(သုံး)
ပြောင်းဆန်သည် ကြမ်းတမ်းလှချေ၏။ ပြောင်းထမင်းကို စားရသည်မှာ လည်ချောင်းကို ထယ်ထိုးဆင်းသွားသည်ဟုပင် ဆိုစမှတ်ပြုကြ၏။ ငစိန်ဆန်သည်လည်း ဆန်ထဲတွင် အကြမ်းတမ်းဆုံး အမျိုးအစားဟု ဆိုရပေမည်။ ပဲနောက်စိမ်း၊ ပဲလွန်းနှင့် ပဲယဉ်းတို့သည်လည်း ဖွယ်တယ်တယ်ပင်။ အစေးဘက်တွင် မပါ။ အကြမ်းဘက်တွင် နွယ်နေပေသည်။ သို့သော် အချိုးကျ ပေါင်းစပ်လိုက်သောအခါ တမျိုးစီ၌ မူလကရှိနေသော အကြမ်းစွမ်းရည်များ ယုတ်လျော့သွားလေတော့သည်။ အနေတော် စားကောင်းရုံ ဖြစ်လာ၏။ သုံးမျိုးပေါင်းစပ်ထားသဖြင့် သုံးလုံးတင်ထမင်းဟု ခေါ်သည်။ ဆီနှင့်ဆားကို အနေတော် အဖော်ပြုလိုက်ပါလျှင် ဟင်းပင်မလိုတော့။ ဆရာမုန်းအတွက် သူ့ချည်းပင် ထမင်းမြိန်လှသည်။
ပေါင်းစည်းမှု၏ အာနိသင်ပေတည်း။
တောင်က လာမှ..... မိုး၊
ဒေါင်ဒေါင်မြည်မှ..... အိုး၊
သုံးလွန်းတင်မှ..... ကြိုး ဟူ၍ ဆိုရိုးစကားရှိခဲ့သည်။ ကြိုးတချောင်း ဖြစ်ပေါ်လာစေနိုင်သော အရင်းခံအင်အားကလေးများကို ကြည့်ပါ။ ဘာမျှစွမ်းရည်မရှိ။ ပိုက်ဆံလျှော်တမျှင်၊ သင်ကြိုးတချောင်း၊ ထန်းဖုံးဆံတစ၊ သမန်းမြက်တချောင်း၊ တခုစီသည် ပြောပလောက်အောင် ခိုင်ခံ့မှုမရှိ။ ၎င်းတို့ကို ပေါင်းစည်းကျစ်လိမ်လိုက်သောအခါ ကြိုးတချောင်းဖြစ်လာတော့သည်။ ဆင်ကိုပင် ချည်နိုင်ပေ၏။
သုံးလွန်းတင်ကြိုးကို အမှီပြု၍ မှည့်ခေါ်ထားသည့် သုံးလွန်းတင်ထမင်းမှာမူ ပေါင်းစည်းမှုအင်အားကြောင့် အကြမ်းစွမ်းရည်များ ပပျောက်သွားပြီး အနုစွမ်းရည်သစ် ဖြစ်ပေါ်လာသည်။ စားကောင်းသည့် အရသာ ထပ်မံတိုးလာပေသေး၏။
ဟင်းလေးသည်လည်း ထိုနည်းတူပင်။
စွန့်ပစ်ရတော့မည့် ဟင်းကျန်များကို စုစည်းကျိုချက်ရာမှ ဖြစ်ပေါ်လာသည့် ဟင်းတခွက်ပေတည်း။ စဉ်းစားကြည့်လျှင် စားချင်ဖွယ်ပင် မရှိချေ။ အလှူအတန်း၊ ဘုရားဆွမ်းချ၊ အသုဘဆွမ်းသွတ် စသည့် သာရေးနာရေးများ ကြုံလာရလျှင် ဘုန်းတော်ကြီးကျောင်းများအတွက် စားမကုန်လောက်အောင်ပင် ဆွမ်းများ၊ ဟင်းများ အလျှံပယ် ပေါတတ်ချေသည်။ ဆွမ်းများကို သွန်ပစ်ရမည့်အစား ထမင်းခြောက်လှမ်းသည်။ ရှားပါးသည့်အခါ ဆန်ပမာ ချက်စားနိုင်သည်။ ဟင်းကျန်များတွင်လည်း သိုးတတ်သောဟင်းနှင့် မသိုးနိုင်သောဟင်းဟူ၍ နှစ်မျိုးတွေ့ရမည် ဖြစ်သည်။ မည်သို့ဆိုစေ တညထက်ပိုသိပ်၍ မကောင်းတတ်ချေ။ မသိုးသော်လည်း မစားသင့်ပြီ။
ထိုသွန်ပစ်ရမည့် ဟင်းများကို စုပေါင်း၍ အိုးကြီးထဲတွင် ထည့်သည်။ ဝက်၊ ကြက်၊ အမဲလည်းပါသည်။ သရက်ချဉ်၊ ပဲချဉ်၊ နှမ်းဖတ်ချဉ်တို့လည်း ပါသည်။ ငရုတ်သီးကြော်၊ ချဉ်ပေါင်ရွက်ချက်၊ ငါးခြောက်ကြော်တို့လည်းပါသည်။ ကဆစ်သီးချက်၊ မှိုဟင်း၊ မျှစ်သုတ်စသည့် သောင်းပြောင်းထွေလာ ပါချင်သည့်ဟင်းလည်း ပါတတ်လေသည်။ ရရာ ကျန်ရာဟင်းများကို ရွက်အိုးပမာဏရှိသည့် မြေအိုးကြီးထဲတွင် စုပေါင်းရောထည့်ပြီး မီးနည်းနည်းဖြင့် လှုံတော့သည်။
ဒန်အိုး၊ ကြေးအိုးစသည့် သတ္တုအိုးများကို သုံးလေ့မရှိကြ။ သတ္တုဓာတ်နှင့် ဟင်းမျိုးစုံ တွေ့ထိပေါင်းဆုံပြီး မတည့်သောဓာတ်များ ဖြစ်ပေါ်လာကာ ဝမ်းလျှောတတ်သည်ဆို၏။ သတိထားပြီး ရှောင်ကြလေသည်။ ထိုဟင်းလေးအိုးကြီးကို မီးဖိုနားတွင် ထားတော့သည်။ အခွင့်အခါသင့်တိုင်း မီးဖိုပေါ်တင်၍ လှုံရသည်။ နေ့စဉ်ကျန်သည့်ဟင်းများကိုလည်း ထပ်၍ ထပ်၍ ထည့်သည်။ ရေကုန်လျှင် ရေစွက်ပေးသည်။ အမြဲပူနေသဖြင့် သိုးချိန်မရှိ။ သိုးစေဦးတော့ စားချိန်တွင် ပွက်ပွက်ဆူအောင် နွေးပေးလေ့ရှိသဖြင့် ရောဂါပိုးများ လုံးဝမဝင်ရောက်နိုင်။
ဟင်းလေးအိုး စတင်တည်စ တရက် နှစ်ရက်တွင်မူ ပြောလောက်အောင် အရသာ မတွေ့သေး။ စုပေါင်းထားသော ဟင်းတမျိုးစီ၏ စွမ်းအင်များ မမှိန်သေးဟု ဆိုကြသည်။ နောင်တွင်မူ ကြာလေ ကောင်းလေ။ ဟောင်းလေ သစ်လေ။ ဟင်းလေးသည် အိုမှ ပို၍ စားကောင်းလေသည်။ စပ်သည်ဟုလည်း မဆိုသာ။ ချဉ်သည်ဟုလည်း မပြောနိုင်။ ဆိမ့်သည်ဟုလည်း သတ်မှတ်၍မရ။ ငန်သည်ဟုလည်း ပြော၍မဖြစ်။ ဖန်သည့်ဘောင်ထဲမှာလည်း မဝင်။ တခုတော့ ပြောနိုင်သည်။ လေးလေးပင်ပင်နှင့် ထူးခြားသော အရသာတော့ ရှိသည်။
ကျောင်းသားတို့သည် မ'တရာသားများ ဖြစ်၏။ အမျိုးမျိုးသော မိသားစု၏ အုပ်ထိန်းမှုများနှင့် ပတ်ဝန်းကျင်တို့ကလည်း အတော်အသင့် ပုံသွန်းပြုပြင်ပေးလိုက်သေးသည်။ ပုံစံအမျိုးမျိုး မူလတန်းကျောင်းသို့ ရောက်လာကြသည်။ ဉာဏ်ထက်သူလည်းပါမည်။ မှန်တမ်းရှိသူလည်း ပါမည်။ ထိုင်းမှိုင်းလေးလံသူတို့လည်း ရောက်လာကြမည်။ ရဲတင်းလွန်းသော ကလေး၊ ကြောက်ရွံ့၍ လူထဲသို့ မဝင်ရဲသောကလေး၊ အရာရာတွင် အနိုင်ယူလိုသောကလေး၊ စိတ်အားငယ်တတ်သောကလေး၊ ကျန်းမာသန်စွမ်းသောကလေး၊ ကျန်းမာရေး ချို့တဲ့သည့် ကလေး စသည် စသည်ဖြင့် စုံတကာစေ့အောင် ပါကြမည် ဖြစ်သည်။
ကျောင်းသည် မတူညီကြသော ကလေးတို့ လာရောက်စုပေါင်းသည့် ဌာနဟု ဆိုနိုင်ပေသည်။ တဖန် တူညီသော ပညာရပ်၊ တူညီသော စွမ်းအင်နှင့် တူညီသော စာရိတ္တတို့ဖြင့် ပုံသွန်း မွေးထုတ်ရာ ဌာနလည်း ဖြစ်ပေသည်။ ဆရာမုန်းသည် ကြံကြံဖန်ဖန်ပင် မိမိကျောင်းသားများနှင့် ဟင်းလေးအိုးကို နှိုင်းယှဉ်သဘောပေါက်မိသည်။ မလိုလားအပ်သည့် အရည်အချင်းနှင့် စွမ်းရည်များ ရှိနေသည့်ကလေးကို မပြုမပြင် မသွန်သင်ဘဲ လျစ်လျူရှုထားမည်ဆိုပါက ဟင်းတမျိုးစီကို ဒီအတိုင်းထားလျှင် သိုးတတ်သကဲ့သို့ လူလောကတွင် လူရာမဝင်နိုင်တော့ပဲ အပယ်ခံ လူညံ့၊ လူသွမ်းကလေးများဖြစ်ကာ မုချ ပျက်စီးလေတော့မည်။ ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်ပေးမည်။ သူ့ကိုယ်သူလည်း ပျက်စီးမည်။
ဟင်းလေးကျိုခြင်းသည် စုပေါင်းနည်း၊ ဝိုင်းကြီးချုပ်စနစ်ဖြင့် ပုံသွန်းပေးခြင်းနှင့် တူပေသည်။ ကောင်းသည့်ကလေးရော၊ ဆိုးသည့်ကလေးရော၊ ညံ့သည့်ကလေးပါ ကျောင်းဟူသော လောကတွင် ထည့်မွှေပုံသွန်း ပြုပြင်ပေးရလျှင်.....။
ကျောင်းတက်သံချောင်းခေါက်သံ ကြားလိုက်ရသည်။
"တပည့်တော်ကို ခွင့်ပြုပါဦးဘုရား။ သံချောင်းခေါက်ပြီမို့ ဟင်းလေးကျိုသွား။ အဲ... အဲ စာသင်သွားပါတော့မယ် ဘုရား"
ဆရာမုန်းသည် ဦးပဉ္စင်းများကို ဝတ်ချကန်တော့ခဲ့၏။
ဦးပဉ္စင်းများ ပြုံး၍ ကျန်ရစ်ခဲ့ကြသည်။
XXXXX
(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)






ထီးဆောင်းလဲ မိုးအမှုန်တွေလွင့်လို့ ခေါင်းအထိ စိုကုန်ရော။ ကျောင်းအဝင်ဝရောက်တော့ မိုးက တဖြည်းဖြည်း စဲလာပြီ။ သုံးထပ်က စာသင်ခန်းပေါ် တက်လာရင်း မိုးတိတ်လို့ နေတောင်ပြူလာသေး။ ဟင်! ခုနက သူဘဲ သည်းသည်းမည်းမည်းရွာပြီး ခုကျ နေပူလို့။ အခန်းထဲရောက်တော့ ကြွက်စုတ်ဖြစ်နေတာ ဒီအဆောင်သူ၇ယောက်ဘဲ။ ကားရှိတဲ့ သူငယ်ချင်းက ရေစိုအဝတ်တွေလဲဖို့ အဆောင်ပြန်လိုက်ပို့ပေးရတယ်။ ဒါမျိုးက ခဏခဏကြုံနေကြ။ ဪ ရန်ကုန်မိုး ရန်ကုန်မိုး။ ရန်ကုန်သား အစိုးမရတာကတော့ ရည်းစားဖြစ်မှ သိသွားပြီ။ ရာသီဥတုလိုဘဲ၊ ခုနေသာ တော်ကြာ မိုးကောက်ရွာ၊ ခုတိမ်ကင်းစင် ခနနေ လငပုတ်ဖမ်း အတော်မြန်ပါ့။ တွေးရင်းတောရင်း အတင်းအုပ်တဲ့ဆီ ရောက်သွားပြီ။ 
ဖျားလို့မဖြစ်ပါဘူး။ တော်ကြာ "တောင်ဝှေးလဲတော့ ဖိုးသူတော် ထူနိုင်ပြီး ဖိုးသူတော်လဲတော့ တောင်ဝှေးမထူနိုင်"ဖြစ်နေမှာ။ အမြဲချူနာပါနာ ကိုယ်ခန္ဓာက နေ့တိုင်း ဟိုနားကိုက် ဒီနားနာတာကလွဲပြီး အဖျားမလွယ်လို့ တော်သေးတယ်။ အရင်ကဆို လတိုင်းနီးပါး ဖျားတာ၊ အမေနဲ့နေတော့ ဖျားရင် "အမေ့! အဟင့်!"ဆိုပြီး ဂျီလို့ရတယ်။ ဒီမှာဖျားလို့က "ယောက်ျား! အဟင့်"လုပ်နေလို့လဲ သူက အမေ့လို လူနာပြုစုတတ်တာမဟုတ်။ အချိန်တန် ရုံးသွားရပြီ။ ကိုယ့်တစ်ယောက်ထဲကျန်တော့ ကိုယ်လုပ်မှ ဖြစ်မှာတွေ လိုက်လုပ်ရတာပေါ့။ (အမေ့အိမ်ကိုဘဲ အမေ့သမီး လွမ်းပါသည်။ :D) အလုပ်ရှုပ်တဲ့နေ့ကျ ဘာတွေရှုပ်မှန်းမသိ မပြီးနိုင် မစီးနိုင်။ အိမ်အလုပ်က ကိုယ့်ဘာသာ ရပ်လိုက်မှ ပြီးတာ။ ဒီတော့ ဘလော့လိုက်လည်မည်၊ မနက်ပိုင်း အိမ်အလုပ်တွေ Stop!! အလည်လွန်ပြီး ညနေပိုင်းရောက်မှ ဈေးသွားဟင်းချက်ဖို့ ကမန်းကတန်း လုပ်ရပေါင်းလဲများပြီ။ (တော်တော်ကို အလုပ်တွေ များနေတာ)
air con ဖွင့်ပြီး စောင်ချုံထဲ ကြွက်မင်းစည်းစိမ်တက်နေတော့တာ။ မိုးလေးပါ ရွာလို့ကတော့ ဘာပြောကောင်းမလဲ (ဘာမှ ပြောမကောင်းဘူး။) စာရေးမယ်ကြံတော့ ပူအိုက်လို့ အကြံမထွက်၊ မိုးရွာတော့ လွမ်းလွမ်းဆွေးဆွေးကြီးမို့ စာမရေးချင်၊ ဆောင်းကျ အေးလို့ ထချင်ဘူး။
ပျင်းရိခြင်းကလဲ ၆ပါးသာ ရှိပေလို့ဘဲ။ အားလုံး ကိုယ့်ဆီလာစုနေသလားမှတ်ရတယ်။ gtalk ရဲ့ custom massages မှာ "အေးသည်/ပူသည်/မိုးချုပ်သည်/စောသည်/ဆာသည်/ပြည့်အင့်သည် အင်းမ်... ၆ပါးဘဲရှိပေလို့သာပေါ့"လို့ ရေးတင်ထားမိတော့ အိမ်က အမက "ဘတ်စ်ကား ကြပ်သည်။ မိုးရွာသည်။ ရေကြီးသည်"လို့ လာထပ်ဖြည့်ပေးတယ်။
(အကြံပေးကြပါ)။ ဖတ်တဲ့သူတွေလဲ ကိုယ့်လို half-feel ကြီး ဖြစ်မှာစိုးရဲ့။ ပျောက်နေနဲ့စာတွေရဲ့ ရှေ့နဲ့နောက် စာမျက်နှာတွေကို ၂ခေါက် ၃ခေါက်လောက် ဖတ်ကြည့်လိုက်တော့ နဲနဲပါးပါး ဆက်စပ်မိလာတယ်။
မဟုတ်ရင် ဆေးထိုးအပ်ကြီး ကိုင်ပြီးလာရင် ဒွတ်ခ။ syringephobia ပါဆိုမှ။ ရေးတော့ရေးမယ် မKOMရေ၊ ဦးနှောက်ကို ညှစ်ကြည့်ဦးမယ်။
)
စာတွေအများကြီးရောက်နေပါလားပေါ့။ အရင်က နေ့တိုင်းစစ်နေတာ တနေ့တစ်စောင်တောင်မရောက်တဲ့ မေးလ်တွေက အခုအများကြီးရောက်နေတော့ ပျော်သွားတယ်။ သူငယ်ချင်းလဲမရှိတော့ ဘလော့ရယ် မေးလ်တွေရယ်နဲ့ အဖော်လုပ်နေရာတာ။ မေးလ်တွေ ဖတ်ရင်းနဲ့ အပျော်မျက်နှာက မဲ့ချင်လာတယ်။ ကိုယ့်ဆီရည်ရွယ်ပြီးပို့ထားတာ ၃စောင်ထဲရယ်။ ကျန်တာက forwardမေးလ် နဲ့ စပန်မေးလ်တွေ။ စပန်မေးလ်တွေကိုတော့ သိသလောက် report spamထဲရောက်အောင်လုပ်ထားတော့ တချို့မသိတာတွေလောက်ဘဲ Inbox ထဲ ရောက်နေတာပါ။ စိတ်ပျက်ရတာက forwardမေးလ်တွေကြောင့်။ သူငယ်ချင်း တစ်ယောက်က forwardမေးလ် အရမ်းပို့တယ်။ တချို့က တခါတလေမှ ပို့တာပါ။ မေးလ်ရောက်လို့ ကြည့်လိုက်တိုင်း forwardမေးလ်ဆိုရင် ဟွန့်!ဆိုပြီးဖြစ်ရတာထက် စိတ်ရှုပ်လာရတာက အဲဒီထဲက "ရွှေပေလွှာ"မေးလ်တွေကြောင့်။ forwardမေးလ်ထဲမှာက သံသရာအလည်ဆုံးက "ရွှေပေလွှာ"မေးလ်တွေ ဖြစ်မယ်ထင်ရဲ့။
၊ ဘယ်သူမှတာဝန်ပေးတာမဟုတ်လဲ ကိုယ့်ဘာသာကိုယ် အားကြိုးမာန်တက်ဖတ်။ ကွန့်မန့်တွေလဲ သွားမပွတ်နိုင်။ ကိုယ့်ဘလော့အတွက်လဲ ပို့စ်မတင်ဖြစ်။ ခရီးသွားပို့စ်ကလဲ သွားတာတွေများထားတော့ စဉ်းစားရေးရဦးမယ်။ မုဒ်ဝင်တဲ့အခါပေါ့။
မနက်က O-wayမှာ ကိုဇနိရေးတာဖတ်ရင်းမှ ဆရာကြူရတာနာ မောင်မြကြိုင်ရဲ့ "ဆရာမုန်းရဲ့ ဝတ္ထုတိုများ"ကိုလဲ ဆက်ရိုက်ဖို့ သတိရတော့တယ်။ စာအုပ်က အထူကြီးရယ်၊ စာရိုက်တာကလဲ လိပ်ကလေး ကီးဘုတ်ပေါ်တက်ပြေးတာကမှ မြန်မယ်ဦးမယ်လေ။ ဒီတော့ မကြာမီ လာမည် မျှော်---ဟော်---ဟော်----
။
