အခုတလော နေရာအတော်များများမှာ သက်ကြီးပိုင်းဝင်စ ဇနီးမောင်နှံတွေက နှစ်ကိုယ်တူသွားလာ ဈေးဝယ်တာတွေ၊ သင့်သင့်မြတ်မြတ်နဲ့ ကျောပိုးအိပ်ကို ကျောမှာပိုးလို့ ပျော်ပွဲစားထွက်ကြတာတွေ လုပ်ကြတဲ့ ပုံပန်းသဏ္ဌာန်ကို မြင်မိပါတယ်။
ကံမကောင်းစွာနဲ့ အိမ်ထောင်ဖက်ဆုံးရှုံးသွားတဲ့သူလည်း ရှိတဲ့အတွက်ကြောင့် လင်မယားတူစုံ ဇရာပိုင်းကို ကြိုဆိုနိုင်တဲ့သူဟာ အတော်ကံကောင်းပါတယ်။
တကူးတကအခုအချိန်အထိ အသက်ရှင်သန်ခွင့်ရထားတာကြောင့် နောက်ပိုင်းကို တတ်နိုင်သလောက် အသက်ရှည်ရှည်နေသွားချင်တယ်ဆိုတဲ့ အသိစိတ်က အခုတလော ထူးထူးခြားခြား ဖြစ်ပေါ်နေတာလားမသိပါဘူး။ ဒါပေမယ့် ရွှင်လန်းတက်ကြွနေတဲ့ အမျိုးသမီးထုနဲ့စာရင် ဘာကြောင့်ရယ်မသိ အမျိုးသားထုက တခုခုမကျန်းမာမကြံ့ခိုင်ဘူးလို့ မြင်ရတယ်။
အင်းမ်...သတိရမိတာက ကျနော် သိပ္ပံပညာအစီအစဉ် "Ultra Eye"ကို အခမ်းအနားမှူးလုပ်တုန်း ပြုလုပ်ခဲ့တဲ့ စိတ်ဖိစီးမှုလက်တွေ့စမ်းသက်ချက်ကိုပါ။
စိတ်ဖိစီးမှုအပေါ်တုန့်ပြန်မှုက အမျိုးသားနဲ့အမျိုးသမီး ဘယ်လိုကွာခြားသလဲကို မျောက်နဲ့ သုတေသနပြု ရှာဖွေခဲ့ပါတယ်။ မျောက်က ရေအေးအေးထဲ အနှစ်ခံရရင် ကြီးမားတဲ့စိတ်ဖိစီးမှုဖြစ်ပါတယ်။ အဲဒါနဲ့ အသက်အရွယ်ရော ကိုယ်လုံးကိုယ်ထည်ပါ တူညီတဲ့ ကျန်းမာတဲ့ မျောက်အထီးနဲ့အမကို တစ်နာရီခွဲ ရေထဲနှစ်ပြီးနောက်ပိုင်း ကိုယ်တွင်းကြည့်မှန်ပြောင်းနဲ့ အစာအိမ်ကို ချောင်းကြည့်ပါတယ်။
ဦးစွာ မျောက်အမရဲ့ အစာအိမ်က ဒီအတိုင်း ဘာမှမပြောင်းလဲပါဘူး။ ဒါပေမယ့်လည်း မျောက်အထီးရဲ့ အစာအိမ်နံရံက အတော်လေး သွေးထွက်ထားပြီး အစာအိမ်နာရောဂါရဲ့ ရှေ့ပြေးလက္ခဏာလိုမျိုး ဖြစ်လာပါတယ်။ အမထက်ပိုပြီး အထီးက စိတ်ဖိစီးမှုအပေါ် ခံနိုင်ရေအားနည်းတာ တွေ့ရပါတယ်။
အဲဒီအကြောင်းအရင်းက အမျိုးသမီးမှာ ပါရိုဂျက်စတုန်းဟော်မုန်းရယ် အီစတိုဂျင်ဟော်မုန်းရယ် စတဲ့ အမျိုးသားမှာမရှိတဲ့ ဟော်မုန်းက စိမ့်ထွက်နေပြီး၊ စိတ်ပိုင်းဆိုင်ရာ သောကကို ဖြေလျှော့တာတွေ သွေးကြောရဲ့ ကျုံ့ဆန့်အားကို တင်းကြပ်အောင်လုပ်တာတွေ ရှိတဲ့အတွက်ကြောင့်လို့ ထင်ရပါတယ်။ စိတ်ဖိစီးမှုအပေါ် အမျိုးသမီးများက ကြံ့ခိုင်ကြပြီး၊ ဒါဟာ ကျားမ ပျမ်းမျှသက်တမ်းကွာခြားချက်အဖြစ် ဖြစ်ပေါ်လာပါတယ်။
စိတ်ဖိစီးမှုက အပေါင်းလက္ခဏာမဟုတ်ဘဲ အမြှောက်လက္ခဏာ(ဆပွါး)ဖြစ်တယ်လို့ ဆိုပါတယ်။
ကျေးဇူးပြုပြီး အမျိုးသားထုတတွေ စိတ်ဖိစီးမှုမှာ အားနည်းတတ်တာကို မှတ်သားပြီး၊ အသက်အရွယ်ရလာရင် မကြိုက်မနှစ်သက်တာတွေကို သည်းငြီးခံပြီး မပြုလုပ်စေချင်ပါဘူး။ စိတ်ဖိစီးမှုဖြေဖျောက်ဖို့ "ဆကဲ"ဖြစ်ဖြစ် ဂေါ့ဖ်ကစားတာဖြစ်ဖြစ် ကောင်းပေမယ့် အားလုံးကို ပျော်ပျော်ရွှင်ရွှင်ပြုလုပ်သင့်ပါတယ်။ မကြိုက်တဲ့ကောင်နဲ့ "ဆကဲ"သောက်တာတွေ ဇွတ်အတင်း ဂေါ့ဖ်အတူကစားတာတွေက စိတ်ဖိစီးမှုကို တိုးပွါးစေပြီး သက်တမ်းပါတိုသွားနိုင်ပါတယ်။
***[ရာမကာဝရှီဇုအို ဂျပန်စီးပွါးရေးသတင်းစာ 「မနက်ဖြန်အတွက်စပ်မိစပ်ရာ」 (1998.6.20) ]
အရင်ကသင်ယူလက်စတန်းလန်း ပစ်ထားသော Advanced Reading In Japanese စာအုပ်မှ စာတစ်ပုဒ်အား ပြန်ဖတ်ရင်း ဘာသာပြန်ကြည့်ပါသည်။

ストレスに弱い男
近頃は、いろんな場所で、初老夫婦が連れたって買い物したり仲良くリュックサックを背負ってハイケングに出掛けたりする姿を目にする。
不幸にも伴侶をなくしてしまった人もおられるのだから、夫婦揃って老境を迎えられた人は、かなり運のよかったのだ。
せかっくここまできたのだから、あとはできるだけ長持ちさせたいという意識が、このところ顕著に現れているかもしれない。が、はつらつとした女性陣に比べ、どうも男性陣はもうひとつ元気がないように見える。
それにつけても思い出すのが、かつて私が科学番組「ウルトラアイ」を司会してた頃に行ったストレスの実験である。
ストレスに対して反応は、男と女どう違うかを、猿に託して調べた。猿は冷たい水に浸けられるのが大変なストレスになる。そこで、年齢も体格も同じで元気なオスとメスの猿を、1時間半、水に浸けて、そのあと内視鏡で胃をのぞいて見たのである。
まずメスの胃はそのままで何も変化ない。だが、オスの猿の胃壁はかなり出血していて胃潰瘍の前兆のようになったていた。メスよりもオスの方がストレスに対して弱いのである。
その原因は、女性には黄体ホルモンとか卵胞ホルモンという、男性にはないホルモンが分泌され、心理的不安をやわらげたり、血管の弾力を強めたりしているかららしい。ストレスに関して女性の方が強く、それが男女の平均寿命の差となってあらわれている。
ストレスは足し算でなく掛け算でやってくるという。
どうか男性諸君、ストレスに弱いことを自覚して、年をとってからいやなことまでがまんしてやらないでほしい。ストレス解消に酒やゴルフもいいが、すべて楽しくするべきで、いやな奴と酒や無理なゴルフづきあいはストレスを増幅させ、寿命もちじめる。
***{山川静夫 日本経済新聞 「あすへの話題」(1998.6.20)より}
5 comments:
ဆီပုံးရှာမတွေ့ လို့  ဒီမှာဘဲရေး ခဲ့ တယ် နော်
လူတကာ အိတ်သွန်ဖာမှောက်နေကြတော့ ခေတ်မှီအောင် ဖွင့်လိုက်ပြီဗျို့  ကြော်ငြာ ချင်သလား ကွယ် ဗိုက်မနှိပ် ပါးစပ်မပြဲ မျက်ရည်မထွက် အသံမထွက်ထိန်းနိုင်ရင် လာခဲ့ပါ
အစ်မရေ ကျွန်တော်လဲ စိတ်ဖိစီးမှုပျောက်အောင် ဆကဲလေး သောက်လိုက်ဦးမယ် အဆင်ပြေပါစေဗျာ ..။
ကျန်းမာရေးနဲ့ပက်သက်တာတွေ ဖတ်ရလို့ကျေးဇူးပါ မမ။
ညီမရေ.. ဝေမျှပေးတာ ကျေးဇူးပါ။ မှတ်သားထားပါ့မယ်.. :)
လာလည်ပါတယ်၊ ဆီဗုံးမတွေ့လို့ ကွန်မန့်ပဲချခဲ့ရတယ်၊ အမြင်အေးဆေးတဲ့ ဘလော့ဂ်လေးပါပဲ၊
Post a Comment