Thursday, February 7, 2008

ဘဝလက်တွဲဖော်


အိမ်ခဏခဏပြောင်းလို့ မနည်းလိုက်ရှာရတဲ့ မလေးမဘလော့ကို ရှာဖွေပြီးသွားမိတာ ရောက်တော့ အားပါးပါး ဘဝလက်တွဲဖော် (၁)(၂)(၃) ရေးပြီးတတ်ထားတာ လူတွေအများကြီးဘဲ။ ကိုယ့်နာမည်ပါတွေ့လိုက်တော့ မျက်ခုံးပင့်မိသလို ပါးစပ်လဲ ဟမိသွားသလားဘဲ။ ဘယ့်နှယ့်ရေးရပါ့။ "ဘဝလက်တွဲဖော်"ကို ကြီးကြီးကျယ်ကျယ် ကန့်သတ်မထားမိတာ အမှန်ပါဘဲ။ အစွဲအလမ်းကြီး၊ စိတ်ပျော့တတ်တဲ့သူမို့ လူတစ်ယောက်ကို ချစ်ဖို့ စိတ်မကူးခဲ့တာလဲပါတယ်။ အပျိုကြီးလုပ်ဖို့လဲ မဆုံးဖြတ်ထားပါဘူး။ ဖူးစာပါရင် အိမ်ထောင်ကျမယ်လို့ဘဲ တွေးခဲ့တယ်။ အခု tagလာတော့ ခပ်ငယ်ငယ်တုန်းက စိတ်ကူးဖူးတာလေးတွေ ပြန်စဉ်းစားလိုက်ရတယ်။ ကိုယ်တိုင်ကလည်း 100% pertect မဟုတ်လို့ တဖက်သားကိုလည်း အရမ်းကာရော စည်းမျဉ်းမချပါဘူး။

အချစ်

၁။ သူက ကိုယ့်ကို ချစ်ရမည်။ ကိုယ်ကလည်း သူ့ ကို ချစ်ရမည်။ (သူချစ်ကို ပိုသဘောကျပါတယ်။ သင်ကောင်းလျှင် သင့်ထက်ပိုကောင်းပြမယ့်သူ မို့လို့ပါ။)

ဘာသာနှင့် လူမျိုး

၂။ ဗုဒ္ဒ္ဓဘာသာ ဖြစ်ရမည်။ မြန်မာလူမျိုးစစ်စစ်ဖြစ်ရမည်လို့ မကန့်သတ်ပါ။ (ကိုယ်တိုင်လည်း ဟိုစပ်ဒီစပ်များလွန်းလို့။) ဒါပေမယ့် ကုလားလုံးဝမဖြစ်ရပါ။

ပညာအရည်အချင်း၊ အကျင့်စရိုက်

၃။ ကျမထက် မတော်တာတောင် မညံ့ရပါ။ အရမ်းကြီးလည်း မတော်ရပါ။ (မဟုတ်ရင် လိုက်မမှီတာတွေ ဖြစ်နေရင် အားငယ်မိမှာ။)

၎။ ရိုးသားရမည်။ ရိုင်းစိုင်းသူမဖြစ်ရ။ အမေ့ကိုလဲ ရိုသေရမည်။ (အမေ့ကို မရိုသေလို့ကတော့ လုံးဝခွင့်မလွှတ်ပါ။)

ရုပ်ရည်၊ အရပ်အမောင်း၊ အသားအရည်

၅။ မချောလွန်းရ။ ကိုယ်တိုင်လည်း မလှသောကြောင့် ချောလွန်းရင် မကြိုက်ပါ။ (တော်ကြာ အမြဲစိတ်ပူနေရပြီး နှလုံးရောဂါ ရနိုင်ပါတယ်။)

၆။ ခပ်မြင့်မြင့်ကို သဘောကျပါတယ်။ (အဖေ့အရပ်က အမေ့ထက် ခေါင်းတစ်လုံးစာပိုမြင့်တာကို ကြည့်ပြီး အရပ်မြင့်တာ သဘောကျတာကြောင့်ပါ။)

၇။ ကျမက ညိုသူဖြစ်တော့ ကျမထက် အသားမဖြူရပေါ့။

အသောက်အစား

၈။ ဆေးလိပ်မသောက်သူဖြစ်ရမည်။ (ဆေးလိပ်အနံ့လုံးဝမခံနိုင်ပါ။)

၉။ အရက်သမားမဖြစ်ရ။ (တခါတရံသောက်သည်ကို ခွင့်လွှတ်လို့ရသော်လည်း အရက်စွဲခြင်းကိုတော့ သည်းမခံနိုင်ပါ။)

၁၀။ လောင်းကစားသမားလည်း မဖြစ်ရပါ။

အသက်

၁၁။ ကျမအသက်ထက် အလွန်ဆုံး ၅နှစ်ကြီးသူဖြစ်ရမည်။ (အိမ်ထောင်ရေးမှာ အိမ်ထောင်ဦးစီးက အသက်ပိုကြီးမှ ဦးဆောင်လမ်းပြဖြစ်နိုင်တယ်လို့ တွေးမိလို့ပါ။) ငယ်ရင်မကြိုက်ပါ။ (ကိုယ်ကဦးဆောင်ရမည်ကို မလိုလားပါ။)

အလုပ်

၁၂။ အလုပ်လက်မဲ့မဖြစ်ရ။

ကိုယ့်ဘက်ကရော_______
အချစ်

၁။ အချစ်… မေတ္တာ..သစ္စာ…လေးစားမှု တို့ကို ဖောဖော သီသီ ပေးနိုင်သည်။

အကျင့်စရိုက်

၂။ ရိုင်းစိုင်း ကြမ်းကြုတ်သူ မဟုတ်ပါ။

၃။ သူ၏ မိဘ နှစ်ပါးကို ရိုသေပါမည်။

၎။ တော်ရုံသင့်ရုံထက် အလွန်အကျွံ ပူဆာခြင်းမျိုးမလုပ်ပါ။

၅။ အိမ်တာဝန်များကို စိတ်ပါလျှင်လုပ်မည်ဖြစ်ပြီး စိတ်မပါလျှင် ပစ်ထားလို့ရသည်များကို ပစ်ထားပါမည်။ (ထမင်းငတ်အောင်တော့ မလုပ်ပါ။ ကိုယ်ရှင်းထားသည်များကို သူဖွလျှင် သူ့ထက်နှစ်ဆ ပြန်ဖွပါမည်။)

၆။ စကားအထအနကောက်ပြီး စိတ်ကောက်တတ်ပါသည်။ (စိတ်ကောက်လျှင် စကားလုံးဝ မပြောတော့ပါ။ ကြာရှည်တော့ မကောက်တတ်ပါ။)

၇။ အလွန်ရစ်တတ်ပါသည်။ (အမေနှင့် အရမ်းခင်သော သူငယ်ချင်းတချို့ကိုပါ။ ချစ်လို့ ခင်လို့ ရစ်တာပါ။ သိပ်မခင်လျှင် စကားတောင် ဟဟ မပြောပါ။ နင်အရစ်ခံရတာ အတော်ခင်ခံရလို့ဟု သူငယ်ချင်းမှ မှတ်ချက်ပေးဘူးပါသည်။ မတတ်နိုင်ပါ။ လက္ခဏာမှာကိုက အတော်ရစ်သူလို့ ပါနေတယ်ဆိုပါတယ်။)

၈။ အချော့ အတော်ကြိုက်ပါသည်။ အစအနောက်သန်ပါသည်။ (အထက်ကလိုပင် ခင်မင်သူများကို ပျော်စေချင်လို့ နောက်တတ်ပါတယ်။)

၉။ ကိုယ်မဟုတ်တာမလုပ်ဘဲ အပြောအဆိုခံရလျှင် အရွဲ့တိုက်တတ်ပါသည်။ (တရားလွန်ချုပ်ချယ်ခြင်းမျိုး မကြိုက်ပါ။)

လောင်းကစား ၊ အသောက်အစား

၁၀။ ဘာလောင်းကစားမှ မလုပ်ပါ။ ဆေးလိပ် ၊ အရက် ၊ ဘီယာ ၊ မူးယစ်ဆေး သုံးစွဲသူမဟုတ်ပါ။ (သူသောက်လျှင်တော့ သူ့ထက်ပြန်သောက်ကာ ရစ်ပါမည်။)

အလုပ်

၁၁။ မောင် တစ်ထမ်း…. မယ်တစ်ရွက်ဖြစ်စေရပါမည်။

၁၂။ အိမ်ထောင်တာဝန် ကျေပွန်အောင်ကြိုးစားပါမည်။


လက်ရှိတော့လား။ ဟီးးးးး မကိုက်ညီတဲ့ တချို့အချက်လေးတွေရှိပေမယ့် ဆိုးဆိုးရွားရွားကြီးမဟုတ်ပါ။ ဥပမာ- အရပ်သိပ်မမြင့်တာမျိုး၊ အသားပိုဖြူတာမျိုး နဲ့ အသက်နဲနဲငယ်တာမျိုးပါ။ (သူ့ဘာသာ အသက်မပြည့်ခင် ကျောင်းခိုးတက်လို့ အတန်းတူတွေဖြစ်သွားတာ။ လပိုင်းငယ်ပေမယ့် လုံးဝတော့ မချီပါဘူး။ ကိုယ်ကဘဲ မှီတာ။) :P

ပြန် tag ဖို့ အားနာတာရယ်၊ မလေးမ tagထားတာ လူကုန်သလောက်လဲရှိပြီမို့ ဘယ်သူ့ကိုမှ ထပ်မtagတော့ဘူးနော့။

12 comments:

thamudayanwe said...

ဘယ်ရမလဲ..ဦးအောင်လာဖတ်တယ်ကွ...
ဟီးဟီးးးး
ကောင်းပါပေ့...
ဖူးစာဆိုတာ လုပ်ယူလို့မရဘူးလေ..
ကိုယ်ဘာတွေသတ်မှတ် သတ်မှတ် ဟုတ်တယ်ဟုတ်
ဘ၀နဲ့ဆန္ဒ ကျသွားတဲ့အခါ ရှိသလို မကျတော့လဲ ပျော်နေတာပဲမှတ်လား
ဒါပဲလေ..
အိုအောင်းမင်းအောင် ပျော်ရွှင်စွာ ပေါင်းဖက်၍ အစဉ်သာယာကြပါစေ...

Chit Lay Pyay said...

ဟားဟား မိုက်တယ်ကွာ၊ ရစ်တတ်တယ်တဲ့၊ ပြဿနာပဲ၊ ဟိုတယောက်တာ့ သနားပါတယ်၊ စိတ်ကလဲ ကောက်တတ် သေးတယ်တဲ့၊ မလွယ်ဘူးနော်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူချစ် ကိုယ်ချစ် ဖြစ်ဖို့ က အဓိကပါ၊ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေး ဖြစ်ပါစေကွယ်၊

မျှားပြာ said...

သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေး ဖြစ်ပါစေ အစ်မမြရွင်ဝေရေ ..။

မျှားပြာ said...

မှားသွားလို့ အဟီး အစ်မမြရွက်ဝေလို့ ပြောတာ

Winkabar said...

အားကျစရာပါပဲအစ်မရယ်။ ပျော်ရွှင်ပါစေနော်။

Layma said...

ရေးပေးတာ ကျေးဇူးပါ မမြရွက်ရေ..။
စိတ်ကူးနဲ့ လက်တွေ့  ကွာဟမှုနည်းတာ ၀မ်းမြောက်စွာ..သာဓုခေါ်...အဲလေ...၀မ်းသာပါတယ်..။သာယာသော ဘ၀ ...ခိုင်မြဲပါစေ...။

မေပျို said...

မမမြရွက်ဝေတို့ကတော့ မိုက်တယ်နော်။ ရစ်လည်း ရစ်တတ်သေးတယ်။ ငယ်ပေမယ့်လည်း ကိုယ်ကပဲ မှီရတယ်ဆိုတော့ ကောင်းတာပေါ့နော်။ ပျော်ရွှင်ပါစေ။

လေးစားစွာဖြင့်
မေပျို

pandora said...

ဟဲဟဲ သိသွားပြီ

nu-san said...

ညီမလေးရေ... သောက်ပြီးပြန်ရစ်တတ်တယ်လား.. :D :D

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ရေးလေးဖြစ်ပါစေ ညီမလေးရေ... 赤ちゃん လေးတွေနဲ့အတူပေါ့... ဟုတ်လား.. :)

မြရွက်ဝေ said...

ဆုတောင်းပေးတဲ့သူ အားလုံး အားလုံး ကျေးဇူးအများကြီးတင်ပါတယ်။ တောင်းပေးတဲ့ဆုနဲ့ ပြည့်ဝရပါလို၏။ :)
♪♪ ♫ ♪ ♫ ☺ ဒီဘဝ ရစ်ရမှနေပျော်မှာ ☺ ♫ ♪♪ ♫

မင်းကျန်စစ်။ said...

မှီသာမှီပလိုက် သက်တာတာပေါ့ :) ပျော်ရွှင်သော လက်တွဲဖော်လေးတွေ ဖြစ်ပါစေ အမရေ..

NwayLeL said...

ချစ်စရာကလေး ဟိုအရင် တုန်းကပို့စ် နဲ့ တွဲဖတ်မိတော့ ပိုပြီးရုပ်လုံးပေါ်လာတယ် ။ ဗျာ ဗျာ ဗျာ ဆိုတဲ့ ပို့စ်မျိုးလေးလည်း ရေးပါအုန်း မို့လေးရေ ..

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP