Friday, February 27, 2009

မိုင်ငါးပိရည်


ဒီရောက်ကတည်းက ငါးပိရည်မစားရတာ ကြာလှပေါ့။ ပို့လို့လည်း ရမယ်မထင်ဘူး။ ဒီလောက် အနံ့ထွက်တာကို။ ပို့လို့ရဦးတောင်မှ ကျိုတဲ့အခါကျ ဒွတ်ခရောက်ဦးမှာ၊ တအိမ်လုံး သင်းပျံ့ပျံ့မွှေး ဖြစ်ကုန်မှာ။ စားဖူးတဲ့ ငါးပိရည်ထဲမှာ အဖေ့ဘက်က အဖွားအိမ်က ငါးပိရည်ကို အကြိုက်ဆုံးဘဲ။ ငါးကိုကင်ပြီး ကြက်သွန်ဖြူနဲ့ထောင်းထားတာကို ငါးပိရည်ကျိုထဲ ထည့်ဖျော်ထားတာ။ ငါးရုတ်သီး အကျက်မှုန့်နံ့နဲ့ တော်တော် စားလို့ကောင်းတယ်။ ငါးမဝယ်ဖြစ်ရင်တော့ ပုစွန်ခြောက်ကို ထောင်းထည့်တယ်။ ငါးနဲ့ ငါးပိရည်ကို ပိုကြိုက်တယ်။ အဖွားတို့အိမ်မှာက တခါတလေမှ လုပ်စားတာမို့ အတော်စားကောင်းတာဖြစ်မယ်။ နယ်မှာ (အမေ့ဘက်က အဖွားအိမ်မှာ)က နေ့တိုင်း ငါးပိရည်ကျိုတာဆိုတော့ ဘာမှ မခတ်ထားဘူး။ ရိုးရိုးဘဲ။ ဒါပေမယ့်လည်း ငါးပိရည်ကျိုဆမ်း၊ ငရုပ်သီးမှုန့်နဲ့နယ်ပြီး နေ့လည်စာ အစာပြေစားတာမျိုးလည်း ကြိုက်တာဘဲ။

မြန်မာမှန်ရင် ငါးပိရည် ကြိုက်ကြတယ်လို့ ပြောတာ ကြားဘူး ပေမယ့် ငါးပိရည်ကို အနံ့တောင် မခံနိုင်သူတွေ အများကြီးပါ။ ငါးပိရည်ကလည်း စားလို့သာ ကောင်းတာ၊ ကျိုတဲ့အချိန် အနံ့တော်တော် ပြင်းတာလေ။ ကျမလည်း အိမ်မှာ ငါးပိရည်ကျိုရင် အိမ်ရှေ့ အနံ့လွတ်ရာကို ထွက်ပြေးနေတတ်တာ။ တချို့ ငါးပိကျတော့ မွှေးပါတယ်။ ဒီမှာ တခါတခါ ငါးပိရည်ကျိုစားချင် အရမ်းဘဲ။ ငါးပိသိပ်ဖို့ကလည်း အဖြစ်မရှိဘူး။ ငါးတောင် မကိုင်တတ်လို့ ဈေးဝယ်ထွက်တိုင်း ငါးတွေကို ဒီအတိုင်းသွားကြည့် သွားရည်ကျပြီး ပြန်လာတာ အခေါက်ခေါက်ပါ။ ရေငံငါးတွေချည်းမို့ စပါးလင် ရှာမရတာကြောင့် မဝယ်တာလည်း ပါတယ်။ (ဆင်ခြေ --- အဟိ)

ဒါနဲ့ ရုတ်တရက် ရလာတဲ့ အိုင်ဒီယာကို အကောင်အထည် ဖော်ကြည့်လိုက်တယ်။ မုန့်ဟင်းခါး ချက်စားဖို့ ဝယ်ထားတဲ့ ငါးသေတ္တာဗူးလေးတွေ ရှိနေတယ်။ အသားတွေချည်း မွထားပြီးသားဆိုတော့ အတော်အဆင်ပြေတယ်။ အဲဒါကို ပန်းကန်ထဲဖောက်ထည့်၊ ငံပြာရည် နိုင်နိုင်လေးထည့်၊ အသားမှုန့်ရယ် ရေရယ်ထည့်ပြီး microwaveထဲ ခဏနွှေးလိုက်တယ်။ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းထားတာနဲ့ ငရုတ်သီးအကျက်မှုန့်ထည့်မွှေလိုက်တော့ ရပါပြီ "မိုင်ငါးပိရည်"။ ကိုယ့်ဘာသာကိုယ်တော့ သဘောတွေကျလို့။ (တယ်ဟုတ်တဲ့ ငါပါလား ဒန် တန့် တန့်)


ငါးပိရည်လေးရလာတော့ တွဲစားဖို့ တို့စရာလေးပါပေါ့။ ပန်းညွန့်ပြုတ်၊ မုန်လာဥနီ၊ မီနီခရမ်းချဉ်သီး၊ ရုံးပတီသီး နဲ့ ဂေါ်ဖီပန်းပြုတ်။


ပန်းညွန့်နဲနဲကို ဟင်းခါးချက်လိုက်တယ်။ အသားဟင်းအနေနဲ့က ကြက်ကြော်ပါ။ ဟင်းအစပ်အဟပ်ကလည်း ဟုတ်နေတာဘဲ။


နှစ်ပန်းကန်တွေ့လို့ သူနဲ့ အတူလို့ ထင်နေကြဦးမယ်။ ယောင်းယောင်းနဲ့ပါ။ သူနဲ့အတူက ညစာစားမှပါ။ ငါးပိရည်လေး ဘယ်လိုနေလဲမေးမိတော့ တော်တော်စဉ်းစားပြီးမှ ငါးပိရည်နဲ့မတူဘဲ ရခိုင်မုန့်တီထဲ ထည့်စားရတဲ့ ငါးအနှစ်နဲ့တူသတဲ့။ (ဟွန့်!) ပြီးမှ ငါးပိရည်က ဘယ်လိုမျိုးလဲတဲ့။ (တိန်!) ဟုတ်တော့နေပြီ။ ပြီးမှသိတယ် သူတို့အိမ်မှာ ငါးပိရည် တခါမှ မချက်ဖူးဘူးဆိုဘဲ။ မသိဘဲ မေးမိတဲ့ ကိုယ့်အဖြစ်ပါလား၊ ဪ ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်။

22 comments:

khin oo may said...

ငံပြာရည်ဖျော်ရည်ဂျီး ဟိ

လင်း said...

လုံးဝမရှိတာထက်စာရင်တာ့ အာသာပြေပေါ့နော်။

မြရွက်ဝေ said...

မခင်ဦးမေ---> ငံပြာရည်ချက် လုပ်မလို့ စဉ်းစားပေမယ့် ငံလွန်းလို့ မစားနိုင်လို့ ခုလိုလုပ်လိုက်တာ။ ငံပြာရည်ဖျော်လို့ ပြောလဲ ရမလားသိဘူး။

မလင်း---> မစားရတာထက် စာရင် ကြံဖန်ပြီး စားလိုက်ရမှ အာသာပြေသွားတာ အမှန်။ :)

khin oo may said...

ချစ်လို့စတာ စိတ်မဆိုးနဲ့ သိတ်သဘောကျလို့ပါ

မြရွက်ဝေ said...

မခင်ဦးမေ---> စိတ်မဆိုးပါဘူး အမရေ။ တို့ချစ်အမကို ချစ်ပြီးသား။ အမဆီက ချစ်မွှေးလာနှုတ်ဖို့ စိတ်ကူးနေတယ်။

JuneOne said...

စားချင်စရာလေးနော်။

subuueain said...

ဘာပဲဖြစ်ဖြစ် အာသာပြေသွားတာပါဘဲ။ :)

subuueain said...

ready made ထုတ်ဆိုရင်ကော။ မကျိုနဲ့ လေ။ရေနွေးပွက်၂လောင်းထည့်လိုက်။ ကျိုစားတာလောက်တော့မကောင်းပေမဲ့
အာသာပြေပေါ့။

nu-san said...

တို့စရာ ပန်းကန် နဲ့ ငါးပိရည်က စားချင်စရာ.. တို့စရာ ပန်းကန်ကြီး ပိုကြိုက်တယ်.. အသီးအရွက် အစုံနဲ့ :)

အမက ညီမလေး ငြိမ်နေတယ်၊ နေမှ ကောင်းရဲ့လား ဆိုပြီး တွေးနေတာ.. ယောင်းယောင်းရောက်နေလို့ကိုး.. :)

Nu Thwe said...

ညီမတို့ဆီမှာ ယိုးဒယားဆိုင် မရှိဘူး ထင်တယ်။ သူတို့ဆိုင်တွေမှာတော့ ရေချိုငါးပိ သိပ်ပြီးသား ၀ယ်လို့ ရတယ်။ အရမ်းမငံဘူး။ သန့်တယ်။ ပြန်ကျိုဖို့တော့ လိုတာပေါ့။ အဲ အနံ့ကတော့ ရှိဆဲပဲ။ ဒါကလည်း ငါးပိရည်ရဲ့ ၀ိသေသပဲ မဟုတ်လား။

khin oo may said...

ထပ်လာကြည့်ဲက အကြံ့ပူချက်များ ကို သုံးသပ် ကာ ကျေနပ်သွား၏။ နောင် ငပိရည်ကလေး မြင်ချင်တယ်.။ သနားလို့။ ယိုးဒယာဆိုင်သွားပါ။ ရန်ကုန်က ready made ရှာပါ။ တို့ စလုံးမှာ နေပါသည်။ ဒန်တနှ်ုတန်. အများကြီး.. အများကြီး

khin oo may said...

ပုံတွေ ကို ပြန်ကြည့်ကာ ကျေနပ်နေသည်။ ကိုယ်ကုတိုင် စားရသကဲ့သို့

စူး said...

မြရွက်ဝေ

ယိုးဒယားဆိုင်မှာ ငါးပိစိမ်းစားက အစရှိပါတယ်။
တိုကျိုမှာနေပီးများ ညီိမရယ် အစုံရှိတယ်။
ငန်ပြာရည်ရော ငါပိ ငါးပိရည် သဘောင်္သီးတွေ အစုံရှိပါတယ်ကွာ..။ မျှစ်ချဉ်တောင် ရှိသေးတယ်။ သေချာမေးကြည့်ပါလား တယောက်ယောက်ကို။ သဘောင်္သီးအစိမ်းလဲ တခါတလေ ၂၅၀ နဲ့ရပါတယ်။
ယိုးဒယားဆိုင်မှာ သွားမွှေ ။ ဈေးပေါတဲ့ဆိုင်လဲရှိတယ်။ ချဉ်ပေါင်ရွက်ချိန်ဆိုလဲ ရှိတာပဲ။ ဗူးသီးတွေလဲ ရှိတာပဲ။ ၀က်တောင် အကုန်အစုံရှိတယ်။ ကြက်ခေါင်းခြေထောက်ကအစရှိတယ်။ ညီမနေတာ တိုကျိုမှာပါ. သေချာမေးလိုက်နော်။

အားလုံးရပါတယ် ညီမရေ

ပုံရိပ် / Pon Yate said...

ဘာပဲ ဖြစ်ဖြစ် မရှိတာထက် စာရင်စားကောင်းတာပဲ။ ငါးပိရည်တောင် စားချင်လာပြီ။

Unknown said...

Actually u can buy it in the on line shop called Paknamstore.shop-pro.jp. Actually , I found that shop in ur Jp online shopping 2 . LOL. Thanks for sharing ne.
here is the link that will help u find it easily.
http://paknamstore.shop-pro.jp/?pid=377057
There u can buy different kind of Ngapi.

မြရွက်ဝေ said...

JuneOne---> ကျေးဇူးပါ အမရေ။

စုဘူးအိမ်---> ready made ရဲ့ အရသာက ပေါ့ရွှတ်ရွှတ်နဲ့မို့ သိပ်မကြိုက်တာနဲ့ မမှာဖြစ်တာပါ။

မနု-စံ---> အမလာလည်ရင်လည်း တို့စရာတွေ အများကြီး လုပ်ပေးမယ်နော။

မနုသွဲ့---> ယိုးဒယား စားသောက်ကုန် ရောင်းတဲ့ဆိုင်က အိမ်အနီးအနားမှာ မရှိတာပါ။ စားသောက်ဆိုင်တွေတော့ ရှိတယ်။

မခင်ဦးမေ---> အမတို့ဆီမှာ မြန်မာက အစားအစာ အကုန်ရတာ အားကျတယ်။ မနာတလိုတောင် ဖြစ်ချင်လာဘီနော်။ :D

မမြတ်နိုး---> "အုအဲနို"ဘက် သွားရှာရင်တော့ ရနိုင်မှာပါ။ နှစ်ရက် တခါလောက် ဈေးဝယ်ထွက်ဖြစ်တော့ နီးနီးနားနားဘဲ သွားချင်တာကြောင့်ပါ။ "အုအဲနို"က လူအရမ်းရှုပ်လို့ တိုးဝှေ့ဝယ်ရတာ မကြိုက်တာ။

မပုံရိပ်---> ဟုတ်တယ် အမရေ၊ အရင်ကတော့ မချက်တတ်/လုပ်တတ်လို့ ငတ်၊ ခုတော့ တဖြည်းဖြည်း ကြံဖန်တတ်လာပြီ။

baby---> ကျမမှာ Paknamstore အပြင် တခြား ယိုးဒယားဆိုင်တွေရဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်။ လိုချင်တာ အလွယ်နဲ့ အမြန် ဝယ်မရတာ ပြောတာပါ။

8Yar said...

အဟီး.... သရေတောင်ကျလာပြီ။ အရင်ကငါးပိရေ ကိုအရမ်းမကြိုက်ပါဘူး။ အခု ကြည့်ပြီး စားချင်လာတာနဲ့စားသွားတယ်။ အဟီး Dinner အတွက်ပါဆယ်ပါဆွဲသွားတယ်နော်။

Anonymous said...

စားချင်လိုက်တာ ....တို့ စရာလေးတွေနဲ့ဆိုလို့ကတော့ ...အနည်းဆုံး ၃ ပန်ကံ ပဲ . ....

တီချမ်း said...

တွေ့ လာလည်
ငါးပိရေ သောက်သွား
မုန်းချင်
ပုံတွေကြောင့်
ဗိုက်ဆာ
တစ်ယောက်ထဲနေ
အဖော်မရှိ ပျင်း
မမကွမ်
ချစ်မွှေးလဲရှိ မဲပြားလဲရှိ
စလုံး မုန်း
ပဲပြုတ်ရလို့
ဒီမှာမရ
စိတ် ပိန် ကုန် ပျက်
ယ ပလက်

လုလု said...

နောက်တစ်ခါ ကြုံရင် ငါးပိရည်ကျို အခဲလုပ်ပြီး ယူခဲ့ပေးမယ်နော်။
ငါးပိရည်ကျိုကို ပျစ်နေအောင်ကျို၊ ခမ်းအောင်တည်၊ ပြီးမှ ငါးပိစိမ်းစားလို အနှစ်လုပ်၊ စားခါနီးကျရင် ရေနွေးပူပူနဲ့ ဖျော်စားရုံပဲ။ အဲ့ဒီလိုလုပ်ပေးမယ်

WWKM said...

ငါးပိရည်ကျိုပုလင်းဝယ်လို့ရတယ်လေ ညီမလေးရေ.
ဥအဲနိုဆိုင်မှာ ယန်း၅၀၀ တဲ့..
ညီမလေးကို အစ်မပြဖြစ်သေးလားသိဘူး။း)

မြရွက်ဝေ said...

yar---> ကျမလည်း ငယ်ငယ်က ငပိရည် မကြိုက်ဘူး။ ကြီးမှ ကြိုက်သွားတာ။

မနောသား---> :)

chenaddy---> ယိုးဒယားမှာ ပဲပြုတ်မရှိဘူးလား???

မလုလု---> ဟယ် တကူးတက လုပ်မလာပါနဲ့ အမရယ်။ အလုပ်ရှုပ်ပါတယ် အားနာတယ်။ နောက်တခါဆို အိမ်လိုက်လည်ရမယ်နော။

မဝါဝါ---> ပြပေးတယ်လေ အမရေ။ ညီမ အွန်လိုင်းက ဈေးဝယ်တုန်းမှာ အဲလို ပုလင်းလည်းတွေ့တယ်။ ငါးပိမှန်းမသိတာ။ အညွှန်းကိုဖတ်ကြည့်ပြီး ငါးအနှစ်လို့ဘဲ ထင်လိုက်တာ။ ကျေးဇူးနော် အမရေ။ နောက်တခါကျ ဝယ်ရမယ်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP