အိမ်ကို လွမ်းပြီး စာရေးချင်စိတ် မဝင်တာနဲ့ မရေးဖြစ်တာတောင် ကြာသွားပြီ။ ဘလော့ကိုတော့ရောက်ပါတယ်။ စာရေးဖို့ကြိုးစားရင်း လမ်းချော်ပြီး "ထမင်းဘူး"ဘလော့က cboxအတွက် အလုပ်မလုပ်တော့တဲ့ ပုံတွေကိုဖြုတ်၊ ပုံအသစ်တွေ uploadလုပ်လိုက်တာ ရွာပတ်ပြီး တရက်အချိန်ကုန်သွားပါရော။ "မြရွက်ဝေ"ဘလော့အတွက် ဘာမှမလုပ်ဖြစ်တာနဲ့ တခုခုတော့လုပ်မှလို့ တွေးပြီး အမြဲတမ်းကြည့်ဖြစ်တဲ့ ဂျပန်ဖက်ရှင်ဆိုက် "http://www.style-arena.jp/en/"ကို ဘေးကလင့်မှာ ထပ်ထည့်ဖြစ်တယ်။ အဲဒီဆိုက်က တိုကျိုက ဖက်ရှင်နဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ "ဟာရဂျုကု" "ရှီဘူရာ" "အိုမိုတဲ့စန်းဒိုး" "ဒအိကန်ရာမ" "ရှင်းဂျုကု" စတဲ့ ၅နေရာက လမ်းသွားလမ်းလာတွေကို ဓာတ်ပုံရိုက်ပြီး အပတ်တိုင်း သောကြာနေ့မှာ အသစ်တင်ပါတယ်။ အဲဒီပုံတွေနဲ့ စာအုပ်လဲ ထွက်တယ်။ ကျမကတော့ အင်တာနက်မှာ အလကား ကြည့်လို့ရနေတာမို့ စာအုပ်မဝယ်ပါဘူး။ ဘယ်လို ဝတ်စားရမယ်မှန်း မသိတဲ့အခါ အဲဒီဆိုက်ကို ဖွင့်ဖွင့်ကြည့်ရတယ်။ ဒါက ဘလော့ကို ပစ်မထားကြောင်း ကြော်ငြာဝင်တာပါ။
ဒီရက်ပိုင်းကလည်း မိုးလေးတဖျောက်ဖျောက်ရွာလိုက်နဲ့မို့ တယောက်ထဲ ပျင်းပြီး တောင်တွေးမြောက်တွေးနဲ့
တနင်္လာနေ့ အတန်းမှာ သယ်ရင်းတွေနဲ့ တွေ့တော့ ကြာသပတေးနေ့ စုဖြစ်မယ်ထင်တယ်ဆိုပြီးမှ ညဘက်ကျမှ ဖုန်းဆက်လာပြီး ဗုဒ္ဓဟူးနေ့ လာခဲ့မယ် ဖြစ်သွားတယ်။ နောက်ရက်မှာ ကမန်းကတန်း ဈေးဝယ်ထွက်ရတယ်။ လိုချင်တာတွေ လှည့်ပတ်ဝယ်ရင်း အထုပ်တွေက တနင့်တပိုးဖြစ်သွားတယ်။
ထမင်းဘူးအတွက် စိတ်အေးရပေမယ့် အိမ်သန့်ရှင်းရေး မလုပ်နိုင်တော့ဘူး။ ခြေထောက်က အတော်ညောင်းနေပြီ။ ဈေးပတ်ဝယ်နေတာက ၃နာရီလောက်ကြာတယ်။ ဟင်းချက်တာ မတ်တတ်မတ်တတ်နဲ့ ၂နာရီ ဒီခြေထောက်မှ မညောင်းရင် ဘယ်ခြေထောက် ညောင်းဦးမလဲလေ။ ဒီတော့ အိမ်သန့်ရှင်းရေးကို နောက်ရက်မနက် ရွှေ့လိုက်တယ်။ သယ်ရင်းတွေက ၁၀နာရီလာမယ်ဆိုတော့ သူတို့မလာခင် အမြန်လေး ကားပတ်အခင်းတွေကို ဖုန်စုပ်
သယ်ရင်းသုံးရောက်စလုံး တရုတ်တွေဆိုတော့ သူတို့ဟင်းနည်းတွေ ကြည့်ပြီး နောက်ချက်စားကြည့်ဖို့ မှတ်ထားလိုက်တယ်။ ကျမက ကြာဇံဟင်းခါးချက်ပြီး "ဝဥ"သုပ်တယ်။ သူတို့စားနိုင်ပါ့မလားလို့ စိတ်ပူနေတာ။ တယောက်တလှည့် ချက်ပြုတ်ပြီး စားဖို့အတွက် ပြင်ထားပြီး ဒီလို ဓာတ်ပုံရိုက်ထားလိုက်တယ်။
"တိုး"စံ ရဲ့လက်ရာ 'စုဘူတ'လို့ခေါ်တဲ့ ဝက်သားဟင်း
"ချော"စံရဲ့လက်ရာ ကြက်သားဟင်း
"ဦး"စံရဲ့လက်ရာ ငါးဟင်း
ဒါက မိုင်လက်ရာ ဝဥသုပ်
စားပြီးသောက်ပြီး TVရှေ့မှာ အားလုံး မျက်လုံးလေးတွေ စဉ်းလို့။ "တိုး"စံကတော့ အိပ်ပါပျော်သွားတယ်။ "ချော"စံကတော့ မှိန်းလိုက် ထလာလိုက်နဲ့။ "ဦး"စံနဲ့ ကျမဘဲ စကားတွေ ပြောနေတာ။ အမှန်တော့ ကျမလဲ ငိုက်လာပြီ။ မနက်ကတည်းက မနားရသေးတော့ ဗိုက်လည်းပြည့်ရော အိပ်ချင်တော့တာ။ ကိုယ်က အိမ်ရှင်ဆိုတော့ မျက်လုံးအတင်း ဖြဲထားရတယ်။ ညနေကျ ၄နာရီလောက်ကျ ကြက်တောင်သွားရိုက်မယ်၊ ၅နာရီလောက် အိမ်နားက စာကြည့်တိုက်ရှေ့မှာ စောင့်နေ၊ သူတို့အိမ်ခဏပြန် အဝတ်လဲပြီး ပြန်လာမယ် ဆိုပြီး ပြန်သွားကြတယ်။ ကျမက စာကြည့်တိုက်နဲ့ နီးနီးလေးမို့ အချိန်ရသေးတာတဲ့ ဧည့်ခန်းက ဆိုဖာမှာ ကွေးနေလိုက်တာ ဘယ်အချိန် အိပ်ပျော်သွားမှန်း သိလိုက်ဘူး။
ညကျ အိမ်ကြီးရှင်ကို သယ်ရင်းတွေချက်ထားတဲ့ ဟင်းနဲ့ မျက်နှာလုပ်ပြီး ကျွေးလိုက်တယ်။ အိုခီ~ ဒီနေ့အဖို့ အားလုံးပြီးပြီ နားတော့မည်ဆိုတော့မှ သတိရတယ်။ ထမင်းဘူးအတွက် ဈေးမဝယ်ရသေးဘူး။ အသားတွေက ရှိပေမယ့် အသီးအရွက် မဝယ်ရသေးဘူး။ မိုးချုပ်နေပြီမို့ အိမ်ကြီးရှင်က မချက်တော့နဲ့ ဆိုတာနဲ့ ဒီတရက်လည်း ထမင်းဘူးလေး စင်ပေါ်မှာ အနားယူနေရ ရှာပါတယ်။ ဟင်းမချက်ရတော့ဘူးဆိုတော့ကာ ငှါးလာတဲ့ စာအုပ်လေးကို မအိပ်ခင် နဲနဲလေးဖြစ်ဖြစ် ဖတ်ဖြစ်အောင် ကြိုးစားဖတ်လိုက်တယ်။
ဒီရက်ပိုင်း ဘာမှ မတင်ဖြစ်ပေမယ့် လာရောက်လည်ပတ်သူများကို ကျေးဇူးအများကြီး တင်ပါတယ်။