Sunday, February 1, 2009

2009.02.01



နောက်ကျတဲ့ အိမ်တက်ဧည့်ခံလို့ ပြောလဲ ရပါတယ်။ ဘာရယ်မဟုတ် ဒီနေ့ ချက်စားဖြစ်တာလေးပါ။ "တွန်းဂျီရု"က microwave နဲ့ ချက်နည်းကို စမ်းချင်လို့ လုပ်ကြည့်တာ။ ဝက်သားပေါင်းက သူစားချင်တယ်ဆိုလို့။ ထုံးစံအတိုင်း မချက်ခင် အင်တာနက်ထဲ မွှေနှောက်ရှာတယ်။ ချက်နေကျမဟုတ်တာမျိုးဆို ခေါင်းထဲမှာ မမှတ်ထားတဲ့ အကျင့်ကြောင့်လေ။ ဘာလို့မှန်းမသိဘူး၊ ဝက်သားပေါင်းချက်နည်း ရှာလို့မရဘူး။ အရင်ကလည်း ထင်ရာထည့်ချက်တာ။ မြန်မာလို ရှာမရတော့ ဂျပန်လို လှည့်ပတ်ရှာလည်း မရှိ။ ခပ်ဆင်ဆင်တွေ့လို့ အဲဒီထဲက နည်းကို နဲနဲယူလိုက်တယ်။ မမေ့ရအောင် ဒီမှာဘဲ မှတ်ထားလိုက်တော့မယ်။
ဝက်သားကြိတ်သား ___ ၂၀၀ ဂရမ်
ကြက်သွန်မြိတ်အကြီး ___ ၂၀ ဂရမ် (ကြက်သွန်နီထည့်လည်း ရမယ်ထင်တယ်)
ကြက်ဥ ___ ၁ လုံး
ဆား ___ သင့်ရုံ
သကြား ___ သင့်ရုံ
ငရုတ်ကောင်း ___ သင့်ရုံ
ကြက်သားမှုန့် ___ သင့်ရုံ
ဟင်းချက်အရက် ___ ဇွန်းကြီး ၁ ဇွန်း
ပဲငံပြာရည်အကျဲ ___ ဇွန်းကြီး ၁ ဇွန်း
နှမ်းဆီ ___ ဇွန်းကြီး ၁ ဇွန်း
ရိုးရိုးဟင်းချက်ဆီ ___ ဇွန်းသေး ၂ ဇွန်း
ကော်မှုန့် ___ ဇွန်းကြီး ၁ ဇွန်း

အားလုံးထည့်နယ်ပြီး ကြွေဇလုံ အလယ်မှာ နဲနဲချိုင့်အောင်ထားပြီး ဒယ်အိုးထဲ ရေထည့်ပြီး ပေါင်းလိုက်တယ်။ နောက်မှ အတုံးလေးတွေ လှီးယူတယ်။ အခပ်မတော်လို့ ပုံပျက်သွားတာတွေကို ချေပစ်လိုက်တယ်။ ခရမ်းချဉ်သီး ငါးပိချက်တွေ ကျန်နေသေးတာမို့ တို့စရာအဖြစ် ရုံးပတီသီး ပြုတ်လိုက်တယ်။ ဖက်ထုပ်က မနေ့ညက တဝက်ကြော်စားပြီး ကျန်တာလေးကို ထပ်ကြော်ထားတာပါ။ ဘာထပ်လုပ်ရမှန်းမသိလို့ ဒီလောက်ပါဘဲ။

9 comments:

khin oo may said...

သုံးခါ ရှုစားသွားပါကြောင်း အကျယ်ချြဲ့ီ့ပီး

Anonymous said...

တစ်ယောက်တစ်ပွဲလား.. ဘယ်မှာလဲသားဖို့..
ကျေနပ်ဝူး.. ထမင်းပွဲချမထားလို့ ဟင်းတွေအကုန်မသွားပြီ။ နောက်လူတွေဖို့ချန်ထားဝူး

မီယာ said...

ဝက်သားပေါင်း ကြိုက်တယ်။ ပေါင်းပြီး မကျက်မှာလဲ ကြောက်တယ်။ ဘယ်လောက် ကြာကြာ ထားရင် ကျက်သလဲဟင်? ရုံးပတီသီး လေးတွေ စိမ်းနေတာပဲ.. တို့စရာ လေးနဲ့ မြိန်မှာပဲနော်။

ThuHninSee said...

မီဆိုး အနှစ်ရှာဝယ်မရဘူးဟယ်။ ဂျပန်ကို လှမ်းမှာရင် ကောင်းမလားစဉ်းစားတယ်။

nu-san said...

အားလုံးပြည့်စုံနေတော့ ဘာထပ်လုပ်ရမှန်းမသိ လောက်အောင်ဖြစ်ရတာပေါ့လို့.. :P ညီမလေး အိမ်ကြီးရှင်တော့ ပိန်သွားဦးမယ်..:D

မြရွက်ဝေ said...

မခင်ဦးမေ---> မမြင်ရဘူးလား အမ?;)

Craton---> ထမင်းအများကြီး မစားနဲ့ ~~ ဗိုက်ကြီးပူမှာစိုးလို့ ဆိုတဲ့ ကြော်ငြာအတိုင်း အပိုမချထားမိတာပါကွဲ့။:D

မမီယာ---> ကြာချိန်ကတော့ မိနစ်၂၀လောက်ဆို ရပြီလို့ ထင်တာဘဲ။ လှပ်ကြည့်ပြီး ရလောက်တယ်ထင်တဲ့အချိန် မီးပိတ်လိုက်တာ။

မမွန်---> ဂျပန်အစားအစာသွင်းတဲ့ ဆိုင်မှာ ရမယ်ထင်တယ် အမရေ။

မနု-စံ---> ပိန်ဖို့ရာ သိပ်မမြင်ဘူး အမရေ။

ရွှန်းမီ said...

္ကှုအိမ်တက်စားပွဲ ရောက်လာတယ်း-)
ဤအိမ်ပေါ်သို့ ကံကောင်းခြင်းများ တက်ရောက်လာပါစေ . . . ~~~

ကြယ်ပြာ said...

ထမင်းဝိုင်းပြင်ထားတာ စားချင်စရာပဲ ... ခုတောင် ဗိုက်ဆာလာပြီ ....

8Yar said...

အောင်မလေး ဒီလောက်နဲ့ပဲတော်ပါတော့။ ခုတောင်များလွန်းလို့ ဘယ်ကစစားရမှန်းတောင် မသိတော့ဘူး။ ဟီးဟီ

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP