Wednesday, February 18, 2009

စာစီစာကုံး


ဒီနေ့ သင်တန်းမှာ စာစီစာကုံး ဖတ်ရတယ်။ မြန်မာလို စာစီစာကုံး ရေးခိုင်းရင်တောင် ကောင်းကောင်းမွန်မွန် မရေးတတ်ဘူး။ ခေါင်းစဉ်ပေးထားရင်တော့ စဉ်းစားစရာ ဘောင်ရှိသေးတယ်။ ကြိုက်ရာရေးဆို ဘာရေးရမှန်းမသိတော့ဘူး။ ခုလဲ ကြိုက်တာရေးဆိုတော့ ဂျပန်တွေကို ကိုယ့်နိုင်ငံနဲ့ ပတ်သက်တာ ဘာပြောရင်ကောင်းမလဲကို အတော်စဉ်းစားရတယ်။ အတော်များများက မြန်မာလို့ ပြောလိုက်ရင် မသိကြဘူးလေ။ (နာဂစ် မတိုင်ခင်အထိပါ။) တခါမှ မြန်မာလူမျိုး မလာတက်ဖူးတာလဲ ပါတယ်။ ဒီတော့ မြန်မာအကြောင်း မသိတာ မဆန်းပါဘူး။ "ဘိရုမာ"လို့ ပြောရင်တော့ နဲနဲသိကြပါတယ်။ ဒီတော့ သူတို့ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာလေး ရေးမှဖြစ်မယ်လို့ တွေးမိတယ်။ နောက်တော့ မြန်မာလူမျိုးတွေရဲ့ နာမည်အကြောင်း ရေးဖြစ်လိုက်တယ်။ စာလုံးအရေအတွက် ၃၀၀အတွင်းလောက် ရေးရင်ရပြီဆိုပေမယ့် ရေးရင်းနဲ့ ၄၀၀တောင် ကျော်သွားတယ်။ ဒါတောင် တော်တော် အတိုချုပ်ရေးထားတာ။ ရှည်ရှည်ရေးချင်လည်း ရပါတယ်။ "စဲန်းစေး"ကို ပြကြည့်တော့ စိတ်ဝင်စားပေမယ့် "စဲန်းစေး"တောင် မသိတဲ့ စကားလုံးတွေပါနေတယ်။ "ဂဠုန်"ဆိုတာ ကိုယ်တိုင်တောင် အင်တာနက်ထဲ အတော်ရှာလိုက်ရတယ်။ ရှည်ကလည်းရှည် ဖတ်ပြပြီး အများသဘောမပေါက်တာတွေ များနေရင်မကောင်းဘူးတွေးပြီး "သင်္ကြန်အကြောင်း" အသစ်ပြောင်းရေးလိုက်တယ်။ နဂိုရေးထားတာကိုတော့ ဟိုဘက်မှာ ပြန်ဖြည့်ရေးပြီး တင်ထားပါတယ်။

စာကို ချရေးခိုင်းခံမှဘဲ ကိုယ့်အခြေအနေကိုယ် အတော့အတော် သဘောပေါက်သွားတယ်။ ဖတ်ရင်သာ နားလည်သလိုလိုတွေ ရှိပေသိ ရေးရင်တော့ အတော်ချာတူးလန်ပါတယ်။ အခြေခံ သဒ္ဒါတွေတောင် မေ့လို့။ ပထမ စာစီစာကုံးမှာ "စဲန်းစေး"က အမှားတွေ အတော်ပြင်ပေးကတည်းက သိသွားတယ်။ ရှည်ရှည်ရေးလေ အမှားများလေလို့။ :D ဒီတော့ကာ နောက်တခုကို စာလုံး ၃၀၀ထဲဝင်အောင် တွက်ပြီး လျှော့ရေးလိုက်တာ သိပ်မမှားတော့ဘူး။ ကိုယ့်နိုင်ငံပွဲတော်အကြောင်း အများကြီးတော့ မိတ်မဆက်ပေးလိုက်ရဘူးပေါ့။ တိုတော့လည်း မြန်မြန်ဖတ်လို့ပြီးတယ်လေ။ အတန်းရှေ့ ထွက်ရရင် အလိုလို ဒူးတုန်တာဆိုတော့။ ဒါတောင် ကိုယ့်နေရာမှာ ထိုင်နေတုန်း စစချင်း မိတ်ဆက်ကို ဘယ်လိုပြောမယ်၊ ဖတ်ပြီးသွားရင် ဘယ်လိုနိဂုံးချုပ်မယ် စိတ်ကူးသွားပြီး အရှေ့လဲရောက်ရော မြန်မြန်ပြီး ပြီးရောဆိုပြီး ဘလွတ်ဘလွတ် ရွတ်ပစ်လိုက်တယ်။ အပြီးကျမှ ကျေးဇူးတင်ပါတယ်ကို ညောင်နာနာသံနဲ့ တိုးတိုးလေးထွက်တော့တယ်။

အားလုံးရဲ့ စာစီစာကုံးတွေက တမျိုးစီ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတော်များများက ဂျပန်မှာ ကြုံတွေ့ရတဲ့ လူနေမှုဘဝနဲ့ ဂျပန်စာ သင်ယူတာနဲ့ ပတ်သတ်တဲ့အကြောင်းတွေ ရေးကြတယ်။ အဲဒီထဲကမှ အားလုံးလဲ စိတ်ဝင်စားပြီး ပျော်ဖို့ကောင်းတဲ့ စာစီစာကုံးတပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စဖတ်ရကတည်းက အတော် သဘောကျတယ်။ ထိုင်ဝမ်သူ အန်တီကြီးရဲ့ စာစီစာကုံးပါ။ (အသက် ၅၀ကျော်လောက်ရှိလို့ အန်တီလို့ သုံးတာ ရရဲ့လားတော့သိဘူး။ ကိုယ်တိုင်တောင် ၃၀နား နီးလာပြီဆိုတော့လေ။) အန်တီကြီးက ဂျပန်မှာ နေတာ တော်တော့ကို ကြာပါပြီ။ စကားလည်း ဂျပန်တွေနဲ့ အညီ ပြောနိုင်ပါတယ်။ ဒီသင်တန်းကို အပျင်းပြေ လာတက်နေပုံပါဘဲ။ သူက ဒီစာစီစာကုံးက တရုတ်လို ရှိတာကို ဂျပန်လို ဘာသာပြန်ပြီး ရေးထားတာပါတဲ့။ သူက ခု စီးပွါးပျက်ကပ်ကြီးမှာ အားလုံးစိတ်ညစ်နေကြတာမို့ တခဏလောက် ပြုံးပျော်စေဖို့ ရည်ရွယ်ပါတယ်တဲ့။ သူ့ကို ခွင့်တောင်းပြီး ဘလော့မှာ မြန်မာလို ကြိုးစားပြီး ဘာသာပြန်ကြည့်တာနဲ့တွဲပြီး တင်လိုက်ပါတယ်။

"အားလုံး ပြုံးစေဖို့"

ပိုက်ဆံ မရှိတဲ့အခါ ဝက်မွေးပါတယ်။
ပိုက်ဆံ မရှိတဲ့အခါ အသီးအရွက်ကို အိမ်မှာ စားပါတယ်။
ပိုက်ဆံ ရှိတဲ့အခါ အသီးအရွက်ကို Restaurantမှာ စားကြတယ်။
ပိုက်ဆံ မရှိတဲ့အခါ လမ်းပေါ်မှာ စက်ဘီးစီးပါတယ်။
ပိုက်ဆံ ရှိတဲ့အခါ Living Roomထဲမှာ စက်ဘီးနင်းကြတယ်။
ပိုက်ဆံ မရှိတဲ့အခါ မင်္ဂလာဆောင်ချင်တယ်။
ပိုက်ဆံ ရှိတဲ့အခါ ကွာရှင်းချင်ကြတယ်။
ပိုက်ဆံ မရှိတဲ့အခါ အိမ်ရှင်မက စက္ကထရီအလုပ်ကို တွဲလုပ်ပါတယ်။
ပိုက်ဆံ ရှိတဲ့အခါ စက္ကထရီက အိမ်ရှင်မအလုပ်ပါ တွဲလုပ်တယ်။
လူတွေက စိတ်ရင်းကို မပြောကြပါဘူး။
ပိုက်ဆံက ဒုက္ခဖြစ်ရဲ့ အရင်းခံရာလို့ပြောလည်း အားလုံးက လိုချင်ကြတယ်။
မိန်းမလှလေးက ကံဆိုးမှုတွေ ပေးတတ်တယ်ပြောလည်း အားလုံးက ရင်းနှီးကျွမ်းဝင်ချင်ကြတယ်။
ဆေးလိပ်နဲ့ အရက်က ခန္ဓာကိုယ်အတွက် မကောင်းပေမယ့် မရပ်တန့်နိုင်ကြဘူး။
ခွေးကို အဝတ်ဝတ်ပေးကြပြီး လူတွေကတော့ အသားဖော်တဲ့ အဝတ်တွေ ဝတ်နေကြပါတယ်။
အချုပ်အနေနဲ့ ___
နိဗ္ဗာန်က သွားသင့်တဲ့နေရာလို့ပြောလည်း လူတိုင်း မသွားကြပါဘူး။

“皆さん、笑ってください”

お金がないとき、豚を飼います。
お金があるとき、犬を飼います。
お金がないとき、家で野菜を食べます。
お金があるとき、野菜をレストランに食べます。
お金がないとき、道で自転車を乗ります。
お金があるとき、リビングルームで自転車を漕ぎます。
お金がないとき、結婚したいです。
お金があるとき、離婚したいです。
お金がないとき、妻は秘書を兼ねてます。
お金があるとき、秘書は妻を兼ねれます。
人間は本音を言わない。
金は罪悪のもとでも、皆がほしいです。
美女は災いのもとでも、皆が交際したいです。
タバコや酒は体に悪いけど、やめられない。
犬は服を着るけど、人間は肌を出す服を着ています。
結局、
天国はいい所でも、皆は行かないです。



7 comments:

ဇနိ said...

((နိဗ္ဗာန်က သွားသင့်တဲ့နေရာလို့ပြောလည်း လူတိုင်း မသွားကြပါဘူး။ )) - သဘောအကျဆုံးပဲ..
ဗုဒ္ဓဘာသာဝင်တော်တော်များများလည်း နိဗ္ဗာန်ကို ရောက်ရပါလို၏ လို့ ဆုတောင်းကြပေမယ့် ရောက်အောင် အားထုတ်ဖို့ကျ ပျင်းကြသတဲ့။
**
ကျနော်တို့ ဒီမှာ စာရေးရင် ဆရာအကြီးကြီးတွေက ရီပြီးပြောပြတတ်တယ်။ မင်းတို့စာရေးနေတာတွေက ငါ့မြေးလေးတွေ ရေးနေတဲ့ အတိုင်းပဲတဲ့။ ကိုယ်က လူသာကြီးပေမယ့် စာက အခြေခံပဲ တတ်သေးတာကိုး။

khin oo may said...

:D

မီယာ said...

အန်တီကြီးက အမှန်တရားတွေ ရေးပြသွားတာပဲ..

ရွှန်းမီ said...

auntie ကြီး စာကို သဘောကျသွားတယ်..
ကျေးဇူးပါ မဝေ။

khin oo may said...

again

nu-san said...

အန်တီကြီးရေးတဲ့ စာက ကောင်းလိုက်တာ... ဂျပန်လို ကြိုးစားပြီး ဖတ်ကြည့်ဦးမယ်.. :)

အမတို့ အောင်စာရင်းတွေ ထွက်ပါပြီကွယ်.. :D

မြရွက်ဝေ said...

ကိုဇနိ---> ကိုဇနိတို့ကတောင် အခြေခံလို့ပြောနေရင် ညီမတော့ မူကြိုအဆင့်တောင် မရောက်သေးဘူး။ တခါတခါ သူများစာတွေဖတ်ပြီး ကိုယ့်ရဲ့ ကချောက်ကချက်ရေးထားတာတွေကို လာဖတ်ပေးသူတွေကို မျက်နှာပူမိတယ်။

မခင်ဦးမေ---> :P

မမီယာ---> အမှန်တွေပြောလို့ အားလုံးက သဘောတွေ ကျနေကြတာ။

ညီမရွှန်းမီ---> ကျေးဇူးပါ ညီမရေ။

မနု-စံ---> ဂျပန်လိုပါ ဖတ်ကြည့်နော်။ ညီမ ဘာသာပြန်ထားတာ သိပ်မကောင်းလို့ မူရင်းလိုပါ တွဲတင်ပေးထားတာ။
"おめでとう"

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP