Saturday, February 13, 2010

ချစ်တူမလေး



မနေ့က ဖေဖော်ဝါရီ ၁၂ရက်နေ့ ပြည်ထောင်စုနေ့ ည၉နာရီ ၄၅မိနစ်မှာ အမက သမီးဦးလေးကို သဘာဝအတိုင်း မွေးဖွားခဲ့တယ်။ အမေရော ကလေးပါ ကျန်းကျန်းမာမာမို့ စိတ်ချမ်းသာပါတယ်။ တူမလေးက ၆.၉ပေါင် (၃.၁ကီလို) ရှိတယ်။ အရပ်အရှည်ကတော့ မတိုင်းပေးလို့ မသိရသေးပါဘူး။ နီတာရဲလေးမို့ အသားဖြူမယ်ထင်တယ်။ အမအပြောအရ ဆံပင်မထူမပါးနဲ့ အဖေတူစွာ မျက်ရစ်မရှိဘူးတဲ့။ ကျမကြည့်တာတော့ အမနဲ့ ပိုတူပါတယ်။ မျက်နှာဝိုင်းတာရော မျက်ခုံးပုံရော။ မွေးခါစပေမယ့် သူ့ကိုဓာတ်ပုံရိုက်တော့ ရိုက်တဲ့ဘက်ကို လိုက်လှည့်ကြည့်နေတယ်လို့ မောင်လေးက ပြောတယ်။ မောင်လေးလဲ ဦးလေးဖြစ်၊ ကျမလဲ အဒေါ်ရာထူးတိုး အမေလဲ အဖွားဖြစ်ပြီ။ နယ်မှာနေတဲ့ အဖွားလည်း အဦးဆုံး မြစ်မကလေးရသွားပြီ။ အမေ့ဘက်က မွေးတဲ့ ဝမ်းကွဲတွေထဲ ကျမတို့အပါအဝင် မောင်နှမဝမ်းကွဲ၁၄ယောက်လုံးကို ကြီးစဉ်ငယ်စီလိုက်ရင် အမက အကြီးဆုံးပါ။ ဒါကြောင့် အမရဲ့ကလေးက "သမီးဦး မြေးဦး မြစ်ဦး"လေးပေါ့။ မနေ့ညနေကတည်းက အိမ်ကို ဖုန်းခေါ်လိုက် အခြေအနေမေးလိုက်နဲ့ လည်ပင်းရှည်နေမိတယ်။ ည၂နာရီ ခွဲမှာ အမနဲ့ ဖုန်းပြောလိုက်ရတာကြောင့် စိတ်အေးလက်အေး ဖြစ်သွားတယ်။ မနက်နိုးတာနဲ့ မောင်လေးပို့လာမယ့် ဓာတ်ပုံကို မျှော်နေမိတာ။ တူမအချောပုံလေးကို ကြည့်မဝဘူး။ ကျမတို့အားလုံးမှာ အိမ်ခေါ်အမည်သပ်သပ်စီရှိတာကြောင့် တူမလေးအတွက် အိမ်ခေါ်အမည် စဉ်းစားလိုက်ဦးမယ်။ ကျမရဲ့ အိမ်ခေါ်အမည်ကလည်း အဒေါ်တွေပေးထားတာတဲ့လေ။

10 comments:

ThuHninSee said...
This comment has been removed by the author.
ThuHninSee said...

ချစ်စရာလေး။ အရပ်ရှည်မယ်ထင်တယ်။ တူမလေးရတာ ပျော်စရာကြီး တူမလေးအရမ်းလိုချင်တာ။ မမွန် အစ်မမွေးလိုက်တာ သားတွေချည်းပဲ။

ShwunMi- said...

ချစ်စရာလေး

ShwunMi- said...

ရုပ်ချောချော မျက်လုံးအစ်အစ်လေး ထင်တယ်း)

T T Sweet said...

ခလေးလေးက ချစ်စရာလေး။
အစ်မလဲ သမီးလေးမရခင်က အကိုကြီးကမွေးတဲ့တူမလေးကို သိပ်ချစ်ခဲ့တာ ... တူမလေးဆိုတာ သမီးလေးလိုပါပဲ ... ခုတော့ ကြီးပြီ ...

khin oo may said...

အားလုံးခြုံဖတ်သွားသည်။

congratulation's!

Unknown said...

ကလေးမြင်ရင် မချစ်ဘဲနဲ့ မနေနိုင်ဘူး။
အခု တူမလေးက မွေးကာစလေးဆိုပေမယ့် သူက အားလုံးကို သိနေသလိုပဲနော်။ လိုက်ကြည့်နေတာ။
အိုမဲဒဲ့တိုနော်။
ကလေးနာမည်ရွေးပြီးရင်လည်း ပြောပြဦးနော်။
ကင်မွန်းတပ်ဆိုပြီး ဖိတ်ဦးနော် :P
ရွက်ဝေလက်ရာလည်း မစားရတာကြာပြီ။
ချက်ပါဦးနော်။

GreenGirl said...

အဒေါ်အဖြစ်ရာထူးတိုးပြီးရင် အမေအဖြစ် ရာထူးတိုးဖို့ကျန်သေးတယ် :P

ကျော်နှင်းဆီလွင် said...

ဒေါက် ... ဒေါက်
;)
ဒီခလေးကိုသိပ်အသဲယားတာပဲ
ချစ်စရာလေး

ဂယကျ said...

နာ့ တူမလေး ... ကွ ..
သူ့အမေလိုပဲ မျက်နှာကလဲ ပြောင်တယ်

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP