Wednesday, November 12, 2008

ပက်ကျိ


မျက်စေ့မူးလို့ ဘလော့ကို လျှော့ထားရတာကြာသွားပြီ။ လာလည်သူများကိုလည်း အားနာပါတယ်။ ကွန်ပြူတာ ဆက်တိုက်ကြည့်သလိုဖြစ်ပြီး လူက ရုတ်တရက် မိုက်ခနဲ ဖြစ်ဖြစ်နေတော့ ကွန်ပြူတာ ကြည့်တာလျှော့မှဖြစ်မယ်ဆိုပြီး နားနေလိုက်တာ။ သက်သာလာတဲ့နေ့ကျ ပြန်ရေးမလို့ အတွေးထဲမှာတော့ ရိုက်နေလိုက်တဲ့စာတွေ။ ပြီးခဲ့တဲ့တပတ်က သက်သာလာပြီဆိုပြီး စာမရေးခင် စိတ်ကြည်အောင် ရေချိုးခေါင်းလျှော်လုပ်ပြီး မှန်ကြည့်လိုက်တော့မှ လားလား ဘယ်ဘက်မျက်လုံးရဲ့ သူငယ်အိမ်ဘေးအောက်ဘက်မှာ သွေးခြေဥသလို နီရဲနေတဲ့ အကွက်တကွက်တွေ့လိုက်ရတယ်။ ဒီရောက်ပြီး အိမ်ထဲမှာနေရင် တနေ့တခါတောင် မှန်မကြည့်မိသလောက်ဘဲလေ။ (အရင်ကနဲ့တော့ ကွာပါ့။ ပဲများစရာ မလိုတော့လို့လဲ ပါတာပေါ့လေ။) မှန်မကြည့်မိတော့ ဘယ်တုန်းက မျက်လုံးမှာ သွေးခြေဥနေမှန်းမသိ! အိမ်ကြီးရှင်ကို မေးကြည့်တော့ သူလဲ သတိမထားမိဘူးတဲ့။ ကောင်းရော။ အဲဒီလောက် ဂရုတစိုက်ရှိတာ။ မျက်လုံးလဲ မနာတော့ လုံးဝ မသိလိုက်ဘူး။ သိတဲ့အချိန်က အတော်နီနေတယ်။ မနာတော့လည်း တရက်လောက် အခြေအနေစောင့်ကြည့်ပြီး မသက်သာမှ ဆေးခန်းသွားတော့မယ် စိတ်ကူးလိုက်တယ်။ ကြောက်တာတော့ အကြောက်သား။ ဘာမှန်းမသိ ညာမှန်းမသိနဲ့။ အဲဒီတော့ ဘလော့ရေးမယ့် အစီအစဉ်ရပ်ပြီး မျက်စိအနားပေး အစီအစဉ်ကို ပြန်ဆက်ရတယ်။ တရက် တခါ မကြည့်မိတဲ့မှန်ကို တနေ့ဘယ်နှခါမှန်းမသိ အနားကပ်ပြီး မျက်လုံးဖြဲကြည့်နေရတယ်။ နောက်တရက်က နဲနဲလေး အနီရောင် လျော့လာပေမယ့် အကွက်က အရှေ့ဘက်ကို ပျံ့လာတယ်။ အဲလို သူငယ်အိမ်ဘက်ကို ရွေ့ရွေ့ပြီးမှ အရောင်က လျော့လာတာ တပတ်လောက်နေမှ အရှင်းပျောက်တော့တာ။ ပက်ကျိတို့ကတော့ ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းကြီးဘဲ။ ဆရာမုန်းလဲ ပြန်ဆက်ရိုက်ပါဦးမယ်။ လောလောဆယ်တော့ ကိုAndyမြင့်ဆီက စမူဆာလုပ်နည်းဖတ်ပြီး စမ်းသပ်ထားတဲ့ စမူဆာကြော်လေး စားသွားကြပါနော်။


မဝသေးရင် အစုံသုပ်ထပ်ကျွေးပါတယ်။


အစုံသုပ်လို့သာပြောရတယ်၊ စုံလား မစုံလား မသိဘူး။ ကြာဇံဖတ်ပဲ ပြုတ်ထည့်ထားတာ။ ခေါက်ဆွဲနဲ့ ထမင်းနဲ့နယ်ရင် စားမကောင်းမှာစိုးလို့ အစုံသုပ်သုပ်တိုင်း ခေါက်ဆွဲ မပါဘူး။ အိမ်မှာဆို သင်္ဘောသီးခြစ်ပါ ပါတော့ ချိုချိုလေးနဲ့ ဝါးလို့ အရမ်းကောင်းတာ။ ဒီမှာ သင်္ဘောသီးအစိမ်းက တော်ရုံနဲ့ ဝယ်လို့မရပါဘူး။ အဲဒါနဲ့ ရွှေဉာဏ်တော်စူးရောက်စွာနဲ့(သတိ- ပြောင်းပြန်မဖတ်ရ) မုန်လာဥအဖြူကို ခြစ်ပြီးထည့်သုပ်တယ်။ ဒီတခါ မုန်လာဥအဖြူအပြင် မုန်လာဥနီတွေပါ ခြစ်ထည့်ပြီးသုပ်တာ မဆိုးဘူး။ ပိုပြီး ချိုတဲ့အရသာ ရတယ်။ သင်္ဘောသီးအစိမ်းအစားထိုးလေးပေါ့။

9 comments:

ဇနိ said...

ဗိုလ်အောင်းဒင် ပြန်လာပြီ..
ဟ ဟ - မြရွက်ဝေ ပြန်လာပြီ...
ဝဲလ်ကမ်းဘက်
အစားအသောက်တွေနဲ့ ပျော်စရာကြီး..
ကျန်းမာရေးသည် ပထမ....
ဂရုစိုက်ပါဦး..
ပျော်ရွှင်ပါစေ...

khin oo may said...

စောစောထဲက ပြောတာ မဟုတ်ဘူး အကြံပေးမှာပေါ့. ။တစ်ယောက်ထဲကြိတ်ပူနေတယ်။အဲဒါများရိုးလို့ တပါတ်လောက် ကြာရင် သူ့ဘာသာ ပျောက်သွားရော။ တို့သူငယ်ချင်းရော။ တို့ရော ဖြစ်ဘူးတယ်။ ဘယ်လို မှလဲ မခံစားရဘူး။ သူ့ဘာသာပေါ်လာပြီးသူ့ဘာသာ ပျောက်သွားတယ။် ဆရာဝန် သွားပြ။ ဆေးခ်ွင့်ပေးရုံဘဲ။

GreenGirl said...

မမရေ ညီမလေးလည်း နေမကောင်းဘူးး(

khin oo may said...

နောက်တခါ သဘောင်္သီထောင်း ဆိုပြီး အချစ်ကို မုန်လာဥတွေ ထောင်း မကျွေးနဲ့နော် ဟား ဟား ဟား

JulyDream said...

စမူဆာလေးက စားချင်စရာကြီး။ ကျွပ်ရွနေမဲ့ပုံပဲ။ အဲဒီလို စမူဆာတွေ မစားရတာ ကြာလှပေါ့။ ဒီလိုနဲ့ပဲ ငတ်ကြီး ကျနေမိပါတယ်။

မြရွက်ဝေ said...

မဇနိ/ကိုဇနိ---> တက်ကလောက်... တက်ကလောက်... ဒိုင်းညှောင့် :D

မkom---> ဟုတ်တယ် မခင်ဦးမေရေ။ ကိုယ့်ဘာသာ ကြိတ်ပြီးကြောက်နေတာ။ အမပြောမှ အကြံရသွားတယ်။ မုန်လာဥကို သင်္ဘောသီးထောင်းလို မလုပ်စားဖူးဘူး။

greengirl---> ဂရုစိုက်ပါ ညီမရေ။ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ကလွဲပြီး ဂရုစိုက်မယ့်သူမှ မရှိတာနော်။ ပြောမယ့်သာပြောရတာ၊ ကိုယ်တိုင်တောင် ပေတဲ့အခါ ပေတေလို့။ ဖြစ်လာမှသာ ရှုံ့ချီနှပ်ချီဖြစ်တာ။ ခုတောင် သိပ်ကောင်းတာဟုတ်ဘူး။ :P

ကိုjulydream---> ငတ်ငတ်နဲ့ ရှာကြံလုပ်စားနေရတာပါ။ စားချင်တာက ဝယ်စားလို့လဲ မရဘူးလေ။

ရွှန်းမီ said...

:-o ... :-)
စားသွားပါတယ်..
အစ်မ နေကောင်းပါစေ..

Unknown said...

အစ်မရေ
ပရိသတ်တစ်ယောက်ပါ။
အမြဲဖတ်နေပေမယ့် Comment မချန်ခဲ့ဖူးဘူး။
အသစ်တွေတင်ထားလို့ ၀မ်းသာသွားပါတယ်။
ကျန်းမာရေးဂရုစိုက်ပါဗျ။
အမြန် ပိုစ့်အသစ်တွေတင်နိုင်ပါစေ။

A Linn Nyi said...

အသုတ်စုံကော၊ စမူဆာကော..စားချင်လိုက်တာ။ အသုတ်စုံပိုစားချင်တယ်။ အဲလို မုန်လာဥနဲ့ မစားဖူးသေးဘူး။ ညီမလေးထမင်းဘူးတွေကော ဟင်းချက်တာတွေကော လာကြည့်ရင် စားချင်စရာ အဆန်းလေးတွေချည်းပဲ gold roast ကြော်ငြာထဲက ပဒေါင်အမျိုးသမီးလို ပြောလိုက်မယ် ကောင်းတယ် :-)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP