Sunday, January 25, 2009

Hydroculture စိုက်ချင်ပါလျှင်~


Hydrocultureဆိုတာ အရွယ်ငယ်ပြီး နေရာမယူဘဲ၊ အိမ်တွင်းစိုက် အပင်ငယ်မျိုးဖြစ်ပါတယ်။ လက်လှမ်းမှီရာ စားပွဲစတာတွေပေါ် တင်ထားရုံနဲ့တင် စိတ်ကြည်နူးမှုကို ရစေပါတယ်။

စိုက်ပျိုးနိုင်သော အပင်များ

Hydrocultureမှာ စိုက်နိုင်တဲ့ အပင်မျိုးဆိုတာ အရိပ်မှာ ရှင်သန်နိုင်တာမျိုးက သင့်တော်ပါတယ်။ Hydrocultureက နွေလယ်ခေါင်ခေါင်ရဲ့ တိုက်ရိုက်အလင်းကို ကြာရှည်ခံရလျှင် ပန်းအိုးထဲမှာ အပူချိန် မြင့်လာပြီး လေဝင်လေထွက် ညံ့လာခြင်း၊ အပြင်မှာ စိုက်ပျိုးလျှင် မိုးရေအိုင်ပြီး အမြစ်က အောက်ဆီဂျင် ပြတ်လပ်အားနည်းလာနိုင်တဲ့အတွက် အခန်းတွင်းမှာ ကောင်းကောင်း ရှင်နိုင်တာမျိုးကို စိုက်သင့်ပါတယ်။

အခန်းတွင်းစိုက်အပင်များ--->Pachira(パキラ), Pothos(ポトス), Dracaena(ドラセナ), yucca(ユッカ), Cordyline(コルディリネ), Sanderiana(サンデリアーナ), Sacahuista(トックリラン), peperomia(ペペロミア), Gajumal(ガジュマル), hedera(ヘデラ), Croton(クロトン), aglaonema(アグラオネマ), Spathiphyllum(スパティフィラム), selloum(セローム), Pumila(プミラ), and Alocasia odora(クワズイモ) စသဖြင့်...

ပန်းများ---> Saintpaulia(セントポーリア), begonias(ベゴニア類), cyclamens(シクラメン), Rohdea japonica(オモト), and the Oriental orchids(東洋ラン) စသဖြင့်...

Hydroculture ပြုလုပ်နည်း


Hydroculture ပြုလုပ်ရန် အခြေခံအားဖြင့် Hydrocorn/ Hydaroball ရယ်၊ Ion exchange resin ရယ်၊ Container ရယ် ရှိရင် စိုက်လို့ရပါပြီ။ Inner pot ရယ် Water meter ရယ်က အထူးတလည် မလိုအပ်ပေမယ့် ရှိရင်တော့လည်း ကောင်းပါတယ်။ Inner pot က Container ထဲက ရေပမာဏကို အလွယ်တကူ မြင်နိုင်ပြီး Ion exchange resinကို လဲလှယ်ရာမှာ လွယ်ကူစေပါတယ်။ Container ဒီဇိုင်းပြောင်းချင်ရင်လည်း လွယ်ကူစေပါတယ်။ Water meter က ဖောက်ထွင်းမမြင်ရတဲ့ Containerမျိုးမှာ တိုင်းတာရ လွယ်ကူစေပါတယ်။ Inner pot ကိုသုံးတဲ့အခါ Hydrocornအသေးထည့်ရင် အပေါက်ကနေ အမြစ်တွေတိုးထွက်နိုင်တဲ့အတွက် Hydrocorn အလတ်ဆိုက်နဲ့အထက်ကို သုံးသင့်ပါတယ်။ Inner potမသုံးဘူးဆိုရင် ပုံမှန်အားဖြင့်တော့ Containerအောက်ခြေမှာ Ion exchange resin စတာကိုခင်း၊ အပေါ်မှာ Hydrocorn သုံးပုံတပုံခင်းပြီးမှ အပင်ကို စိုက်ရပါမယ်။ (ပြောမယ့်သာပြောတာ အိမ်မှာစိုက်ထားတာ အောက်ခြေမှာ Ion exchange resin လည်း မထည့်ထားပါဘူး။ ဆိုင်မှာ စိုက်ပြထားတာမှာ မထည့်ထားလို့ပါ။ ဆိုင်က ပါလာတဲ့ Inner pot ကိုလည်း တအိုးမှာဘဲ ထည့်ထားတယ်။ ကျန် ၂အိုးက Container နဲ့ မဆံ့လို့ ဖြုတ်ထုတ်ပစ်လိုက်တယ်။)

ထိန်းသိမ်းနည်း
နေရာ
နေရောင် တိုက်ရိုက်မကျရောက်နိုင်သည့် အလင်းရောင်ရှိသောနေရာတွင် ထားပါ။ ဖောက်ထွင်းမြင်နိုင်တဲ့ Containerကို နေရောင်မှာ ထားရင် algaeမှို ပေါက်နိုင်တဲ့အတွက် သတိထားပါ။

ရေ
အပင်သန်တဲ့ နွေဦးကနေ ဆောင်းဦးကာလအထိ ၄/၅ရက်တခါ ရေလောင်းပါ။ ကြားကာလမှာ Hydaroballက ရေကို စုပ်ယူပေးထားတဲ့အတွက် ရေသိပ်မလောင်းလဲ ရပါတယ်။ ဆောင်းဦးလွန်တဲ့အခါမှာ အပူချိန်ကျလာတဲ့အတွက် အပင်က ရေသိပ်မစုပ်တော့ပါဘူး။ ဆောင်းတွင်းမှာ Hydaroballက စိုထိုင်းနေတဲ့အတွက် ရေကို များများ စုပ်ယူထိန်းသိမ်းမထားနိုင်ပါဘူး။

အာဟာရ
အာဟာရပေးခြင်းမှာ Ion exchange resin အာဟာရဆိုရင် အာနိသင်ကုန်ဆုံးရက်အထိ အခြားပေးဖို့ မလိုအပ်ပါဘူး။ Ion exchange resin အစား Hydroculture liquid ကို သုံးရင် ၄လပိုင်းလလယ်ကနေ ၉လပိုင်းလလယ်အတွင်း သုံးလို့ရပါတယ်။ Hydrocultureမှာ အမြစ်က အာဟာရနဲ့ တိုက်ရိုက်ထိတွေ့တဲ့အတွက် ပျစ်တဲ့အာဟာရသုံးရင် အမြစ်ကို ဒဏ်ဖြစ်စေပါတယ်။ သာမန်အာဟာရရည်ဆိုရင် ကျဲအောင်လုပ်ပြီးမှ သုံးပါ။

ရေအထည့်လွန်ခြင်း
Hydrocultureမှာ ရေ/ အာဟာရရည် အထည့်လွန်ရင် အမြစ်က အောက်စီဂျင် ပြတ်လပ်ပြီး အားနည်းလာမယ့်အတွက် သတိထားပါ။ ပမာဏက Containerရဲ့ ၁၅%လောက်ရှိပါစေ။ ဒါပေမယ့် ဆောင်းတွင်းမှာ Hydaroballက အနည်းငယ် စိုထိုင်းနေတဲ့အတွက် Containerထဲကရေကို စုပ်ယူစုဆောင်းမပေးထားနိုင်ပါဘူး။ ရေအလောင်းလွန်ရင် အမြစ်ဆွေးခြင်း ဖြစ်တတ်ပါတယ်။

အိုးသစ်ပြောင်းခြင်း
Ion exchange resin က အာနိသင် လျော့လာတဲ့အတွက် တနှစ်တခါလောက် အသစ်လဲလှယ်ပေးပါ။ Ion exchange resinရော Hydaroballကိုပါ လဲလှယ်ပေးရပါမယ်။ အမြစ်တွေ ပွါးလာပြီး Inner Pot ရယ် Containerနဲ့မဆံ့တော့တဲ့အခါမှာ ပိုကြီးတဲ့အိုးနဲ့ ပြောင်းသုံးပေးပါ။ ကာလကတော့ နွေဦးပိုင်းလောက်မှာ ပြုလုပ်နိုင်ပါတယ်။ Hydaroballအဟောင်းတွေကို ရေဆေး အခြောက်ခံပြီး ပြန်သုံးလို့ရပါတယ်။



ကိုယ့်အတွက်လည်း ပြန်ဖတ်ရလွယ်အောင် စိုက်ချင်သူတွေလည်း ကိုးကားနိုင်ဖို့ ဤမှဆိုက် တချို့တဝက်အား ဘာသာပြန်ပါသည်။ (http://www9.plala.or.jp/mosimosi/green/hydro.htm)

3 comments:

မီယာ said...

ကြည့်ရတာ အပင် အတုလေးတွေနဲ့ပဲ ကျေနပ်ရတော့ မယ်ထင်ပါတယ်..

ThuHninSee said...

ဒီနေ့ပဲ တစ်ပင်သေသွားတယ်၊ မြန်မာပြည်က ရွှေလာငွေလာဂမုန်းပါပဲ။ ဒီက အပင်က သေးတယ်။
အေးလို့ပဲလားမသိ၊ နေရောင်ကို သတိထားပြ၊ ရေကိုသေချာလောင်းတဲ့ ကြားက သေသွားတာ။ အေးလို့ ထင်တာပဲ။ နှမျောလိုက်တာ။ ညီမပြောတဲ့အပင်လေးတွေ လိုက်ရှာလိုက်အုံးမယ်။ အိမ်ကျဉ်းလေးထဲမှာ အပင်လေးတွေ မြင်ရတာ စိတ်ချမ်းသာတယ်။ အိမ်တွင်းစိုက်ပင်ပဲ သဘောကျတယ်။ မြေမှာချစိုက်ရတာတွေ မကြိုက်ဘူး။

မြရွက်ဝေ said...

မမီယာ---> အပင်အတုဆိုလဲ ခရီးသွားရင် နောက်စံတင်းစရာ မလိုတော့ဘူး။ ပန်းအတု လှလှလေးတွေ့ရင်တော့ ဝယ်ဦးမယ်စိတ်ကူးတယ်။

မမွန်---> ရွှေလာငွေလာဂမုန်းက အင်္ဂလိပ်လို ဘယ်လိုခေါ်လဲမသိဘူး။ ဂျပန်လိုလဲမသိလို့။ ညီမ ရှာဖတ်ကြည့်တော့ အိမ်တွင်းစိုက် အပင်အလိုက် ကြိုက်တဲ့အပူချိန် သိပ်မတူဘူး။ တချို့က အအေးဒဏ် အတော်ခံနိုင်တယ်။ တချို့က သိပ်ပူလှောင်ရင် မရဘူး။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP