အိမ်မှာတုန်းကဆို အနည်းဆုံး တပတ်ကို တခါတော့ ရခိုင်မုန့်တီ၊ မွန်မုန့်ဟင်းခါး၊ ကြာဇံချက်၊ အုန်းနို့ခေါက်ဆွဲ စသဖြင့် ချက်စားဖြစ်တယ်။ အမေနဲ့ အမ ချက်တာပါ။ ကျွန်မကတော့ T.T.M.Y လောက်ပါပဲ။ တခါမှ ကိုယ်တိုင် အစအဆုံး မချက်ဖူးပါ။ ခုတော့ "မချက်တတ်သောမိန်းမနဲ့ ထမင်းငတ်သော ယောက်ျား" ဖြစ်မှာစိုးလို့ ကြိုးစားချက်နေရတယ်။ ကျွန်မက ကြာဇံဟင်းခါး အရမ်းကြိုက်တယ်။ ဖျားပြီး နာလံထအချိန်ဆိုလည်း ကြာဇံဟင်းခါးဘဲ တောင်းစားတတ်တယ်။
ဒီရောက်ပြီး ပထမဆုံး ချက်ဖြစ်တဲ့ ဗမာအစားအစာက ကြာဇံဟင်းခါးပါ။ ဟင်းချက်နည်းစာအုပ်ကို အပီအပြင်ဖတ် အိမ်နားက ၉၉ယန်းဆိုင်သွားမွှေပါတယ်။ ကြွက်နားရွက်မှိုခြောက် ရှာတွေ့တယ်။ ကြာဇံရှာတော့ ဦးနှောက်နဲနဲစားသွားတယ်။ ကြာဇံနဲ့တူတာ အများကြီးတွေ့လို့။ "ဟရုစမဲ"(はるさめ) တဲ့ "ဘီးဖွန်"(ビーフン)တဲ့။ "ဟရုစမဲ"မှာ အမျှင်အသေး အလတ် အကြီး ၃မျိုးတွေ့တယ်။ ဘယ်ဟာက ပြုတ်လိုက်ရင် ပဲကြာဇံဖြစ်မှန်းမသိလို့ "ဟရုစမဲ"အသေးနဲ့ အလတ်ရယ် "ဘီးဖွန်"ရယ်ဝယ်လိုက်တယ်။ နောက်ပြုတ်ကြည့်တော့ "ဟရုစမဲ"အသေးက ပဲကြာဇံနဲ့တူပြီး "ဘီးဖွန်"က ဆန်ကြာဇံနဲ့တူတယ်။ အချဉ်ညှစ်ဖို့အတွက် ရှောက်သီးက မရှိတော့ ရှိတဲ့ လီမွန်သီးဘဲဝယ်ခဲ့တယ်။

နောက်ထပ် ဦးနှောက်စားရပြန်တယ်။ ပဲပြားခြောက်လည်းမရှိ၊ ပန်းခြောက်လည်းမရှိနဲ့။ ဟိုကြည့်ဒီကြည့်နဲ့ ဖြူဖြူအမျှင်ချောင်းခြောက်တွေ သွားတွေ့တယ်။

"ကန်ပျော"(かんぴょう) တဲ့။ အိမ်ကြီးရှင်က "နိုရိမာကိ" (ရေညှိထမင်းလိပ်) ထဲ ထည့်လိပ်တာတဲ့။ ဘာမှန်းသေချာမသိပေမယ့် ပန်းခြောက်နေရာမှာ အစားထိုးဖို့ ၀ယ်လိုက်တယ်။ နောက်တော့ အင်တာနက်ထဲ လိုက်ရှာကြည့်တော့မှ "ကန်ပျော" ဆိုတာ ကျောက်ဖရုံသီး/ ဘူးသီးတွေကို အမျှင်ထိုးပြီး အခြောက်ခံထားမှန်း သိတော့တယ်။

ဂျပန်ကုန်ကြမ်း မြန်မာကြာဇံချက်ကို စချက်ပါမည်။
ကြက်သား -とりにく(toriniku)
ပဲကြာဇံ - はるさめ(harusame)
ကြွက်နားရွက်မှိုခြောက် - きくらげ(kikurage)
ပန်းခြောက်(ဘူးသီး/ကျောက်ဖရုံသီးအမျှင်ခြောက်) - かんぴょう(kanpyou)
ကြက်သွန်နီ - たまねぎ(tamanegi)
ကြက်ဥ/ငုံးဥပြုတ် - ゆでたまご/ゆでうずら(yudetamago/yudeuzura)
လီမွန် - レモン(remon)
ဂျင်း - しょうが(shouga)
ဆား - しお(shio)
ဆနွင်း - ウコン(ukon)
ငရုတ်ကောင်း - こしょう(koshou)
ငံပြာရည် - ナムプラー(namupura-)
- ကြက်သား + ဆနွင်း(အနည်းငယ်) + ဂျင်း(သင့်ရုံ) ကို ပြုတ်
- ကြက်သားကို အသားနွှင် (ကျွန်မ ဆီမကြိုက်လို့ ကြက်သားကို ဆီမသတ်ပါဘူး။)
- ကြက်သားပြုတ်ရည်ထဲ ရေ + နွှင်ထားတဲ့အသား + ကြက်သွန်နီတစ်ဥကို ၈စိတ်လှီးထည့်ပြီး ပြန်တည် (အချိုမှုန့်လည်း ထည့်နိုင်ပါတယ်။ ကျွန်မကတော့ ခနောဟင်းခတ်မှုန့် ထည့်ပါတယ်။ ဒီမှာရှိတဲ့ とりがらスープ (torigarasu-pu)ကိုလည်း ထည့်လို့ရပါတယ်။)
- ပဲကြာဇံကို ရေစိမ်ပြီး ပျော့လာရင် ရေစစ်ထား
- ကြွက်နားရွက်မှိုခြောက်နဲ့ "ကန်ပျော"ကို ရေဆေးပြီး ရေနွေးစိမ်
- "ကန်ပျော" အရမ်းမပွခင် 7 cm လောက်စီဖြတ်ပြီး အလယ်မှာအထုံးထုံး
- ကြွက်နားရွက်မှိုကို အရင်းတွေဖဲ့ထုပ်ပြီး သင့်တော်ရုံအပိုင်းတွေဖြစ်အောင်ညှပ်
- ကြက်ဥ / ငုံးဥ ပြုတ်ပြီး အခွံခွါ (ကြက်ဥဆိုရင် အစိတ်လေးတွေစိတ်)
- ပွက်ပွက်ဆူနေတဲ့ ကြက်သားပြုတ်ရည်ထဲ (၁)ကြွက်နားရွက်မှို (၂)"ကန်ပျော"ထည့်
- ခဏကြာရင် (၃)ပဲကြာဇံ (၄)ကြက်ဥစိတ်ထားတာ/ ငုံးဥပြုတ် (၄)ငံပြာရည်ထည့်
- နောက်ဆုံး ငရုပ်ကောင်းမှုန့်ထည့်ပြီး မီးပိတ်
ပန်းကန်ထဲ ငရုတ်သီးအကျက်မှုန့် လီမွန်စိတ်ထားတာထည့်ပြီးရင် သုံးဆောင်လို့ရပါပြီ။

"ဒိုးဇို! မယ်ရှီအဂတ်တဲ့ ကုဒဆအိ"
6 comments:
ဗိုက်တောင် စာလာပြီ
Oishi so!!!!
မမြရွက်ဝေရေ.. အဲဒီလို မှိုခြောက်ပန်းခြောက်တွေကလေ Ueno Park ရှိတဲ့ ဈေးတန်းမှာ ရှိတယ်။ ကျမအဲဒီနေရာပဲသိတယ် တိုကျိုမှာဆိုရင်လေ.. အဟဲ.. သူက ဈေးရုံအောက်ဘက်မှာရှိတာ။ ဈေးနာမည်ကိုတော့ အတိအကျ မသိပေမယ့် တိုကျိုရောက်ရင်တော့ အဲဒီမှာ ကိုယ်လိုချင်တာတွေ သွားဝယ်တယ်။ ထိုင်းပစ္စည်း တရုတ်ပစ္စည်းတွေ ရှိတယ်။ ၀က်သားဆိုလည်း တကောင်လုံးရတယ်။ ပုဇွန်တွေလည်း တန်တယ်။ ဟီး..ဟီးး ဆရာလုပ်တာ ဟုတ်ဘူးနော်.. နော်.. :D
ဂျပန်စာလည်း မှတ်သွားတယ်။ ကြာဇံချက်လည်း စားသွားတယ်။ :)
はじめまして
日本在中のミャンマー人です.春雨スープ
おいしそうですね。
これから毎日ブログみるので、よろしくね。
ဟုတ်တယ် Ueno မှာရှိတယ်..ဒ်နဲ့ ကြာဆံချက်လား..ဟင်းခါးလားဟင်..
ကျတော်ကအစပ်မစားပေမဲ့ အရောင်လိုတယ်လေ..
ထည့်ထားတာတော့ ကြာဆံချက်အတိုင်းပဲဆိုတော့ ချက်ဖြစ်မှာပါ..ဟ့တ်လား စိတ်မဆိုးနဲ့နော်..အဟီး..အစားspecialist ဆိုတော့..
ကြက်သွန်နီရယ် အရောင်လေးရယ်ထည့်မယ်ဆိုရင နံနံပင်ရယ်ထည့်မှ ပြည့်စုံမှာ..
Tokyo မှာဒီလောက် asia စာတွေပေါတာ...
ပြန်ချက်ပေး အဟီး..သားရေဟိုလာပြီ
စိတ်ဆိုးနဲ့နော်
ကျေးဇူးပါ "မnu-san"။ よろしく "yuuyuumuumuu"။ "မသမုဒယ"ရေ အိမ်မှာတော့ ကြာဇံဟင်းခါးကို ကြာဇံချက်လို့လည်း ခေါ်ပါတယ်။ အရောင်တင်မှုန့်မသုံးတာက ဆီမသတ်ထားလို့ပါ။ ဆီတွေနဲ့ ဆိုရင် လည်ချောင်းယားပြီး သီးတတ်လို့။ တိုကျိုမှာ asia အစာတွေ ပေါပေမယ့် ကျွန်မ ရထားစီးတာနဲ့ နေသားမကျသေးလို့ သိပ်မသွားဖြစ်တာပါ။ သွားဝယ်ဖြစ်ရင် ပြန်ချက်ပေးမယ်နော် :) ခုတော့ အိမ်နားက ၀ယ်လို့ရတာတွေနဲ့ဘဲ ချက်ထားတာကို အားပေးဦးနော်။
အိပ်မရလို့ ထလာတာ ဗိုက်ဆာသွားပြီ။
Post a Comment