြီ။ ပြီးရင်တော့ စားချင်စဖွယ်လေး နဲနဲပြင်လိုက်တာပေါ့။




16 comments:

ThuHninSee said...

တော်ချက်..........စားချင်စဖွယ်ပဲ။

khin oo may said...

good

Steve Evergreen said...

အမဲတွေက ငံပြာရေတွေလား မရင်နိပ်လား

Steve Evergreen said...

လှတော့လှတယ် ဒါပေမဲ့ ကြောင်စာလောက်လေး။ ဒို့က အဲ လောက်နဲ့မဝ

:P said...

စားချင်တယ်.. ဒါပေမယ့် လုပ်ရမှာ လက်ဝင်တယ်..။

mae said...

ဟိုတခါတွေ့တည်းက အရန်းစိတ်ဝင်စားတာ.. တခါလောက်တော့ လုပ်ကြည့်ဦးမယ်

ကိုရင်နော်ခင်လေးငယ် said...

မြည်းချင်လိုက်တာ... အဲ့လေ.. စားချင်လိုက်တာ..း)

ကိုရင်နော်

ဒေါ်ရွှေအိ said...

ဟင်းနော် ဟင်းနော်။ မသိဘူး မကြည့်ဘူး။ ကြောက်တယ်။

မိုးကောင်းသူ said...

ကျေးဇူး ကျေးဇူး အထူးးးးးးးးးး
လုပ်စားကြည့်မယ်။
ဒီတခါတော့ မြန်မာလိုရေးထားလို့ ဖတ်တတ်သွားပြီ။ :D
ဟိုတခါ လင့်တွေက ဂျပန်လိုမို့လို့။

Thinzar said...

မိုက်တယ်နော်.. စားချင်စရာကြီး.. ကိုယ်လုပ်ရင်တော့ ကြက်တောင်ပံ ဘယ်နှစ်ခုလောက် ပြဲသွားမလဲ မသိဘူး။ စိတ်ရှည်တဲ့တစ်နေ့ လုပ်စားကြည့်ရမယ်..

စူးနွယ်လေး said...

Thanks for sharing it!!
I will try when I am back.

ရွှန်းမီ said...

တော်လိုက်တာ.. အရိုးထုတ်ရတာ လက်ဝင်တယ်..
စားလို့သိပ်ကောင်းမယ့်ပုံပဲ..

မေလေး said...

သူများသမီးလေးများတော်ချက်ကလက်ကုန်ဘဲ...
လာစားသွားပြီနော်....
ခင်တဲ့
မေလေး

Rita said...

အော် တခါတလေတော့လည်း စိတ်ပါလက်ပါလေး အဲလို လုပ်ချင်မိတယ်။

subuueain said...

သေချာလေးမှတ်သွားပါတယ်

ဧဒင်အချစ်ပုံပြင် said...

လာလည်ပြီးစားသွားတယ်နော်...ကျေးဇူးတင်ပါတယ်နော်

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP