Sunday, January 25, 2009

ဒိုကိဒိုကိ (dokidoki)


---> (ရစ်စရာ စကားစရ၍) ခုတလော ဘလော့တွေအတော်များများမှာ ဖတ်ရတယ်။ ယောက်ျားများဟာ အိမ်ထောင်ကျပြီးရင် ကိုယ်ချစ်လို့ ယူခဲ့သူကို သိပ်ဂရုမစိုက်ကြတော့ဘူးတဲ့။ မှန်တယ်နော်။
မခင်ဦးမေဆီမှာလည်း တွေ့တယ် အသစ် အသစ်!တဲ့။ ဟုတ်တယ်မှတ်လား?

---> အာ~~ လုပ်ပြီ။ မဟုတ်ပါဘူး။

---> ဟွန်~ ဒါပေမယ့် အရင်ကလို ဒိုကိဒိုကိ ခံစားရတာ မရှိတော့ဘူးဟုတ်!!

---> ဒိုကိဒိုကိဆိုတာ ရည်းစားဘဝတုန်းက ခံစားရတာမျိုး။ အမြဲတန်း နေ့တိုင်း အချိန်တိုင်း တွေ့ရတဲ့သူတွေမှာ ခံစားရတာမဟုတ်ဘူး။

---> (သဘောပေါက်သော်လည်း ရစ်ချင်၍) အင်းမ်... ဒါဆို လေဆိပ်ကိုလာကြိုတုန်းကရော?? (နှစ်ရှည်လများ ခွဲထားရသဖြင့်)

---> ဒါပေါ့။ ခုန်တာပေါ့။ ဒိုကိဒိုကိ။

---> (တကယ်ဟုတ်မဟုတ်မသိ။ စိတ်ထဲမှ ကျေနပ်သော်လည်း မယုံချင်ဟန်ဆောင်ပါသည်။) အင်းးးးးးမ်... ဟုတ်သားများဘဲ။ ကိုယ်တိုင်လည်း လေဆိပ်မှာတုန်းက အတော်ရင်ခုန်တာ။ လာကြိုတာ ရှာမတွေ့ရင် ဘယ်လိုလုပ်ရပါ့ဆိုပြီးတော့။

---> တိန်! ဟား~ ဟား~ ဟား~


"အဓိပ္ပါယ်ဖွင့်ဆိုချက်"
ဒိုကိဒိုကိ (dokidoki) ---> "တဒိန်းဒိန်း" (စိတ်လှုပ်ရှားခြင်း၊ ဒိန်းဒလိန်းနတ်ဖန်းစားခြင်းကြောင့် ထွက်ပေါ်လာသော ရင်ခုန်သံအား ဂျပန်အသံထွက်ဖြင့် ရေးဖွဲ့ခြင်း။)


"စကားစရစေသောဘလော့များ"
မခင်ဦးမေ (NATURE OF MEN--> http://khinoomay77.blogspot.com/2009/01/blog-post.html)
"ဒီမှာ မှတ်ထား ဘို့က ငါ အဟောင်းတွေ ကို လုံးဝ စိတ်မဝင်စားဘူး.. အသစ် အသစ် ဘဲ စီတ်ဝင်စားတယ် ..."

မမွန် (post--> http://thuhninsee.blogspot.com/2009/01/blog-post_21.html)
"ကျောင်းပို့ကျောင်းကြိုချင်လွန်းလို့ တက်ကြွခဲ့တာ အခုတော့လဲ ... သူမဟုတ်သလိုပါလား"

သူကြီး၏ခပ်ပါးပါးအနုပညာတစ်ချို့  (post--> http://thagyee.blogspot.com/2009/01/blog-post_21.html)
"မိန်းမသည် လျှပ်စစ်ပစ္စည်း နှင့်တူသည် ။ ၀ယ်ပြီးသည်နှင့် ဈေးထိုးကျသွားတတ်သောကြောင့် ဖြစ်သည်။"


(ဒါနဲ့ စကားမစပ် နဲ့ ---> symbol ၂ခုကို ဘယ်ဟာက male ဘယ်ဟာက female ဆိုတာ ငယ်ငယ်က တော်ရုံနဲ့ မှတ်မရခဲ့ဘူး။ ဆယ်တန်းနှစ်မှာ Bioသင်ပေးတဲ့ ဆရာမ ကောင်းမှူနဲ့ ခုထိမမေ့တော့တာ။ ဆရာမက ဟိုးတုန်းက ယောက်ျားလေးတွေက စစ်ရေးလေ့ကျင့်လို့ မြားပစ်ရတယ်၊ ဒါကြောင့် မြားပုံလေးနဲ့တူတာက male မိန်းကလေးတွေက အလှကြိုက်ပဲများပြီး လက်ကိုင်မှန်လေး ထုတ်ထုတ်ကြည့်တာမို့ လက်ကိုင်မှန်လေးနဲ့တူတာက female symbolလို့မှတ်ပါတဲ့။ )

7 comments:

Anonymous said...

ဟဟား.. ဂျီးဒေါ်တို့ မမွန်ကြီးတို့တော့.. ဒန်.. ဒန့်.. ဒန်
Bio ဆရာမက ရှာရှာပေါက်ပေါက်ပြောတတ်တယ်
သားလည်း မေ့မှာမဟုတ်တော့ဘူး။း)

ThuHninSee said...

အဲ..ပလုတ်တုတ်.........
ကလေးတွေရှေ့ အပြောအဆို၊ အနေအထိုင်ဆင်ခြင်မှာပါလေ။
:P

မီယာ said...

before and after သီအိုရီကို အရင်က ကြားဖူးပြီး မယုံတာလေ ခုတော့ ကိုယ်တွေ့မို့ ယုံပါပြီ

ရွှန်းမီ said...

ဒိုကိဒိုကိ..
ဟီး .. အဲ့ဒါတွေ ကြည့်ပြီး မီးမီး ဒီမှာ တွန့်နေပြီ ..
အပျိုကြီးပဲလုပ်ရ ကောင်းမလား . . ??
ငယ်ပါသေးတယ်လေ ;-)

GreenGirl said...
This comment has been removed by the author.
GreenGirl said...

မမနော် GreenGirlလည်း အပျိုကြီးပဲ လုပ်ရကောင်းမလားပဲ :P

ကျော်နှင်းဆီလွင် said...

အဟားဟား
ဒီပို့စ်မိုက်တယ်

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP