Monday, October 29, 2007

အမှတ်တရ အိမ်ရှင်မ(၉)


ဝက်နံရိုးမျှစ်ချဉ်ဟင်း


ဈေးကြီးပြီး တခါတလေမှ တွေ့ရတဲ့ဝက်နံရိုးကို ဒီတခါတော့ ဈေးနဲနဲတော်တာနဲ့ ပျော်ပျော်ကြီးဝယ်ခဲ့တယ်။


ယိုးဒယားဆိုင် မျှစ်ချဉ်ဘူးလည်းရှိတော့ အတော်ဘဲ။



ဂျပန်လိုတော့ 竹の子塩水漬け (take no ko shiomizuzuke) တဲ့။ အကွင်းလိုက်လှီးထားတဲ့ スライス(suraisu)ရယ် အချောင်းလိုက်လှီးထားတဲ့ 千切り(sengiri)ရယ် နှစ်မျိုးရှိတယ်။ ဒီတခါချက်တာ スライスနဲ့။ သူ့ချည်းသက်သက်က သိပ်မနူးညံ့လို့ ထပ်ဝယ်ထားတဲ့ ရိုးရိုးမျှစ်တထုပ်နဲ့ ပေါင်းတည်လိုက်တယ်။ ခပ်ထုပ်ထုပ်နဲ့ ဝါးလို့ကောင်းလို့ えのき茸 (enokitake)ကို ဟင်းအိုးဆူလာတဲ့အချိန် ထပ်ထည့်လိုက်တယ်။ ရမ်းသမ်းcookချက်ကတော့ ပြောမဆုံးပေါင်ဘဲ။ ဒါတောင် ဟင်းအရောင်လှပြီး မွှေးအောင်လို့ Tom Yam Paste - トムヤムペースト ပါ ထည့်ထားသေးတယ်။

"အဲနိုကိမှို နဲ့ တုံယမ်းအနှစ်"



ဘယ်လိုလျှောက်ချက်ချက် အိမ်ကြီးရှင်ကတော့ K.O (kore oishii)ပေါ့။ အားပေးလိုက်တာ ပုံမှန် ညမနက်ချက်ထားတဲ့ ထမင်းအိုး မလောက်လို့ ထပ်တည်လိုက်ရတယ်။(°∨°)

4 comments:

nu-san said...

ဝေးး.. မှိုလေးတွေပါ ပါတယ်တော့.. စားချင်စရာကြီး. အမလည်း ခဏခဏ ချက်စားဖြစ်တယ်.. အမကတော့ သိပ်မကြိုက်ဘူး.. အဟီး.. ညီမလေးက ဂျပန်စာ ဖတ်တတ်တော့ တော်တော်အဆင်ပြေတယ်.. အမကတော့ မျက်မှန်းနဲ့ပဲ ၀ယ်ရတယ်.. အဆင်ပြေတဲ့အခါပြေ မပြေတဲ့အခါ မပြေဘဲ.. :D

Winkabar said...

လာလည်တယ်အစ်မရေ။ Happy Halloweenပါနော်။
ဆီဗုံးလေးထားပါလားအစ်မ။

Editor said...

winkabar ရဲ့ဘလော့ကနေ တဆင့်ဒီကိုရောက်လာတာ.. ဒီရောက်တော့သွားရေတော်တော်ကျသွားတယ်..စားချင်လာပြီ ၀က်နံရိုးမျှစ်ချဉ်ဟင်းကို။

မျှားပြာ said...

အစ်မ ဒါတောင် ကျွန်တော် မလာသေးလို့ နောက်မို့ဆို
ဆန်အိုးထဲက ဆန်ပါပြောင်မယ် .. လာလာငေးပြီး .. ပြန်သွားရတာ မမိုက်ပါဘူးဗျာ ..း)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP