မုန့်လုံးရေပေါ် စားချင်စိတ်ပေါက်လို့ စမ်းလုပ်ကြည့်တယ်။
ဆိုင်မှာ ကောက်ညှင်းမှုန့်စစ်စစ်လိုက်ရှာတော့ ဒီအောက်က တံဆိပ်ကို သွားတွေ့တယ်။ ကောက်ညှင်းမှုန့်၁၀၀%လို့ ရေးထားတယ်။ ပထမဦးဆုံး စမ်းလုပ်တာဆိုတော့ အထုပ်တဝက် (၁၀၀)ဂရမ် ကိုဘဲ ရေထည့်နယ်လိုက်တယ်။
ထန်းညက်မရှိတော့ "ကူရို့ဇတိုး" (kurozatou-黒砂糖) လို့ခေါ်တဲ့ ကြံသကာကို အတုံးလေးတွေဖြစ်အောင်ညှပ်ပြီး မုန့်လုံးထဲ ထာပနာလိုက်တယ်။
မုန့်လုံးတွေကို ရေနွေး ပွက်ပွက်ဆူထဲထည့်၊ ရေပေါ်တက်လာရင် ဆယ်ပြီး ရေခဲရေထဲ ခနစိမ်ထားလိုက်တယ်။ ရေစစ်ပြီးသွားတော့ အုန်းသီးခြောက်လေး ဖြူးလိုက်ပါတယ်။
အိမ်ကြီးရှင်က အတော်စားလို့ကောင်းတယ်ပြောတယ်။ (ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ။) ;)
ဆိုင်မှာ ကောက်ညှင်းမှုန့်စစ်စစ်လိုက်ရှာတော့ ဒီအောက်က တံဆိပ်ကို သွားတွေ့တယ်။ ကောက်ညှင်းမှုန့်၁၀၀%လို့ ရေးထားတယ်။ ပထမဦးဆုံး စမ်းလုပ်တာဆိုတော့ အထုပ်တဝက် (၁၀၀)ဂရမ် ကိုဘဲ ရေထည့်နယ်လိုက်တယ်။
ကောက်ညှင်းမှုန့်
ထန်းညက်မရှိတော့ "ကူရို့ဇတိုး" (kurozatou-黒砂糖) လို့ခေါ်တဲ့ ကြံသကာကို အတုံးလေးတွေဖြစ်အောင်ညှပ်ပြီး မုန့်လုံးထဲ ထာပနာလိုက်တယ်။
ကြံသကာ
မုန့်လုံးတွေကို ရေနွေး ပွက်ပွက်ဆူထဲထည့်၊ ရေပေါ်တက်လာရင် ဆယ်ပြီး ရေခဲရေထဲ ခနစိမ်ထားလိုက်တယ်။ ရေစစ်ပြီးသွားတော့ အုန်းသီးခြောက်လေး ဖြူးလိုက်ပါတယ်။
အုန်းသီးခြောက်
အိမ်ကြီးရှင်က အတော်စားလို့ကောင်းတယ်ပြောတယ်။ (ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ။) ;)
7 comments:
I am sure it is delicious as it seems so!!!
ကောင်းမှာသေချာပါတယ်။
စားချင်စရာလေး စုံစုံလင်လင်လေး
ရှားရှားပါးပါးအုန်းသီးခြောက်ဘယ်က၀ယ်လာသလဲ တို့တောင်မသိဘူး နောက်မှပြောပြဦးနော်
Seems very nice to eat. :)
ညီမလေးမြရွက်ဝေ..
စားချင်စရာ မုန့်လုံးရေပေါ်ပုံလေး တွေ့လို့ အလည်ရောက်အောင်လာသွားပါတယ်။း)
ညီမ ပုံလေးကြည့်ပြီး စားချင်သွားပြီ။ဒီမှာတောင် လုပ်မစားဖြစ်ဖူးလေ..
ကျန်းမာပျော်ရွှင်ကြပါစေ။
သတိရလျှက်
မုန့်လုံးလေးတွေကလှလှပပနဲ့ စားချင်စရာလေး
ဒါပေမယ့် မုန့်လုပ်တဲ့ အစာပလာတွေက အကုန်ရယ်ဒီမိတ်ချည်းဖြစ်နေတယ်...
Mon Petit Avatar ---> Thanks :)
မရှင်လေး ---> ကျေးဇူးအများကြီးတင်ပါတယ် အမ။
Kyaw Hnin Se Lwin --> အုန်းသီးခြောက်က Seiyu မှာ မုန့်လုပ်တဲ့材料တွေရောင်းတဲ့နေရာမှာ ရှိတယ်။
လွမ်းသုရင် --->
မဝါ ---> မဝါရေ တွေ့ရတာ အရမ်းဝမ်းသာတယ်။
မိုးငွေ့ ---> ကျေးဇူးပါ။ ဒီမှာ မြန်မာမှာ ဝယ်လို့ရတဲ့ ထန်းညက်တွေ အုန်းသီးတွေ မရှိပါဘူး။ ဝယ်လို့ရတဲ့ ကုန်ကြမ်းနဲ့ ရအောင်လုပ်ထားတာပါ။ ကောက်ညှင်းမှုန့်ကိုလဲ မြန်မာပြည်မှာဆို citymartက ဝယ်ပါတယ်။ ကိုယ်တိုင် အမှုန့်မကြိတ်တတ်ပါဘူး။ ထန်းညက်လဲ မကျိုတတ်ပါဘူးရှင်။
Post a Comment