Thursday, December 27, 2007

"မေးမယ်နော်"


ရှစ်တန်းကျူရှင်တက်တုန်းက ကျူရှင်သင်ပေးတဲ့ "အနောထွေး"က သင်္ချာသင်ပြီး ခဏနားတဲ့အချိန်မှာ ပြင်ပဉာဏ်စမ်းတွေမေးတယ်။ သူ့တပည့် အရှော်တွေကလည်း ရှော်သလားမမေးနဲ့ တစ်ယောက်မှ မဖြေနိုင်ဘူး။:D အဲဒီတုန်းက မေးခွန်းတချို့ မှတ်မိနေလို့ လာလည်သူတွေကို ပြန်မေးလိုက်မယ်။

ဘာမြို့လဲ(၁)

တခါက လူတစ်ယောက် အထက်မြန်မာပြည်ကို ခရီးသွားတော့ မြို့တမြို့ကို ရောတ်လာတယ်။ ဒါပေမယ့် အဲဒီမြို့နာမည်ကို သူမသိဘူး။ ဒါနဲ့ လမ်းသွားရင်း အဲဒီက ဒေသခံတစ်ယောက်နဲ့တွေ့တော့ ဒီမြို့နာမည် ဘယ်လိုခေါ်သလဲလို့ မေးလိုက်တယ်။ အဲဒါနဲ့ ဟိုလူက ပိုက်ဆံအစိတ် (၂၅ကျပ်) ထုတ်ပြတယ်။ အဲဒါမြို့နာမည်တဲ့။ ဘာမြို့ပါလိမ့်??


(ဒီပုံက အခုမတွေ့နိုင်တော့တဲ့ ပိုက်ပိုက်လေး အမှတ်တရ)


ဘာမြို့လဲ(၂)

ဒီတခါ ပုံနဲ့မေးမယ်။

လွယ်လွယ်လေးပါ။ ဘာမြို့လဲ သိလား??

လိမ္မော်သီးဘယ်နှစ်လုံးကျန်သလဲ

ကုန်သည်တစ်ယောက်က တခြင်းမှာ လိမ္မော်သီး (၅၀)လုံး ပါတဲ့ ခြင်းနှစ်ခြင်းကို ရထားလမ်းခရီးနဲ့ ကုန်ကူးပါတယ်။ သူစထွက်တဲ့မြို့ကနေ သွားချင်တဲ့မြို့ရောက်ဖို့ ကြားမှာ ဘူတာ (၅၀)ခု ဖြတ်ရပါတယ်။ ကြားဘူတာတွေမှာ တစ်ဘူတာကို ဆက်ကြေး အဲ အခွန်အနေနဲ့ လိမ္မော်သီးတစ်ခြင်းကို လိမ္မော်သီးတစ်လုံး ပေးရပါတယ်။ ဘူတာအားလုံးဖြတ်ပြီး နောက်ဆုံး သူသွားမယ့်မြို့ကိုရောက်ရင် လိမ္မော်သီးဘယ်နှစ်လုံးကျန်မှာပါလဲ?



13 comments:

တောကကိုရင် said...

No2 is taun twin Gyi .
No3 is 25
No1 is nail

Layma said...

၁။ အစိတ်မြို့တော့ ဖြစ်နိုင်ဘူးထင်တယ်နော်..။
၂။ တောင်တွင်းကြီးပေါ့...။
၃။ ၂၅ လုံးကျန်မယ်..။

ရွှန်းမီ said...

၁။ သုံးဆယ် မရောက်ခင် မြို့ တစ်ခုခု ဖြစ်မယ်ထင်တယ်. . မြေပုံကို မမှတ်မိတော့ဘူး . .
၂။ ၃။ အရှေ့က ဖြေတာ မှန်တယ်။
:)

သဇင်ဏီ said...

ဟင့်.. သူများက ခုမှနေကောင်းခါစကို သူကမေးခွန်းတွေမေးထားတယ်.. တော်တော်ဆိုး :)

နှင်းပွင့်ဖြူ said...

1 = နတ်မောက်မြို. ( ဟုတ်လားမသိ ဗိုလ်ချုပ်အောင်ဆန်း ပုံပါတယ်ဆိုတော့ )
ကျန်တဲ့ ၂ ခုတော့ ဖြေတော့ဘူး ..း)

nu-san said...

ပထမဆုံးမေးခွန်းတော့ မဖြေတတ်ဘူး။ နောက်မေးခွန်းတွေက သူများဖြေထားပြီးသား... အဟက်...
ပန်းပေးပါတယ်.. ညီမရေ.. :P

ရွှေဂျမ်း said...

၁။ အောင်ဆန်းမြို့ :P
၂။ တောင်တွင်းကြီး
၃။ တစ်လုံးမှ မကျန်တော့ဘူး

မှန်လား ပြောပြဦးနော်။

Red's Rose Dream said...

၁ က သိဘူးတော့။
၂ ကတော့ အစက တောင်ကြီးလို့ထင်တာ။ နောက်မှ တောင်တွင်းကြီးမှန်းသိတယ်။
၃ ကတော့ သိဘူး ။ ဟဟ တော်တယ်နော်။

Unknown said...

ဆိတ်ကြီး မြို့ပါခင်ဗျာ၊ ဟဲဟဲ ၊ ဟုတ်လားတော့ မသိဘူး

Unknown said...

LOL..

I didn't realize my town(TDG) can be depicted in this way.

Independent Emotion said...

1) ti bu
2) Taung Gyi
3) 1 lone mha ma kyan bu
hehe.......ta ku mha lai ma man bu

ZawMoeHtun said...

No 1 . Ma Ta Yar Myoe .
No 2 . Taung Twaing Gyi Myoe .
No 3 . 25 lone kyang del .

Unknown said...

1.Ans...MaGyw myo or Nathmyuat myo.
2.Ans...Bawm khat om lai ding....

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP