Tuesday, December 4, 2007

"အုအဲနို"တိရစ္ဆာန်ရုံ



上野動物園 (うえの どうぶつえん) သွားလည်တုန်းက အမှတ်တရ ပုံတချို့ပါ။ အဝင်ဝမှာ များလိုက်တဲ့ လူတွေ။ ထောင်ချီရှိလိမ့်မယ်။ ဒါကိုတွေ့ရင် ဂျပန်လူဦးရေနည်းတာ ယုံနိုင်ဖွယ်မရှိဘူး။ စားသောက်တဲ့နေရာတွေမှာလည်း အပြည့်၊ ဆေးလိပ်သောက်တဲ့နေရာမှာလည်း ကျားကျားမမ အများကြီး။ ကျွန်မကတော့ ဆေးလိပ်နံ့ရရင် ထွက်ပြေးတယ်။


"ဟူး! အမြင့်ကြီး ပျံချင်လိုက်တာ"




"ကြင်နာတာလား? ကိုက်ဆွဲနေတာလား?"




"လောကကြီးက ဇောက်ထိုးကြီး"




"ဟိတ်! ပြုတ်ကျမှာ မကြောက်ဘူးလား"




"မြင်းလဲမဟုတ် မြည်းလဲမဟုတ်"




"တောထဲမှာတော့ ဘုရင်ပေါ့"




"ခုန်ကူးဖို့သစ်ကိုင်းက နဲလိုက်တာ"




"နေဦး! ပို့စ်ပေးလိုက်ဦးမယ်"




"ဟိုဘက်အခြမ်းနဲ့ ဒီဘက်အခြမ်း ကုန်းတံတားနဲ့ကူးတယ်"




"ကန်ထဲမှာ ငှက်တွေ ရေဘဲတွေ အများကြီး"




"ရေကူးလို့ မဝဘူး"




"ရေခဲတောင်ကလဲ အတုကြီး"




"တရေးတမော ခူး..... ခလော.... ခလော"




"ဝန်ပိုနဲ့ ကြိုးကြာငှက်"




"ဟေ့! ဘာလာကပ်ကြည့်တာလဲ"




"လိပ်ဘိုးဘိုး"




"မီယာကတ်လေး အမြဲမော့နေတာ မညောင်းဘူးလား?"




"ဘာကောင်လေးမှန်း မသိ! ယုန်လောက်တောင် မရှိတဲ့ သမင်အသေးစားမျိုးလေး"


ရိုက်လာတာ ပုံအများကြီးပေမယ့် ပုံတချို့ဘဲ တင်လိုက်တယ်။ ထူးခြားတဲ့ နို့တိုက်သတ္တဝါအသေးစားမျိုးတွေက မီးမှိန်မှိန် အခန်းလေးတွေထဲ ထည့်ထားတော့ သိပ်ရိုက်လို့မရဘူး။


7 comments:

Chit Lay Pyay said...

ညီမရေ ဂျပန်က တိရစ္ဆာန်ရုံကို လည်လည် လာသွားတယ်၊ ဓာတ်ပုံက label လေးတွေကြောင့် ပို အသက်ဝင်သွားတယ်၊ ပျော်စရာကြီးနော်၊ သူတို့ကတော့  သနားပါတယ်၊ သူတို့လဲ စကားပြောတတ်ရင် I want Freedom လို့ ပြောချင် နေမှာပဲနော်၊

မျှားပြာ said...

အစ်မရေ ပုံလေးတွေ အကုန်ယူသွားပြီနော် အစ်မလည်း တော်တော် ပျော်တတ်တယ်နော် ... ။ အဆင်ပြေပါစေဗျာ။

thamudayanwe said...

ညီမရေ..ကျေးဇူး

Red's Rose Dream said...

အမရေ ရှိသမျှပုံတွေအားလုံး
ကြည့်သွားတယ်။
မပေး ပေး
ပေး ပေး
ပေး။

သဇင်ဏီ said...

မရေ... တိရစ္ဆာန်ရုံကိုလာကြည့်သွားတယ်.. မြင်းလဲမဟုတ်ဆိုတာဘာကောင်တွေလဲဟင် ??

nu-san said...

ညီမလေးရေ.. တိရစ္ဆာန်ရုံထဲ လျှောက်ကြည့်လိုက်တယ်.. ueno ပန်းခြံထဲတော့ ရောက်ဖူးတယ်.. တိရစ္ဆာန်ရုံထဲ မ၀င်ဖူးဘူး. အခုတော့ သွားစရာမလိုပဲ ဓာတ်ပုံတွေ ကြည့်လိုက်ရပြီ..:)

လင်း said...

ဓါတ်ပုံတွေအတွက်ကျေးဇူးပါ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP