Tuesday, October 9, 2007

အမှတ်တရ အိမ်ရှင်မ (၄)



"မြောဂ"ကို စမြင်ဖူးတုန်းက ဘာအဖူးလေးတွေမှန်း မသိပါဘူး။ ဘယ်လိုချက်စားတာမှန်းလည်း မသိဘူး။ နောက်တော့ ဟင်းချက်နည်းအစီအစဉ်မှာ "မြောဂ"အကြောင်း ကြည့်လိုက်ရတယ်။ နဲနဲသဘောပေါက်သလိုရှိပေမယ့် သေချာတော့မသိပါဘူး။ မြန်မာပြည်က "ပဒတ်စာအပွင့်"နဲ့ တူတယ်လို့ မှတ်ထားလိုက်တယ်။ ခပ်မွှေးမွှေး "ပဒတ်စာအပွင့်"က ကင်မွန်းချဉ်ရွက်နဲ့ ဟင်းရည်ချက်ရင် အရမ်းလိုက်ဖက်ပါတယ်။ ဒါနဲ့ဘဲ "မြောဂ"ကိုလည်း ဟင်းရည်ချက်စားဖို့ စိတ်ထဲတေးထားလိုက်တယ်။


"မြောဂ"(みょうが)ကို (Myoga Ginger) Japanese Ginger bud လို့ခေါ်ပါတယ်။ အပင်က ငွေပန်းပင်အမျိုးအစားထဲကပါ။ မြေတွင်းဥကနေ အညှောက်ထွက် အပင်ပေါက်တာပါ။ "မြောဂ"ရဲ့ အနံ့ကလည်း ငွေပန်းနံ့နဲ့ဆင်တူပါတယ်။



"မြောဂ"ပင်နဲ့ ပန်းဖူး



"မြောဂ"ပန်းဖူးနဲ့ ပန်းပွင့်



စားဖို့ အနေတော် "မြောဂ"




ခေါက်ဆွဲသုပ်နဲ့"မြောဂ"ဟင်းခါး

- ခေါက်ဆွဲသုပ်ထဲထည့်ဖို့ ကြက်သားကို ဆား၊ ဂျင်း၊ ဆနွင်းနဲနဲစီ ထည့်ပြုတ်၊ (ကြက်သားပြုတ်ရည်ကို "မြောဂ"ဟင်းရည်ထဲထည့်ဖို့ချန်) အသားတုံးခပ်သေးသေးတွေဖြစ်အောင် လှီး၊ အနှစ်လုပ်ဖို့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်းတွေကို ဆီသတ၊် အစိမ်းမှုန့်ထည့် ကြက်သားတုံးတွေထည့် ရေနဲနဲထည့်ပြီး အုပ်ထား၊ ဆီပြန်လာရင်ရပြီ။
- ဆိုင်က၀ယ်လာတဲ့ အဆင်သင့် ပြုတ်ပြီးဆီနဲ့လှိမ့်ထားတဲ့ ခေါက်ဆွဲ (焼きそば- yakisoba)ကို microwave ovenနဲ့နွှေး၊ ကြက်သားအနှစ်တွေထည့်၊ ပဲအကျက်မှုန့်၊ မကျည်းရည်၊ ငံပြာရည်ထည့်နယ်၊ ခေါက်ဆွဲသုပ် ပြီး၏။
- ဟင်းရည်အတွက် ရေထဲ ကြက်သားပြုတ်ရည်၊ ဆား၊ ခနောဟင်းခတ်မှုန့်ထည့်တည်၊ ဆူလာရင် ပါးပါးလှီးထားတဲ့ "မြောဂ"ထည့်မွှေပြီးရင် ရပြီ။ (ရေနွေးပူကြောင့် ပန်းရောင်"မြောဂ"စိမ်းသွားတယ်။)
- နောက်တစ်နည်း- ရေထဲ ဆား၊ ပုစွန်ခြောက်မှုန့်နဲ့ ခနောဟင်းခတ်မှုန့် (အချိုမှုန့်/ torigarasupu - 鶏がらスープ) ထည့်တည်၊ ဆူလာရင် "မြောဂ"ထည့်၊ ခဏမွှေပြီးရင် မီးပိတ်၊ ခပ်ရှိမ်းရှိမ်း မွှေးမွှေး "မြောဂ"ဟင်းရည် ရပြီ။








1 comment:

Yan said...

Wow!
Wow Wow Wow!

သွားရည်တောင်ကျလာပြီဗျာ.
အဲဒါမျိုး မြန်မာဟင်းတွေထဲမှာ မရှိဘူးလား.
ပုံစံလေးက ငှက်ပျောဖူးပုံစံနော်. ဘာပဲဖြစ်ဖြစ် ရမ်းသမ်း Cook ကို ရေလည် အထင်ကြီးသွားပြီဗျာ.

မေးဦးမယ်. ကြက်သားပဲဟင်းကို ဘယ်လိုချက်ရလဲဗျ. ဒီတစ်ပတ်ထဲ ချက်စားမလို့.

ခင်မင်လေးစားလျက်

ရန်အောင်

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP