Friday, October 12, 2007

အမှတ်တရ အိမ်ရှင်မ (၆)

အများတကာ သွားရည်ကျစေဖို့ လက်စွမ်းပြထားတာတွေ တင်လိုက်တယ်။

အုန်းနို့ခေါက်ဆွဲ


တကယ်ဆို ကျွန်မက အုန်းနို့ခေါက်ဆွဲသိပ်မကြိုက်ဘူး။ အိမ်ကြီးရှင် ကြိုက်လို့ ချက်ပေးတာ။ စားပြီး သူကဘာမှ မဖြစ်ပေမယ့် ကျွန်မက သွေးတိုးချင်သလို ခေါင်းမူးလာလို့ တရေးအိပ်လိုက်ရတယ်။


ထမင်းသုပ်နဲ့ ကြက်တောင်ပံမုန်လာဥဟင်းခါး


စားချင်တာတွေဘဲ ထည့်သုပ်ထားတဲ့ မစုံသုပ်ပေါ့။ သင်္ဘောသီးစိမ်း မရှိတော့ အစားထိုးအနေနဲ့ မုန်လာဥကို ခြစ်၊ ဆားရည်စိမ်၊ ရေဆေး ရေညှစ်လုပ်ပြီး ထည့်သုပ်ထားတယ်။ မဆိုးပါဘူး၊ သင်္ဘောသီးစိမ်း လို ချိုသားဘဲ။


နန်းကြီးသုပ်


နန်းကြီးဖတ်တော့ မဟုတ်ဘူး။ ဒီမှာရတဲ့ "အုဒွန်(うどん)"တွေကို ပြုတ်ထားတာ။ နန်းကြီးထက် ၂ဆခွဲလောက်ပိုကြီးတော့ နဲနဲစားပြီးများများ ဗိုက်ပြည့်တယ်။

ဂျင်းလက်ဖက်သုပ်


ဒါက နေ့လည်ခင်း အဆာပြေလေး။

2 comments:

tayzar said...

ဗိုက်ဆာလိုက်တာဗျာ။ =P တကယ် စားချင်တယ်။

thamudayanwe said...

မမြရွက် cbox မရှိတော့ ..ဆောရီးဗျာ..မေးစရာလေးရှိလို့..
travel industry ရယ် စီမံခန့်ခွဲမှဘာသာရပ် ကိုဂျပန်လိုဘယ်လိုရေးရလဲမသိလို့ပါ..အသံထွက်လေးပါသိချင်ပါတယ်
စိတ်မရှိပါနဲ့နော်..
ကျေးဇူးတင်ပါတယ်...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP