Sunday, November 8, 2009

မိုင်ပဲပြုတ်


ပဲပြုတ်စားချင်တာ ကြာပါပြီ။ တူညားတွေဘလော့က ပဲပြုတ်ကိုမြင်တိုင်း သွားရည်ကျတယ်။ စားချင်တာ ဝယ်မရတော့ ကိုယ့်ဘာသာ လုပ်ဖို့ဖြစ်လာတယ်။ ပြီးခဲ့တဲ့လက "တာကဒနိုဘဘ"က မြန်မာဆိုင်သွားတုန်း အဲဒီက ပဲပြုတ်ပြုတ်တဲ့ပဲလို့ ပြောတာနဲ့ ဝယ်လာခဲ့တယ်။ သူငယ်ချင်းကတောင် လုပ်တတ်တယ်လား?လို့ မေးနေတာနဲ့ အင်တာနက်ထဲမှာ "မြင်ဆရာ"တွေရှိတယ် အဲဒါကြည့်လုပ်မယ်လို့ ပြောဖြစ်တယ်။ တကယ်တန်းကျ ဝယ်လာပြီး မစမ်းရဲတာနဲ့ ဒီအတိုင်း ထားထားတာ။ တသက်နဲ့တကိုယ် အိမ်မှာ ပဲပြုတ်ပြုတ်တာ တခါမှ မတွေ့ဖူးဘူးကိုး။ ဒီလိုနဲ့ မြင်ဆရာများ ရေးသားထားတာ အားကိုးပြီး ဆန်တခွက်စာ ရေစိမ်ပြီး အပင်ဖောက်လိုက်တယ်။ အပင်မှပေါက်ရဲ့လားလို့ သွားလှပ်ကြည့် ခဏခဏပဲ။ ပထမတညမှာ အညှောက်လုံးဝမထွက်တာနဲ့ စိတ်များတောင် ပူမိတယ်။ ညအိပ်တာတောင် ပဲစိတွေ မြင်ယောင်နေတာ။ မနက်လင်းတော့ ထပ်ချောင်းကြည့်တာ အညှောက်ပိစိကွေးလေးထွက်နေလို့ ပျော်လိုက်တာ။ ဇကာလေးကိုင်ပြီး အိမ်ကြီးရှင်ကိုလဲ သွားပြနဲ့ တကယ်ပါ မျောက်အုန်းသီးရတဲ့အတိုင်းပဲ။ ခဏနေ သွားချောင်းလိုက်နဲ့မို့ ပဲစိတွေတောင် အမြင်ကပ်လောက်တယ်။

"ပဲစေ့အညှောက်ပေါက်ပြီ"


အညှောက်ကတော့ ပေါက်ပြီ။ ပြုတ်ဖို့လုပ်ငန်းစရတော့မယ်။ pressure cooker မရှိတော့ ထမင်းအိုးပေါင်းအိုးနဲ့ဘဲတည်မယ်။ အခက်တွေ့တာက "ရေ"။ ပဲတခွက်ကို ရေဘယ်လောက်ထည့်ရမယ်မသိဘူး။ ခွက်အချင်နဲ့ ရေးထားတာ မရှိတော့ ခက်ပြီ။ ကိုယ့်အထင်နဲ့ကိုယ် ရေတခွက်နဲ့ လေးပုံတပုံလောက် ထည့်တည်လိုက်တာ ကျက်တော့ကျက်တယ်။ နဲနဲမာတယ်။ အိုးပွက်ကတည်းက အိမ်ထဲမှာ ပဲပြုတ်နံ့က မွှေးကြိုင်နေတာဘဲ။ ညဘက်ကကျက်နေတဲ့ပဲကို မနက်ကျ ခလုပ်နှိပ်ပြီး ပြန်နွှေးထားလိုက်တယ်။ ပြီးတော့ ဆီဆမ်းဆားဖြူးပြီး 'မြန်မာပြည်အလွမ်းပြေမနက်စာ' လုပ်စားလိုက်တယ်။

"ပဲပြုတ်ဆီဆမ်းဆားဖြူး"


ထန်းပင်တက်လက်မှတ်ရသွားတော့ အိမ်ကြီးရှင်ကလည်း အားပေးတာနဲ့ နောက်ထပ် ပဲ၂ခွက်စာ ရေထပ်စိမ်ပြီး အပင်ထပ်ဖောက်ထားလိုက်တယ်။ ဒီတခါ ရေပိုထည့်တည်မယ်ဆိုပြီး ထည့်လိုက်တာ အိုးတက်တော့ ပဲနူးပေမယ့် ရေတွေကျန်နေလို့ မီးဖိုပေါ် ခနပြန်တည်လိုက်တယ်။ ရေခမ်းခါနီး တီဗီသွားမော့မိလို့ အောက်ဘက်ကပဲတွေ အိုးကပ်သွားရော။ တူးခြစ်မသွားတာ တော်သေးတယ်။

"ဒုတိယအကြိမ်ပြုတ်တဲ့ပဲ"


ဒီတခါ အများကြီးပြုတ်ထားတာမို့ အိမ်ကြီးရှင်အတွက် ရုံးမသွားခင်မနက်စာကို ထမင်းကို ပဲပြုတ်ထည့် ဆားဖြူး နှမ်းဆီဆမ်းပြီး ပြင်ပေးလိုက်တယ်။ နောက်တရက်တော့ ပဲပြုတ်နံပြားလုပ်စားတယ်။ နံပြားက စူပါက ဝယ်လာတာပါ။ ナン"နန်"လို့ခေါ်တဲ့ တြိဂံပုံ နံပြားရှိတာကို စမ်းသပ်ကြည့်ချင်တာနဲ့ ပီဇာအချပ်ပြား ဝယ်လာကြည့်တယ်။ ပါဝင်တဲ့ ingredients တွေ တူတာမို့ အရသာ အတူတူဘဲဖြစ်လောက်မယ်ထင်လို့။ တကယ်တန်းကျ ナンက ပိုကောင်းတယ်။ ဈေးကြီးပေးရတဲ့ ပီဇာချပ်က ပွမလာဘူး။ (နောက်ဆို ナンဘဲ ဝယ်တော့မယ်။)

"ပဲပြုတ်နံပြား နဲ့ ရေနွေးကြမ်း"


လက်ကျန်ပဲပြုတ်ကို ဒီမနက် ထမင်းနဲ့နယ်ပြီး အိမ်ကြီးရှင်အတွက် မနက်စာပါ။ ကိုယ်တိုင်ကျ ဒီအတိုင်းဘဲစားချင်တာမို့ ပလိမ်းပဲပြုတ်ပေါ့။ နေ့လည်နေ့ခင်းဘက် ပဲပြုတ်စားလိုက် ရေနွေးချမ်းသောက်လိုက်နဲ့ အတော်ဇိမ်ကျပါတယ်။ မလုပ်တတ်ရင် ငတ်တာမို့ စမ်းလုပ်ရင်းနဲ့ တတ်လာပြီလို့ အမေနဲ့ ဖုန်းဆက်ရင်း ပြောမိတယ်။

"ပဲပြုတ်ထမင်း"


ဒီကနေ့တော့ လက်ကျန်ပဲပြုတ် ပြတ်သွားပြီမို့ ပဲပြုတ်သည်ကြီး ရောင်းလို့ကုန်သွားပါပြီ။:D

18 comments:

ကိုလူထွေး said...

ဟောသည်က ...

ပဲပြို့တ်..................................

းဝ)

nu-san said...

ပဲပြုတ်ထမင်းစားပြီး ရေနွေးလေး သောက်ချင်လိုက်တာ.. ရှလွတ်..:D

ပုံကို ကြည့်ရတာ ဒုတိယတစ်ခေါက်ပြုတ်တဲ့ပဲကို ပိုကြိုက်တယ်.. ၀ယ်စားတဲ့ ပဲပြုတ်အတိုင်းပဲ.. :) ပဲပြုတ်သည်ကြီး ရောင်းကောင်းပုံရတယ်.. ဘယ်လောက်မြတ်လဲ.. ? :D

khin oo may said...

အတော်ဟုတ်လာပြီ
နိုင်ငံခြားမှာ စားတတ်ရင်လုပ်တတ်ရမဟဲ့ ဆိုတဲ့ဆောင်ပုဒ်နဲ့သွားကြတယ်ဆိုဘဲ တို့တော့မပါ
ချီးကျူးသွားပါသည်
လက်ရည်တက်လာတေသာကြောင့် ဒု ပဲပြူတ်ပိုကောင်းပုံရသည်။

ThuHninSee said...

ညီမရေ.. အစ်မပြုတ်တာ အခွံတွေကျွတ်ထွက်တယ်။ ရေများလို့လားမသိဘူး။ အကြံပေးပါအုံး။

Evy said...

စမ်းကြည့်အုံးမယ် အစ်မရေ..ကျေးဇူးပါ. ပဲပြုတ်နည်းလိုက်ရှာနေတာနဲ့ အတော်ပဲ. အိမ်မှာလည်း ပဲစိမ်းတစ်ထုတ်ဝယ်ထားတာ ဘယ်လိုပြုတ်ရမလဲမသိတာနဲ့ ဒီတိုင်းထားထားတာ.

စန္ဒကူး said...

စားချင်လိုက်တာ..ပဲပြုပ်ဆိုအမြီးလေးနဲ့မှ..
ဘာပဲလို့ပြောပီးဝယ်ရလဲပြောပြနော်.

ကျော်နှင်းဆီလွင် said...

အိုး!!!မိုင်ဂေါ့ဒ်
သူငယ်ချင်းရဲ့လက်စွမ်းကို
မျက်လုံးပြူးသွားတယ်
အဟဲ ..လုပ်စားကြည့်ဦးမယ်

rose of sharon said...

စားကောင်းမဲ့ပုံဘဲ.........

Rita said...

လုပ်တတ်ရုံတင် မကဘူး။ ပြင်လည်း ပြင်တတ်တယ်နော်။
အားးးး ကျ...

myatlaypan said...

(၁)ပဲ ကို ရေ အူမုတ် ၁ ရက် အတိ စိမ် ပါ
(၂)ရေ မှ ဆယ်ူပီး ၂-၃ ရက် တိတိ ရေ ၀တ် အုပ်ထားပါ
(၂) ပဲပြုတ် တခွက် ရေ တခွက်ခွဲ ထည်. ပါ
(၃) rice cooker နဲ. ချက်လို. ရပါတယ်
(၄) ချက်နေတုန်း အိုး ပေါ မှာ လေးတဲ. အရာနဲ. ဖိထားပါ
(၅)baking soda + ထန်းလျက် သိုကံသကာ သြိုကာညို (dark soy sauce) နဲနဲ ထည်.ပါ
(၄) အခွံမကျွတ်အောင် rice cooker ထဲ က ပဲ တွေကို bounty or thin clothes နဲ. အုပ် ထာုးပီး ချက်ပါ.

myatlaypan said...

(၁)ပဲ ကို ရေ အူမုတ် ၁ ရက် အတိ စိမ် ပါ
(၂)ရေ မှ ဆယ်ူပီး ၂-၃ ရက် တိတိ ရေ ၀တ် အုပ်ထားပါ
(၂) ပဲပြုတ် တခွက် ရေ တခွက်ခွဲ ထည်. ပါ
(၃) rice cooker နဲ. ချက်လို. ရပါတယ်
(၄) ချက်နေတုန်း အိုး ပေါ မှာ လေးတဲ. အရာနဲ. ဖိထားပါ
(၅)baking soda + ထန်းလျက် သိုကံသကာ သြိုကာညို (dark soy sauce) နဲနဲ ထည်.ပါ
(၄) အခွံမကျွတ်အောင် rice cooker ထဲ က ပဲ တွေကို bounty or thin clothes နဲ. အုပ် ထာုးပီး ချက်ပါ.

Evy said...

ပဲပြုတ်နည်းကိုအသေးစိတ်ပြောပြပေးတဲ့အတွက်ကျေးဇူးနော်..မမြတ်လေးပန်း

ပုံရိပ် / Pon Yate said...

ပဲပြုတ်လေးတွေက တော်တော်တူတယ်။ ကြည့်ရတာ ကောင်းမယ့်ပုံပဲ။

မြရွက်ဝေ said...

ကိုလူထွေး ---> ကုန်သွားပြီ~ :D

မနုစံ ---> ထောင့်ငါးရာ မြတ်တယ်ချင့် :P

မခင်ဦးမေ ---> စင်္ကာပူမှာ မြန်မာပြည်က စားစရာ အားလုံး ဝယ်လို့ရလို့ ဖြစ်ပါလိမ့်မယ်။ ဝယ်မရတဲ့နေရာမှာ နေရရင် တတ်သွားမှာပါ။

မသုနှင်းဆီ ---> ပဲကြောင့်ဖြစ်မယ်ထင်တယ် မမွန်ရေ။ ညီမသုံးတာ white peas ပါ။

Evy ---> ပဲပြုတ်နည်းက ကိုယ်တိုင်လဲ ကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်တာမို့ မရေးလိုက်တာ။ အင်တာနက်ထဲလိုက်ရှာရင် အများကြီး ထွတ်လာပါတယ်။ ကိုယ်သုံးတဲ့ပဲပေါ်မူတည်ပြီး ရေထည့်တာလဲ ကွာတယ်ထင်ပါတယ်။

မစန္ဒကူးမေ ---> ခုလုပ်ထားတာ အိန္ဒိယကလာတဲ့ white peas နဲ့ပါ။

ကျော်နှင်းဆီလွင် ---> それほどでもないですよ。:)

မရီတာ ---> ဓာတ်ပုံရိုက်မှာမို့ ပြင်ထားတာပါ။ :D

မမြတ်လေးပန်း ---> ပဲပြုတ်နည်း ရေးပြပေးလို့ ကျေးဇူးတင်ပါတယ်။ ညီမက ပဲပြုတ်အိုးထဲ ဆော်ဒါမထည့်လို့ထင်တယ် ဝေမကျပါဘူး။

မပုံရိပ် ---> ကျေးဂျူးအများကြီးတင်ပါတယ်။

Maung Z.H. Aung said...

I'm just wondering if anybody know how to call this pea in English?

Sorry for typing in English, I don't know how to type in Burmese. Thanks.

Unknown said...

日本語でなんと言う豆ですか?
最近いつも見ています。

Unknown said...

日本語でなんと言う豆ですか?
最近いつも見ています。

မြရွက်ဝေ said...

mama ---> 日本語にないと思います。カタカナでホワイトピースと言ってオンラインから買えます。私買ったのと同じ商品のリンクです。
http://item.rakuten.co.jp/veggie-shop/8904017003134/

返事が送れてすみませんね。

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP