Thursday, June 18, 2009

~များတယ်


ဒီလထဲ ပျင်းနေတာတွေ များတယ်။
ဘလော့လည်း မရေးဘဲ ပစ်ထားတယ်။
ဒီလထဲ မိုးရွာတဲ့ရက်တွေ များတယ်။
အိမ်ကို လွမ်းတယ်။ အမေ့ကို လွမ်းတယ်။
ဒီလထဲ စိတ်ညစ်ရတာတွေ များတယ်။
မနက်ဖြန်တွေကို ကြောက်မိတယ်။
မုန်တိုင်းပြီးလို့ လေပြေရောက်လာတော့ ဘာမှမဟုတ်သလိုဘဲလေ။
ဒီလထဲ အမှတ်တရနေ့တွေများတယ်။
၂ရက်ဆက်တိုက်နဲ့ တရက်ခြား။
ဒီလထဲ တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့မှာ လက်ဆောင်ရောက်လာတယ်။


တပတ်ကြာမယ်လို့ ရေးထားလို့ မမှီဘူးထင်မိတာ ပျော်သွားတယ်။
ဒီလထဲ မွေးနေ့မှာ လက်ဆောင် ၂ခုရတယ်။


ရှက်ပေသိ အားတင်းဝယ်လာပေးတဲ့ အီလည်လည်မျက်နှာနဲ့ သူ့ကို ကျေးဇူးတင်ပါတယ်။
ဒီလထဲ မင်္ဂလာနှစ်ပတ်လည်နေ့လည်း ရှိတယ်။
ဘာမှတော့ ထွေထွေထူးထူး မလုပ်ဖြစ်ဖူး။
ဒီလထဲ ချူနာပါနာဖြစ်တဲ့ရက်တွေ များတယ်။
ဘာဖြစ်လို့များ ဒီလောက် မကျန်းမမာဖြစ်နိုင်လွန်းရတာလဲ။

8 comments:

WWKM said...

မွေးနေလက်ဆောင်ကွ..ပျော်စရာကြီး...
နေကောင်းပါစေ ညီမလေးရေ..
မမလည်းရောက်စကပျော်ပါတယ်..တဖြေးဖြေးအိမ်လွမ်းလာရော..း)
အဲဒါကြောင့်ပြန်ချင်တာ.း)

ကျန်းမာပျော်ရွှင်ပါစေ.

မီယာ said...

ပျင်းတာ တယောက်တည်းမဟုတ် အဖော်တွေ အများကြီး ရှိပါတယ် ညီမရေ။ ရာသီဥတုကြောင့်လား မသိ ခုတလော အလုပ်မလုပ်ဘဲ လေချင်နေတယ်။ မွေးနေ့ အတွက် ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ပါစေလို့နော်။

ThuHninSee said...

အားကျသည်။ သို့သော်
ဒီလထဲမှာ မမွန်မွေးနေ့ရှိတာ ကိုယ်တိုင် တမင်မေ့ထားပါတသည်။ အသက်တွေလဲ မငယ်တော့ဘူးကိုး။

ThuHninSee said...

Happy Birthday...................
:)

khin oo may said...

ံhappy birthday

မိုးကောင်းသူ said...

အိမ်လွမ်းနေတယ်ဆိုလို့ လာပြီးအတူတူလွမ်းကူပေးမယ်။
ပျင်းနေလဲ အတူတူပျင်းကူပေးမယ်။
ဖျားလဲ အတူတူ.......အဲဖြစ်သေးဘူး ခုမှ ဖျားတာပျောက်တာ။ :) မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။
မင်္ဂလာနှစ်ပတ်လည်မှာလည်း ပျော်ရွှင်ပါစေ။
ကျန်းမာပါစေ ချမ်းသာပါစေနော်။

subuueain said...

ပျော်ရွှင်ပါစေ..လက်ဆောင်လေးက လိုချင်စရာလေး :)

ကျော်နှင်းဆီလွင် said...

ဘူးထဲမှာဘာကြီးလဲဟင်
:D

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP