Wednesday, January 16, 2008

ယောသူတို့ရွာ


အဖေ့ဘက်အဖွားက အထက်အညာကပေမယ့် ကျွန်မတို့ တခါမှ အညာကို မရောက်ဖူးပါဘူး။ အမျိုးတွေလည်း ခုထိ ရှိနေတုန်းပါဘဲ။ တခါတလေ ရန်ကုန်ကို သွားလည်လို့ သူတို့လာလည်တာနဲ့ ဆုံတတ်တယ်။ ဖွားလေး(အဖွားညီမအငယ်ဆုံး)က ကျွန်မတို့ စကားပြောရင် "ဪ- ဟုတ်လား" ဆိုတာနဲ့ဆင်တူ အညာစကားပြောပုံနဲ့ "ဪ- ဟုတ်ကဲ့လား"လားလို့ စကားထောက်လေ့ရှိတယ်။ "ဟုတ်ကဲ့လား"ကို ကျွန်မတို့က "ဟုတ်ရဲ့လား"လို့ ပြောတယ်ထင်လို့ အစကတော့ ကိုယ်ပြောတာဘဲ မယုံလို့လားဆိုပြီး စကားပြောရတာ အရှိန်ရပ်ရပ်သွားတယ်။ နောက်မှကိုယ့်ကို ဆက်ပြောလို့ရအောင် စကားထောက်ပေးမှန်းသိတော့တယ်။

ဖွားလေးလာရင် အညာလက်ဆောင်မုန့်တွေနဲ့ သနပ်ခါးတုံးတွေပါတတ်တယ်။ ယောအဆင်တော့ တခါမှမတွေ့မိဘူး။ ဒီဘက်အမျိုးတွေက ရန်ကုန်မှာနေတာများလို့ အညာဆင် ကြိုက်မယ်မထင်လို့ဖြစ်မယ်ထင်တယ်။ တွေးမိတော့လည်း ဟုတ်သား။ အဖေ့ဘက်ကအဒေါ်တွေ တခါမှ ယောအဆင်ဝတ်တာ မမြင်ဖူးဘူး။ ကျွန်မတို့ကတော့ အမေကအစ ယောအဆင်ကြိုက်တယ်။ နဂိုက ယောအဆင်ကို ပုဆိုးအနေနဲ့ဘဲ ဝတ်ခဲ့တာထင်တယ်။ နောက်တော့ ဘယ်သူထွင်လိုက်လဲမသိဘူး ထဘီအနေနဲ့ရော၊ အထက်အောက်ဝမ်းဆက်အနေနဲ့ပါ အမျိုးသမီးတွေ ဝတ်လာကြတယ်။ (ဦးလေးတစ်ယောက်ပြောတာ မှတ်မိသေးတယ်။ နင်တို့ အမျိုးသမီးတွေ ငါတို့ယောက်ျားလေးဝတ်တွေသမျှ ပုဆိုးဆိုလည်းလိုက်ဝတ် ရှပ်အင်္ကျီဆိုလည်းလိုက်ဝတ်နဲ့ ငါတို့ဝတ်စရာ နည်းကုန်တော့မယ်တဲ့။ မကျေနပ်ရင် လိုက်ပြန်တုဝတ်ပေါ့နော့။:D ) ယောအဆင်ထဲမှာ ဇီးရောင်နဲ့ မဲနယ်ရောင်က လူကို ပိုသန့်စေတယ်ထင်တယ်။ ကျွန်မကတော့ မဲနယ်ရောင်၊ မရမ်းရင့်ရောင် အရမ်းကြိုက်။

ယောအဆင်သာ သဘောကျတယ် အညာမှာ ယောရွာ ဘယ်မှာရှိလဲတော့ မသိပါဘူး။ အမှန်တော့ ယောသူတို့ရွာသီချင်း နားထောင်ရင်း စဉ်းစားခန်းဖွင့်နေတာ။ ရွာအငွေ့အသက်ဆန်တဲ့သီချင်းလေးနဲ့ အိမ်ကိုလွမ်းနေတာ။ "အမေနဲ့ရွာကိုလွမ်းတယ်" ဟင့်:(။ ဒီယောသူတို့ရွာကို နဂိုဆိုထားတာ သိန်းတန်(မြန်မာပြည်)ထင်ပါတယ်။ အခုသီချင်းက ပိုးဒါလီသိန်းတန် ပြန်ဆိုထားတာ။ ကာရာအိုကေသွားဆိုတုန်းက တောင်ကြီးသူဆိုတာနားထောင်ရင်း သဘောကျသွားတယ်။ နောက်သွားဆိုဖြစ်တိုင်းလည်း သူ့ကို ဆိုပြပါဟယ်လို့ တောင်းဆိုပြီး နားထောင်နေကျ။ သူမက တစ်ဆောင်လုံးမှာ အသံအကောင်းဆုံးလေ။ သူမဆိုတာ နားထောင်လို့ကောင်းတာရော သီချင်းလေးကလည်း ချစ်စရာမို့ အားလုံးလည်းကြိုက်ကြတယ်။ အားလုံးနားယဉ်လာတော့ နောက်ပိုင်း သံပြိုင်တွေပါလိုက်ဟစ်လို့ပေါ့။ သီချင်းကို myanmarmp3.net က ဒေါင်းလုပ်လုပ်ထားတာပါ။ နှစ်သက်ရင် က ပိုးဒါလီသိန်းတန်ရဲ့ စုံတောမြိုင်တေးစီးရီးထဲမှာ ရှိပါတယ်။

ယောသူတို့ရွာ

(ပုံပြတေးဆို ခုအခြေခိုက်စရာမို့
လုံမလေးကိုနော်ဗျာ သူ့အမေရိုက်ပါလို့
ဟိုးမှောင်မိုက်မှာတဲ့ ရှိုက်ရှိုက်ကာ ငိုသံတွေ
ကြားရသူ ပူဗျာပါပွေ အိုလေမနေတတ်ပြီမို့
လာလာလေလိုက်ခဲ့ပါတော့ မောင်တို့ဌာနေ ချစ်သောအညာမြေ) x ၂

(မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ်/ပါတယ်
ပင်ထနောင်းနဲ့ ထန်းပင်တွေရယ် မကျည်း ဝါးပင် ပေါပါတယ်/ခင်ဗျ) x ၂

(ပင် ပင်နီချောရယ်နဲ့ ယောထဘီ ယောထဘီ
မောင့်ချစ်သူလေးကိုလ ဆင်ပေးချင်သည် လှစေချင်သည်) x ၂

ပိတ်အကျီင်္ီမှာ ကြွေတွေစီလို့ ပိတ်အကျီင်္ီ ပိတ်အကျီင်္ီမှာ ကြွေတွေစီလို့
ကျောက်သံကပေါ-- ယော ---- ယောသူတို့ရွာ

(လိုက်ခဲ့ပါလားကွယ် ချစ်သဲရေ ပစ်မခွဲလေ
ပင်ပန်းရင်လည်း မောင့်ရင်မှာ အပန်းဖြေ) x ၂
သွားအတူတူ လာအတူတူ ယုယုယယမောင်ချစ်မှာပါလေ



11 comments:

nu-san said...

အမလည်း ယောထမီကြိုက်တယ်.. ကျောင်းတက်တုန်းကဆို ယောထမီပဲ ၀တ်တာများတယ်.. အဲဒီ ထမီက ယဉ်တယ်နော်.. နောက်ပိုင်းတော့လည်း ဈေးကြီးပြီး အသားသိပ်မကောင်းတော့ဘူး.. သီချင်းလေး နားထောင်သွားတယ် ညီမလေးရေ.. :)

Chit Lay Pyay said...

အမတို့ ကျောင်းတက်တဲ့ နှစ်တုံးကလဲ ယောအဆင်တွေ ခေတ်စား သေးတယ်၊ အမက အကို့ လုံချည် ယူဝတ်လို့ အဆူခံရသေးတယ်၊ နောက်တော့ အမေက ၀ယ်ပေးလို့ ၀တ်လိုက်ရတယ်၊ ကျောင်းစိမ်းတောင်မှ ယောလုံချည် ဆင်မျိုးကို မှ ၀တ်တာ၊ သီချင်းလေးလဲ ကောင်းတယ်၊ နားထောင် သွားတယ်နော်၊

သဇင်ဏီ said...

ပင်နီချောရယ်နဲ့ ယောထမီ ယောထမီ :)
သွပ်လဲ ယောထမီကြိုက်မှကြိုက်

ရွှန်းမီ said...

အဲဒီသီချင်းလေးက မီ့ အတွက်တော့ ရယ်ရသလိုပဲ . .
'မောင်တို့ရွာမှာ barbar တွေ ပေါပါတယ်' ဆိုလား .. . .
တော်ကြာ အတင်းဝိုင်းဆွဲပြီး ကေခုတ်ခံနေရဦးမယ်.. ;-) နောက်တာပါ. .
မြန်မာဆန်ဆန် သီချင်းလေးပေမယ့် ဟာသဆန်ဆန် အတွေးလေးတွေ ၀င်လာတော့ . .

ရွှန်းမီ said...

ဒါနဲ့ ယောနယ် ဆိုတာ ဘယ်နားကလဲ ဟင် ?

ထွန်း said...

ယော စော သီပေါ ဆေးမတိုးဘူးတဲ့ ဟတ်ဟတ် ဟုတ်မလား မသိပါဘူး။ ခုထိ တ၀ဲလည်လည် ရောက် ရောက်နေတယ်...

su wai said...

အမရေ...ဆုဝေလဲ ယောလုံချည်ဆို ကြိုက်မှကြိုက်...ကိုယ်တိုင်ဝတ်ဖို့ ကြိုက်သလို သူများဝတ်ထားရင်လဲ သဘောကျတယ်။ ယောက်ျားလေးတစ်ယောက် ရှပ်အင်္ကျီအဖြူနဲ့ ယောပုဆိုးလေး ၀တ်ထားရင် မြင်ရတာ ကျက်သရေရှိတယ်။ ရုပ်ချောတာ မချောတာထက်လေ။

diLo said...

sis..i like tis post..n d song..
oh and..wat is yaw..lone gyi? :P

Mhaw Sayar said...

ယောနယ်ဆိုတာ မကွေးတိုင်းထဲမှာ ရှိတယ်ဗျ။ ပုံတောင်၊ ပုံညာ ခေါ်တဲ့ ပေ ၄၀၀၀ ကျော် ဝန်းကျင် ရှိတဲ့ တောင်တန်းတွေရဲ့ အနောက် ၊ မြန်မာပြည်မှာ ရှိတဲ့ တောင်က မြောက် ပြောင်းပြန်စီးတဲ့ မြစ် ၂ စင်း ၊ ၃ စင်းထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ မြစ်သာမြစ် တောက်လျောက် နှင့် ယောချောင်း တောက်လျောက် မြေနုလွင်ပြင် နယ်မြေ တွေကို ယောနယ်လို့ ခေါ်တာပါပဲ။

အရင် ၉၇ လောက် အထိတော့ ယောနယ်က ပခုက္ကူခရိုင်ထဲမှာ ပါတယ်။ နောက်ပိုင်းမှာ ဆော ၊ ထီးလင်း၊ ဂန့်ဂေါ ဆိုပြီး ယော (၃) မြို့ ပေါင်းပြီး ခရိုင်တစ်ခု ပေးလိုက်တယ်ဗျ။ ဂန့်ဂေါ ကတော့ ခရိုင်မြို့ပေါ့။

ရှေးတုန်းက ယောမင်းကြီး ဦးဘိုးလှိုင် အပိုင်စားရတဲ့ ယောမြို့ကတော့ အခု ရွာကြီး အဖြစ်နဲ့ပဲ ဆောမြို့နယ်ထဲမှာ ကျန်ခဲ့တယ်ဗျ။ နောက် သီပေါမင်း မယ်တော် လောင်းရှည် မိဖုရား အပိုင်စားရတဲ့ လောင်း ရှည်မြို့ ဆိုတာလည်း အဲဒီ ဆောမြို့နယ် ထဲမှာပဲဗျ။

နောက် ယောနယ်မှာကိုက တောင်ယော နှင့် မြောက်ယော ဆိုပြီး ၂ ပိုင်း ရှိတယ်ဗျ။ အခု အပေါ်က ပို့စ်ထဲမှာ ပါတဲ့ ယောလုံချည် ကောင်းကောင်း နဲ့ ထောပတ်ပဲ၊ မတ်ပဲ စတာတွေ ထွက်တာကတော့ မြောက်ယောလို့ ခေါ်တဲ့ ထီးလင်း၊ ဂန့်ဂေါ ဘက်ပဲ။ တောင်ယောလို့ ခေါ်တဲ့ ဆောနယ် ဘက်ကတော့ ဘာမှ ထူးထူး ခြားခြား ထွက်တယ်မရှိပါဘူး။ ထူးခြားတာက မြောက်ယောနဲ့ စကားပြောတာ မတူပဲ ကွဲတာပဲ။ ထီးလင်း၊ ဂန့်ဂေါဘက်က စကားပြောတဲ့ လေသံနဲ့ ဆောဘက်က စကားပြောတဲ့ လေသံ မတူဘူးဗျ။

တစ်ကယ်တော့ ယောနယ်ဟာ နယ်စပ် ဒေသလည်းမဟုတ်၊ မြို့ပြနဲ့လည်း မနီးနဲ့ ဘယ်စီမံကိန်း နယ်ထဲမှာမှလည်း မပါနဲ့၊ တစ်ကယ့်ကို ခေါင်ပြီး အရိုးခံသက်သက် ကျန်ရစ်ခဲ့တဲ့ ဒေသတွေပေါ့ဗျာ။ အဲဒါတွေကို အခွင့်ကောင်းယူပြီး လုပ်စားကြတဲ့ စာရေးဆရာ တစ်ချို့ကြောင့် ယောနယ်ဟာ နာမည်ကြားရုံနဲ့ ကြောက်စရာ ကောင်းတယ်လို့လည်း အထင်ခံကြရ ပါသေးတယ်။

အောက်မှာ မြေပုံကြမ်း တစ်ခုတော့ မနိုင်းနိုင်း ဘလော့ဂ် က တစ်ဆင့် ယူပြီး ပြလိုက်တယ်ဗျာ။ အဲဒီမှာ ထီးလင်း ဆိုတဲ့ မြို့ တစ်မြို့တော့ မြေပုံထဲမှာ မပါပဲ ကျန်ခဲ့တယ်ဗျို့။

http://i44.tinypic.com/de32g0.jpg

(စကားမစပ် - ကျွန်တော် ယောသားပါ။ တောင်ယော လို့ ခေါ်တဲ့ ဆောမြို့ ကဆိုပါတော့) :)

သီချင်းလည်း နားထောင်သွားပါတယ်။ ကျေးဇူးတင်ပါတယ်။

မိုးကောင်းသူ said...

"ယောနယ်ဆိုတဲ့" ကော့မန့်တွ့လိုက်တာနဲ့ မွှေနှောက်ပြီး ရှာဖတ်သွားပါတယ်ရှင်။ မြစ်သာမြစ်ရဲ့ရေကိုတောင် သတိရလာတယ်။ ပြီးတော့ယောက စကားပြောတာလေးတွေ တကယ်ကိုချစ်စရာကောင်းတာ။

ကိုထိုက် said...

ကျွန်တော် ယောသား စစ်စစ်ပါ..ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဆေးမင်းတောရွာ ကပါ..နာမည် ရင်းပျောက်ပြီး ယောကြီးလို့ ခေါ်ကြတာ ယော အကြောင်း သိချင်တဲ့သူ မေးချင်တာ မေးဖြေပေးမယ် ကျေကျေ နပ်နပ် ကြီးဖြေပေးမယ် .. zenithsoe@gmail.com

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP