တိုဟူး သူများတွေ လုပ်တတ်ပေသိ ကိုယ်မလုပ်တတ်သေးဘူး။ စားချင်တော့လဲ အင်တာနက်က သင်ဆရာ မြင်ဆရာ တွေဆီလိုက်ရှာဖတ်ပြီး စမ်းကြည့်တယ်။ သူငယ်ချင်းလုပ်တာ အောင်မြင်တယ်ဆိုလို့ သူ့နည်းအတိုင်း လိုက်လုပ်ကြည့်ပါတယ်။
ဒါက ပထမအကြိမ် လုပ်ကြည့်တာပါ။ မွှေးပဲစိမ်းမှုန့်ထုပ်ကို ဆန်ချိန်ခွက်ထဲ ထည့်ချိန်တာ ၂ခွက်စာလောက်ရှိတယ်။ ဒီတော့ ရေကို သုံးဆဆိုတော့ ၆ခွက်ထည့်ရမှာပေါ့။ သိပ်ရေများနေမှာစိုးပြီး ၅ခွက်ကျော်ကျော်လေး ထည့်ဖျော်တယ်။ တနာရီကျော်ထားလဲ အပေါ်ယံအရည်ကြည်က တက်မလာဘူး။ ရောနေတယ်။ စောင့်ရတာ စိတ်မရှည်သူဆိုတော့ ကဲလေဟယ် ဆိုပြီး အကုန်အိုးထဲထည့်ကျိုလိုက်တယ်။ ဘယ်အနေလောက် ချရမှန်းမသိဘူး။ နာရီကြည့်ရင်း မွှေရင်း ၁၅မိနစ်လောက်နေတော့ ချပြီး အအေးခံလိုက်တယ်။ တိုဟူးဖြစ်သွားပါတယ်။ သုပ်စားလို့တော့ အနေတော်ပါ။ သို့ပေသိ အကြော်ကြိုက်တဲ့ အိမ်ကြီးရှင်အတွက် ကြော်တဲ့အခါ အလယ်ခွဲထားတဲ့နေရာက တိုဟူးတွေ ပျော်ထွက်လာတယ်။ ရေမကုန်သေးတဲ့သဘောမှာ ရှိတယ်။
ယနေ့ ၂ကြိမ်မြောက် စမ်းပါတယ်။ နက်ထဲ ထပ်လိုက်ရှာဖတ်ပါတယ်။ ဒီတခါ ကိုညီမူရာနည်းကို မှီးပါတယ်။ မွှေးပဲစိမ်းမှုန့်တထုပ်၊ ရေ ၂ဆခွဲ၊ ဆား ဆနွင်း နဲနဲစီနဲ့၊ ပဲစိမ်းနံ့ပျောက်အောင် ဂျင်းရည်နဲနဲ ညှစ်ထည့်လိုက်တယ်။ နာရီဝက်လောက်ပစ်ထားလိုက်တယ်။ နောက် အိုးထဲလောင်းထည့်ပြီး မီးပြင်းပြင်းနဲ့ တမိနစ်တည်တယ်။ အလယ်အလတ်မီးနဲ့ ၂မိနစ်။ အဲဒီကနေ ပျစ်ခဲလိုက်လာလို့ အမြန်မွှေပေတော့ဘဲ။ မီးအား လျော့လျော့နဲ့ ၃-၄မိနစ်မွှေတည်ပြီး ဆီသုတ်ထားတဲ့ ဗန်းထည် ထည့်အအေးခံလိုက်တယ်။ jan~jann~~!! လိုချင်တဲ့ တိုဟူး ရပြီ။
ဒီတခါကြော်တာ အလယ်က တိုဟူးတွေ စီးမထွက်တော့ပါဘူး။ ပိုစားလို့ကောင်းတယ်လို့ ချီးကျူးခံရတယ်။ အဟေ ;) ဒီတခါ သိသွားပြီ။ ကြော်စားဖို့ဆို တိုဟူး ခပ်တင်းတင်းလေးမှ အဆင်ပြေတယ်ဆိုတာကို။ တိုဟူးကြော်တာ ဆီအတော်ကုန်ပါတယ်။ ဆီတော်တော်စုပ်တာကိုး။ ကယ်လိုရီကြောက်သူများ သုပ်စားဖို့ အကြံပြုပါတယ်။
ဘာဘဲပြောပြော အင်တာနက်ပေါ်က မြင်ဆရာများကို ကျေးဇူးအများကြီးတင်ပါတယ် "အာရိဂတိုး ဂိုဇိုင်းမတ်စု"

7 comments:
ပညာပိုရသွားပြီ
ဟုတ်တယ် တိုဖူးကကြော်မယ်ဆိုရင် ရေခန်းပီးပျစ်အောင်ကျို မာမာလေးအခဲခံရဒယ်
ရှမ်းတိုဖူးပျော့လိုသုပ်စားမယ်ဆို ရေများများနဲ့မှ အိတုံလေးဖြစ်ဒါ မြရွက်စမ်းသပ်ချက်အရ ပိုပေါက်သွားဘီ :)))
look delicious!!!
ဟယ်......စားချင်စဖွယ်
မြရွက်ဝေ ပို.စ် အသစ်ရေးပါဦး ။ နေကောကောင်းရဲ.လား ။ ပိုစ်.အသစ်တွေမျှော်နေမယ်နော်။
ကျန်းမာပျော်ရွှင်ပါစေ.........
မမြရွက်ဝေရဲ့တိုဖူးလေးက စားချင်စရာလေး...။ တိုဖူးကိုအလွယ်တကူဝယ်လို့ရတော့ အဲလို ကိုယ့်ဘာသာတခါမှမကျိုဖူးသေးဘူး...။ စမ်းကြည့်ဦးမယ်..။
တို့ဟူးလေး မြည်းစားသွားပါတယ်။
lote lo ma ya bu ma...
they are so soft :(
Post a Comment