Sunday, July 7, 2013

စိတ်အချဉ်ပေါက်ခြင်း

ရေးဖူးတဲ့ပို့စ်

ဒီလိုလူကို မြင်လား?

ခပ်တည်တည်ယူတင်ထားတဲ့ ပို့စ်

ဒါက ဓာတ်ပုံကို ယူသုံးထားတယ်
ဂူဂယ်မှာ ကြက်တောင်ပံဟု ရိုက်လျင် မြရွက်ဝေတင်ထားသော ဓာက်ပုံ ထွက်လာလေသလော

ဒါလည်း ဓာတ်ပုံကိစ္စ

ကိုယ်တိုင်ရိုက်ကူးထားသောပုံကို ဘလော့မှာရော FBမှာပါ လိုဂိုအဖြစ် အသုံးပြုသည်။

ဒါကို ခပ်တည်တည်ယူကာ သူ့ကာဗာမှာ တင်ထားသည်။

ပြန်ဖြုတ်ရန် massage ပို့သော်လည်း မဖြုတ်၊ အမည်နှင့်တပ်တင်က မကောင်းရှိရော့မည်။

Wednesday, June 19, 2013

"ခန်းဂျီးအကြောင်း ပြောရအောင်"


ခန်းဂျီးလို့ပြောလိုက်ရင် အနည်းနဲ့အများတော့ တီဆားတို့ဖြစ်သွားမယ် ထင်ပါတယ်။

ကမ္ဘ္ဘာပေါ်မှာ တရုတ်ပြည်အခြေခံ ခန်းဂျီးကို သုံးပြုတဲ့ အခြားနိုင်ငံတွေက ထိုင်ဝမ်၊ ကိုးရီးယား၊ ဂျပန် နဲ့ ဗီယက်နမ်လို့ ဆိုပါတယ်။

ခုနောက်ပိုင်း တောင်ကိုးရီးယားမှာ "Hangul"ကို အသုံးပြုကြပြီး ခန်းဂျီးအသုံးပြုမှု နည်းလာတဲ့အတွက် ခန်းဂျီးကို မဖတ်တတ်သူ များလာတယ်လို့ ကိုးရီးယားသူငယ်ချင်းက ပြောပါတယ်။

ခန်းဂျီးနဲ့ ရင်းနှီးတဲ့ နိုင်ငံတောင် ခန်းဂျီးကို မှတ်ဖို့ ခက်ခဲတာမို့ မြန်မာနိုင်ငံလိုမျိုး ခန်းဂျီးမသုံးတဲ့နိုင်ငံကသူအဖို့ ခန်းဂျီးကို ခက်တယ်ထင်တာ မဆန်းပါဘူး။

Read More...

Friday, June 14, 2013

သတိပြုစရာ ဂျပန်အသံထွက်

ဂျပန်စကားရဲ့အသံထွက်ကို "(ဟီရ/ခါတ)ခါန"ကို အခြေပြုပြီး ၅၀ရှိတယ်လို့ ဆိုပါတယ်။

""五十音(ごじゅうおん)- အသံငါးဆယ်""

あ い う え お (အ အိ အု အဲ အို့)

か き く け こ (က ကိ ကု ကဲ ကို့)

さ し す せ そ (စ ရှိ စု စဲ စို့)

た ち つ て と (တ ချိ စွတ် တဲ တို့)

な に ぬ ね の (န နိ နု နဲ နို့)

は ひ ふ へ ほ (ဟ ဟိ ဖု ဟဲ ဟို့)

ま み む め も (မ မိ မု မဲ မို့)

や い ゆ え よ (ယ အိ ယု အဲ ယို့)

ら り る れ ろ (လ လိ လု လဲ လို့)

わ ゐ う ゑ を (ဝ အိ အု အဲ အို့)

Read More...

Sunday, June 9, 2013

မိုင်ကြက်သားသုပ်


(၄-ယောက်စာ)
ကြက်ပေါင်သား အရိုးထုတ် ၂ခု
ကြက်အသည်း ၄ခု
ဆင်ခေါင်းပဲ လက်တဆုပ်ခန့်
အာလူး ၃လုံး
ဂေါ်ဖီထုပ်
ကြက်သွန်နီ
ပဲအကျက်မှုန့်
သံပရာသီး
ပူဒီနာရွက်
ဆား၊ ဆနွင်း၊ ဂျင်း၊ ငံပြာရည်၊ မဆလာ - အနည်းငယ်စီ

Read More...

Saturday, June 8, 2013

2013/06/08

ဆယ်တန်းအောင်စာရင်းတွေထွက်ပြီတဲ့။ ရင်ခုန်တဲ့သူတွေ ခုန်နေကြတဲ့အချိန်ပေါ့။ ကိုယ့်တုန်းကရော? လွန်ခဲ့တဲ့ ၁၅နှစ်လောက်က။ ရင်ခုန်သလားဆိုတော့ ဟင်အင်းလို့ ပြောရမယ်။ အောင်မှာသိနေတာချည်းကို။ ဂုဏ်ထူးဘယ်နှခုရမှာလဲဘဲ သိချင်တာတခုဘဲ။ ၂ဘာသာက စာမေးပွဲဖြေပြီးကတည်းက ကိုယ့်ဘာတာ့ အမှတ်တွက်ပြီး သေချာတယ်။ ၃ဘာသာလောက်ပါရင်ကောင်းမှာလို့ မျော်လင့်မိတာတခုထဲ။ မပါတော့လဲ ဘာမှမဖြစ်ပါဘူး။ အစကတည်းက အများကြီးမှန်းဖြေတာမှ မဟုတ်တာ။ ဆေးကျောင်းတက်ရဖို့လဲ စိတ်မကူးပါဘူး။ သွေးသံတရဲရဲမှ မကြည့်ရဲတာကိုး။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP