Saturday, July 30, 2011

င-ငါးဖယ်

အုအဲနိုမှာ ဈေးဝယ်ရင်း စိတ်ရှည်လက်ရှည် လိုက်စပ်စုလိုက်တာ ငါးဖယ် ရှာတွေ့လာတယ်။ ငါးဖယ်စားချင်လို့ လိုက်ရှာနေတာ ကြာပေါ့။ ဒီမှာရတဲ့ ငါးဖယ်ကြော်နဲ့ ဆင်တဲ့ "စစွတ်မအဂဲ" (satsumaage) ဆိုတာ ဝယ်စားကြည့်တာ ဘယ်လိုမှ မကြိုက်ဘူး။ ချိုရဲရဲကြီးမို့ ငါးအရသာ မရဘူး။ ရေခဲရိုက် fish ball ကိုဘဲ ငါးဖယ်အစားထိုး ချက်စားဖြစ်တယ်။ ဒီတခါတော့ ဆိုင်ထဲမှာ စိမ်ပြေနပြေ တခုပြီးတခု ကိုင်လိုက်ချလိုက်လုပ်ရင်း ငါးဖယ်နဲ့ဆင်တဲ့ပုံလေး သွားတွေ့တယ်။ အတော်ကို ပျော်သွားတာ။ ထိုင်းကသွင်းတယ်။ အနောက်ဘက်မှာတော့ ဂျပန်လို ငါး100%လို့ ရေးထားတယ်။ ငါးဖယ်ကို ဂျပန်လို "နာဂိနာတ နာမဇု" (ナギナタナマズ)လို့လဲ ခေါ်တယ်။



အိမ်ရောက်တော့ စပါးလင်ညက်ညက်လှီး ဆား ဆနွင်းထည့်ပြီး ဇလုံထဲ လက်ညောင်းအောင် ပေါက်လိုက်
တယ်။ ငရုတ်ဆုံ ရှိဘူးလေ။ ရှိလဲ ထောင်းရဲပေါင်၊ အပေါ်ထပ်မှာနေတော့ အောက်ဘက်မှာနေသူတွေ အနှောင့်အယှက်မဖြစ်အောင် သတိထားရတယ်။ စီးလာအောင် ပေါက်ပြီးသကာလမှာ အလုံးလေးတွေလုံးတယ်။ စားရတာနဲ့မကာမိအောင် အတော်အလုပ်ရှုပ် အချိန်ကြာတာဘဲ။ ပြီးတော့ ဆီပူထဲထည့်ကြော် အအေးခံလိုက်တယ်။ ဝမ်းသာအားရ အရသာမြည်းကြည့်တော့ ငါးဖယ်စစ်စစ်နဲ့ သိပ်မတူလှဘူးရယ်။ တခုခုရောထားသလိုဘဲ။ သိပ်မစီးဘူး။ မစားရတာနဲ့စာရင်တော့ တော်ပါသေးတယ်။


ခရမ်းချဉ်သီးနဲ့ချက်ပြီး နံနံပင်လေးအုပ်လိုက်တော့ ငါးဖယ်ဟင်းလေးဖြစ်သွားတာပေါ့။ ဒိုးဇို~ :)


6 comments:

ThuHninSee said...

ဟယ်....ငါး.....ဖယ်..(အသက်ရှုခန ရပ်သွား...)

Unknown said...

ပို.စ်အသစ်တက်လို.အပြေးလာကြည်.ပါ၏်။ဘလော.ပို.စ်လေးပြန်ဖတ်ရတဲ.အတွက်ဝမ်းသာပါ၏။ ငါးဖယ်ရှာလွယ်တဲ.လမ်းညွှန်လေးပေးတဲ.အတွက်ဝမ်းသာပါ၏။ထို.ကြောင်. ၂ဝမ်းသာပါ၏။ :)

ကျော်နှင်းဆီလွင် said...

ရှယ်ပဲ။ စားချင်စရာ။ တို့လည်းလုပ်စားကြည့်ဦးမယ်။
မစီးတာက မထောင်းလို့ထင်တယ်နော်။
မြန်မာပြည်မှာလည်းမေက ငါးဖယ်ချက်ရင် စီးလာအောင်ထောင်းမှ စားလို့ကောင်းတာ
:))

စန္ဒကူး said...

ငါးဖယ်ရှာလို့တွေ့လို့တော်သေး..
ဒီမှာတော့အရိပ်တောင်မမြင်ရဘူးရယ်...
အဲလိုချက်ထားပြန်တော့ မစီးရင်တောင်စားကောင်း မယ့်ပုံပါ မမရဲ့..း)

nu-san said...

စားချင်လိုက်တာ.. မစားရတာ ကြာလှပေါ့ကွယ်.. ဒီက ထိုင်းဆိုင်မှာကလေ အဲဒီလိုမျိုး မတွေ့ဘူး သူတို့စားနေကျ အရွက်တွေ ရောထားပြီး ဆုပ်ထားတဲ့ ငါးဖယ်တွေတော့ တွေ့တယ် ညီမ.. အမက အခုလို ငါးဖယ်ချည်းပဲ လိုချင်တာ.. ဟင်းချက်ထားတာ ကြည့်ပြီး စားကောင်းမယ့် ပုံ.. ရှလွတ်..

မြရွက်ဝေ said...

မမွန် ---> ခဏနား၊ အသက်ဝအောင်ရှူ ပြီးမှကြည့်နော်။ :))

Monmon Yoko ---> ဒါဆို၂ထပ်ကွန်း ကျေးဇူးတင်ပါတယ်။ :)

Kyaw Hnin Se Lwin ---> မထောင်းတာထက် ဂျုံအရောပါနေလို့ မစီးတာလားလို့ ထင်မိတာ။

မစန္ဒကူး ---> ထိုင်းစားသောက်ကုန်သွင်းတဲ့ဆိုင်တွေမှာ ရှာရင်ရမယ်ထင်တယ်။

မနုစံ ---> ဒီတခါ အမပြောတဲ့ အရွက်ရောထားတဲ့ လုပ်ပြီးသားဟာ ဝယ်လာကြည့်တယ်။ မချက်စားကြည့်ရသေးဘူး။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP