Monday, December 31, 2007

ဉာဏ်စမ်းအဖြေ


မေးခွန်းတွေမေးပြီး ပြန်ဖြေဖို့ အတော်ကြာသွားတယ်။ အလုပ်တွေများနေလို့တော့ မဟုတ်ပါဘူး။ အရှုပ်တွေလုပ်နေတာ။ background ပုံတွေဆွဲလိုက် ရုပ်ရှင်တွေ download လုပ်ပြီးကြည့်လိုက်နဲ့ အခုရက်ပိုင်း ည အဲ သန်းခေါင်ကျော်ပြီဆိုတော့ မနက်ပေါ့ ၂နာရီကျော်မှ အိပ်ယာဝင်ဖြစ်တော့တယ်။ နိုးတဲ့အချိန်ဆို အနဲလေး မနက် ၁၀နာရီကျော်နေပြီ။ နှစ်ကူးမှာ "new year နဲ့ ကာလနဂါး" ဖြစ်တော့မယ်။ အချိန်မှန် မအိပ်တော့ ခေါင်းမကြည်၊ အဲဒါနဲ့ စာရေးဖို့ အာရုံစုစည်းလို့မရနဲ့ လုံးလည်ချာလည်လိုက်နေတာ မနည်းရေးတင်လိုက်ရတယ်။

ဆွဲထားတဲ့ background ပုံတချို့ကိုတော့ (ဒီမှာ)အားပေးကြပါ။ ဉာဏ်စမ်းမေးခွန်းတွေက လွယ်လွယ်လေးမေးထားတာ အားလုံးဖြေနိုင်မယ်ထင်တာ ဘာမြို့လဲ(၁)ကို စဉ်းစားလို့ မရကြဘူးဘဲ။ ခေါင်းခြောက်သွားကြတဲ့အတွက် ချောတီးပါ။ :D

ဘာမြို့လဲ(၁)


၂၅ကျပ်မှာ ၂၅ပြားစေ့ ၁၀၀ ရှိပါတယ်။
၂၅ကျပ် = ၂၅ပြား X ၁၀၀
၂၅ပြားကို တနည်းအားဖြင့် မတ်စေ့လို့ ခေါ်တယ်။ မတ်စေ့တရာရှိတဲ့မြို့ဆိုတော့ "မတ္တရာမြို့" ပါ။ :P


ဘာမြို့လဲ(၂)

တောင်တွင်းကြီးမြို့


လိမ္မော်သီးဘယ်နှစ်လုံးကျန်သလဲ

လိမ္မော်သီးခြင်းက ၂ခြင်းပါတော့ တစ်ဘူတာကို လိမ္မော်သီး ၂ လုံး အခွန်ဆောင်ရတယ်။ လိမ္မော်သီးကို တစ်ခြင်းစီက တစ်လုံးစီ မပေးဘဲ ခြင်းတစ်ခြင်းထဲကဘဲ ၂လုံးစီ ပေးသွားပါမယ်။ ဘူတာ ၂၅ခုဖြတ်ပြီးရင် ခြင်းတစ်ခြင်းကုန်သွားတဲ့အတွက် အဲဒီခြင်းကို လွှတ်ပစ်လိုက်တယ်။ လိမ္မော်သီးတစ်ခြင်းဘဲကျန်တော့ ကျန်ဘူတာ ၂၅ခုကို တစ်ဘူတာ တစ်လုံးစီဘဲ ပေးရတော့တဲ့အတွက် နောက်ဆုံး လိမ္မော်သီး၂၅လုံး ကျန်ပါတယ်။


10 comments:

MyMetro said...

့Happy New Year!!!!!!

nu-san said...

ညီမရေ.. နှစ်သစ်မှာပျော်ရွှင်ပါစေ... :)

Konge said...

Take my best wishes to your family and loving friends ,

Merry Christams and Happy new year !

Healthy and Lucky ,Dreams come true in 2008 !

ရွှန်းမီ said...

ဟင်.. ဒါကတော့ ဒီခောတ်ကြီးမှာ မတ်စေ့ဆိုတာ ဘာမှန်း တွေးမိတဲ့သူပဲ

ဖြေနိုင်မှာပေါ့ လို့. .
အကြွေတွေကို ထည့်စဉ်းစားရမယ်လို့ကို မထင်တာ.. ၂၅ကျပ်တန်တောင်မှ ရှိမှ

မရှိတော့ဘဲ။
ဟဲဟဲ.. စောဒက တက်လို့ ၀ပါပြီရှင်..
နှစ်သစ်မှာ ချစ်ချစ်နဲ့ ပျော်ရွှင်ပါစေ :)

ယူဆဂိ said...

နှစ်သစ်မှာ ပျော်ရွင်နိုင်ပါစေလို့
happy new year 2008

နှင်းပွင့်ဖြူ said...

မတ်စေ့မှ ထည့်မပြောတာ ဘယ်လိုသိမှာလည်းလို့
ပြီးတော့ အရွက်ကြီးဆိုတော့ ၊ အဆ ၁၀၀ လည်း မပြောဘူးလေ.. ဟဲဟဲ
( ဆင်ခြေ၊ဆင်လက်၊ဆင်ခြေထောက်)

နှစ်သစ်မှာ ပျော်ရွင်ပါစေ

ရွှန်းမီ said...

မမဝေ
background ပုံလေးတွေက ချစ်စရာလေးတွေ
ဘာနဲ့ ဆွဲတာလဲဟင်
မီက microsoft paint နဲ့ပဲ ဆွဲတတ်တယ် . .
အားရပါးရဆွဲပြီး resolution ကောင်းကောင်းနဲ့ မကျန်လို့ စိတ်ညစ်ရတာ အခါခါပဲ
အဲဒါ drawing software အကြောင်း နဲနဲ ပြောပြပါအုံး

မျှားပြာ said...

ကျွန်တော်က အဖြေကို အရင်ဖတ်လိုက်တား)
အဆင်ပြေပါစေ အစ်မမြရွှက်ဝေရေ ..၊

NwayLeL said...

မို့လေးရေ ကျေးဇူးနော်သိလား..for READ MORE..။
ဒါနဲ့ မတ်စေ့ဆိုတာ...

ရွှန်းမီ said...

ok. thank you, sis!
png နဲ့တော့ တစ်ခါမှ မသုံးဖူးဘူး.. jpeg, bmp နဲ့ပဲ လည်နေတာ.. အဲဒါကြောင့်နဲ့ တူတယ်.. ကျေးဇူးပဲ မမဝေ..
ပုံလှလှတွေ ထပ်ဆွဲနိုင်ပါစေ :)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP