Thursday, March 19, 2009

ဟိုဟိုဒီဒီ


ဘလော့မရေးဖြစ်တာတောင် ကြာသွားပြီ။ မျက်စေ့ပါဝါတက်တာရယ် ရာသီဥတုက ရုတ်တရက် အေးလိုက်ပူလိုက်မို့ နေမကောင်းတာရယ်နဲ့ ဘလော့ကို လျှော့ထားရတယ်။ အဲဒါနဲ့ မျက်စေ့ကို အနားပေးထားလားဆိုတော့ ဟုတ်ဘူး၊ ညဥ့်နက်အထိ TVကြည့်ကြည့်နေတာ။ အိပ်ရေးမဝတာပါပေါင်းပြီး မူးနောက်နောက် ထပ်ဖြစ်တော့တာဘဲ။ ဘလော့က မရေးတာကြာတော့ ပြန်ရေးမယ်လုပ်တိုင်း ဘာက စရေးရမှန်း မသိတော့ဘူး။ ယောင်းမ ရောက်နေတုန်းတော့ ပိတ်ရက်တွေမှာ တခုခုလုပ်စားဖြစ်တာများတယ်။ အရင်ကတော့ အတော်စိတ်ပူတာ။ တသက်နဲ့တကိုယ် အိမ်ကြီးရှင်ကလွဲပြီး ဘယ်သူ့ကိုမှ ချက်ပြုတ်မကျွေးဖူးဘူး။ သူကလည်း ကိုယ်ချက်သမျှ ကောင်းကောင်း/မကောင်းကောင်း စားတာလေ။ ပြီးတော့ ဒီမှာ အိမ်ကိုလာလည်ဖူးသူ မရှိသေးဘူး။ စစပိုင်းတော့ သုံးယောက်စာ ဘယ်လောက်ချက်ရမယ် မမှန်းတတ်ဘူး။ ၂ ရက်လောက်နေတော့ မှန်းလို့ရသွားတယ်။

ယောင်းမရောက်နေတုန်း ၂ပတ်လောက်ကလည်း မိုးရွာရွာနေပြီး ရာသီဥတု မသာယာတာနဲ့ ဘယ်မှလည်း မထွက်ဖြစ်ပါဘူး။ နောက် မဝါဝါဆီက sms ရောက်လာတယ်။ မလုလုရောက်နေလို့ အဆင်ပြေရင် တွေ့ချင်တယ်ဆိုတယ်။ မလုလုက Schedule ကို မေးလ်က ပို့လိုက်တာ ကိုယ့်ဘာသာ နေ့မှားဖတ်ပြီး တိုကျိုမှာ မရှိတော့ဘူးမှတ်နေတာ။ နောက်မှ အွန်လိုင်းမှာ တွေ့ပြီးမေးတော့မှ မသွားရသေးဘူးဆိုတာနဲ့ မဝါကို လှမ်းဆက်သွယ်ရတယ်။ မိုးလေဝသ ခန့်မှန်းချက်လေးကြည့်ပြီး နေသာမယ်ဆိုတာနဲ့ မဝါနဲ့ ချိန်းပြီး မလုလုတည်းတဲ့ဆီ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ဘာသာ တယောက်ထဲဆို ရထားမစီးရဲလို့ သွားဖြစ်မှာမဟုတ်ဘူး။ ခုတော့ ယောင်းမလည်းရှိတော့ အဖော်ရတာမို့ပါ။ လမ်းမှားလည်း ၂ယောက်ဆိုတော့ သိပ်မကြောက်ပါဘူး။ မကြောက်ဘူးသာပြောတယ် ညဘက်မှာ google maps ကနေ လမ်းကြောင်းကို ကြည့်တာလည်း အခါခါ street view နဲ့ ထွက်ပေါက်ကနေ လမ်းလျှောက်ကြည့်ပြီး သွားမယ့်နေရာမှာ တွေ့နိုင်တာတွေကို အလွတ်ရအောင်မှတ်ရတယ်။ ချောချောချူချူ ရောက်သွားလို့ တော်သေးတယ်။

မလုလုကလည်း စားစရာတွေ ပေးလိုက်တာ အများကြီးရယ်။ အားနာလိုက်တာ။ ကျေးဂျူးလည်း အများကြီးတင်ပါတယ်။ ငါးပိထောင်း မော်လမြိုင်အထောင်းက စပ်စပ်လေးနဲ့ အရမ်းစားလို့ကောင်းတယ်။ ဓာတ်ပုံရိုက်ထားမယ်ဆိုတာ မရိုက်ဖြစ်သေးဘူး။ မုန့်ဟင်းခါးထုပ်ကတော့ အိမ်ကပို့ထားတာ အရင်စားရမယ်။ နောက်မှ မလုလုပေးတာ ချက်စားမယ်။ ပင်ပွါးစေ့နဲ့ ကျောက်ကျောမှုန့်ထုပ်လည်းပါတယ်။ အိမ်မှာ ယိုးဒယားဆိုင်က ဝယ်ထားတဲ့ အုန်းသီးဖျော်ရည်လည်းရှိတာမို့ ကျောက်ကျောကျိုကြည့်မယ် စိတ်ကူးလိုက်တယ်။ အဖြစ်မရှိပုံများ ရေဘယ်လောက် သကြားဘယ်လောက်ထည့်ရမယ်က မသိ။ အညွှန်းမှာ ကျပ်သားနဲ့ အလေးချိန်ရှိပေမယ့် ကျပ်သားအလေးချိန်က သိဘူးလေ။ လူလည်းနည်းတော့ အမှုန့်ကို တဝက်ဘဲ ကျိုမယ် စိတ်ကူးပြီး မှန်းသမ်းထည့်လိုက်တယ်။ ယောင်းမနဲ့ ၂ယောက်သား ဒီလောက်ဆိုရပြီလားမသိနဲ့ ကျိုရင်းကျိုရင်း နောက်တော့ ဖြစ်သွားသားပါဘဲ။


နို့စတော်ဘယ်ရီဖျော်ရည်ဗူးလည်း ရှိနေတော့ ကျောက်ကျောလေးတွေ မျှင်မျှင်ဖြစ်အောင်လှီးပြီး အအေးလုပ်သောက်လိုက်သေးတယ်။


အဲဒီနေ့က တုံယမ်းဆံပြားပြုတ် စမ်းလုပ်ဖြစ်တယ်။ အရမ်းကြိုက်လို့ ယိုးဒယားဆိုင်ရောက်တိုင်း စားနေကြပါ။ အရင်က တခါ စမ်းလုပ်ဖူးတယ် သိပ်မအောင်မြင်ဘူး။ ဒီတခါ ဆံပြားရော စပါးလင်ပါ သေချာဝယ်ထားတာမို့ ထပ်ကြိုးစားကြည့်တာ။ ဆိုင်မှာစားရတာနဲ့ တူတာမို့ ကိုယ့်ဘာသာတော့ ကျေနပ်သွားတယ်။


ယောင်းမကို အတန်းလည်းအတူခေါ်သွားတာမို့ သူပြန်ခါနီးမှာ senseiက တိုကျိုကိုလာရတာ ဘာကကောင်းတယ်ထင်လဲလို့မေးတော့ ကျမချက်တဲ့ မြန်မာဟင်းတွေစားရတာ ကောင်းတယ်ဆိုလို့ စိတ်ထဲက ဟဲ့ ပလုတ်တုတ်လို့ ဖြစ်သွားရတယ်။ ဘာမှ အကြီးတကျယ်မချက်မိတာ အမှန်ပါ။ ပြန်ခါနီး ဟင်းချက်နည်းတွေ ရေးမှတ်မယ်ဆိုတော့ ဘာချက်ကျွေးမိမှန်း မမှတ်မိလို့ ထမင်းဘူးတွေကို ပြေးကြည့်ရတယ်။ တချို့ရက်တွေမှာ ရိုက်ထားတဲ့ပုံတွေ save မဖြစ်သွားလို့ မတင်ရတာတွေလည်းရှိတယ်။ ဘာတွေချက်ဖြစ်လည်းဆို ပိတ်ရက်တွေမှာ ကြာဇံချက်၊ တုံယမ်းဆံပြားပြုတ်၊ ကော်ရည်ခေါက်ဆွဲ၊ ကြေးအိုးပြုတ်၊ အုန်းနို့ခေါက်ဆွဲ စတာတွေပါ။ မုန့်ဟင်းခါးချက်စားဖို့တော့ မမှီလိုက်ဘူး။ ဒါနဲ့ ကြားရက်တရက်မှာတော့ စမူဆာ ကြော်စားဖြစ်လိုက်တယ်။ ကြက်ဆီထမင်းလည်း လုပ်စားဖြစ်တယ်။ ပြောရမယ်ဆိုရင် ဘလော့က ပျောက်နေတာ မီးဖိုချောင်ဝင်နေတာ များတာလည်းပါတယ်လို့ ဆင်ခြေတက်ချင်တာပါ။

13 comments:

လုလု said...

အားလုံးထက် အရင်ဦးအောင်ရောက်တယ်
တုံယမ်းဆန်ပြားဟင်း အရင်စားတယ်
ပြီးကျောက်ကျောစားတယ် ပြီးတော့ နို့စတော်ဘယ်ရီကျောက်ကျောသောက်သွားတယ် ဟိဟိ အကုန်ယူသွားပြီနော်

ဇနိ said...

အယ် အိမ်ရှင်မစစ်စစ်ကြီး လုပ်နေတယ်ပေါ့လေ။ စားစရာများကို စားချင်သွားကြောင်းပါ။
မဇနိ

ThuHninSee said...

မနာလိုဘူးဝေ့.. မော်လမြိုင်ငပိထောင်း..တဲ့..မလုက.မြရွက်ဝေကိုပဲကျွေးတယ်ညြ့်စမ်း။
:D

ရွှန်းမီ said...

ရှလွတ် :P

subuueain said...

တုံယမ်းဆန်ပြားဟင်း ကြိုက်ကြိုက်

မိုးကောင်းသူ said...

အချဉ်အစပ်ကြိုက်တာမို့ တုံယမ်းဆန်ပြားလေးစားသွားပါတယ်။

nu-san said...

ညီမလေးရေ.. တုံယမ်ဆန်ပြားဟင်းစားပြီး စပ်လို့ ကျောက်ကျောပါစားသွားတယ်.. အများကြီး ချက်စားဖြစ်တာပဲ.. ဒါဆို တိုကျိုလာလည်ဖြစ်ရင် ညီမလေး လက်ရာစားရမယ်.. ယောင်းမကတောင် ချီးကျူးတယ်ဆိုတော့ ဒါ တကယ်ကောင်းလို့နေမှာ... :D ညီမရေ.. အဲဒီ ယိုးဒယားဆိုင်က ဆန်ပြားကို အမတော့ ရှမ်းခေါက်ဆွဲ လုပ်ရင် သုံးတယ်.. အမသုံးတဲ့ ဆန်ပြား နဲ့ တူလားတော့ မသိဘူး... ညီမလေးဆီ ဓာတ်ပုံပို့ပေးမယ်ဆိုပြီး အခုထိ မပို့ဖြစ်သေးဘူး.. ဆောတီး.. :D

GreenGirl said...

မမ ကျောက်ကျောလေးလှတယ်နော်... ထိုးတတ်ဖူးး(

မြရွက်ဝေ said...

မလုလု---> စားပါအမရေ အဝသာ စားသွား။ :D

မမနိ---> အဟိ :P

မမွန်---> "ဝေ့"တဲ့ ကရင်ကလားဝေ့!?

ညီမရွှန်းမီ---> ကွန်ပျူတာမှာ သွားရည်တွေ စင်သွားပြီလား။ :D

စုဗူးအိမ်---> တို့လည်း ကြိုက်ကြိုက်။ :P

မမိုးကောင်းသူ---> ကြိုက်ရင် အဝသုံးဆောင်ပါရှင်။ :)

မနု-စံ---> ရှမ်းခေါက်ဆွဲမှာ သုံးတာက ပိုမျှင်တာများလားမသိဘူး။ ညီမဝယ်တာ 3mm size ပါ။ 1mm size လည်းရှိတယ်။

ညီမစိမ်းစိမ်း---> အမတို့လည်း ရမ်းသမ်းထိုးထားတာပါ။ :)

8Yar said...

ကျောက်ကျောထဲက အုံးသီးနဲ့သာဂူစေ့လားဟင်? သာဂူစေ့ပါတာတော့ စားဖူးဘူး။ တော်တော်ကောင်းမှာနော်။ အဟီး ရှလွတ် :P

WWKM said...

ဟီးးးးး ကျန်တော့ဘူးထင်တယ်...
နောက်ကျမှသိတာလေ...
အစ်မလဲ ကျောက်ကျောလုပ်စားပြီးသွားပြီ....
ညီမလေးကျောက်ကျောက ပိုမိုက်တယ်....း)
စာတွေဖတ်သွားတယ် ညီမလေးရေ...
အုအဲနိုသွားခဲ့သေးနယ်ပေါ့....
၂၆ ရက်နေ့ အစ်မနဲ့ သမီးလေး ခီတစန်းဂျူးကိုလာရ
ဦးမယ်...

မြရွက်ဝေ said...

yar---> သာကူစေ့ မဟုတ်ပါဘူး၊ ပင်ပွါးစေ့ပါ။

မဝါ---> အမလုပ်တဲ့ ကျောက်ကျောက ပိုစားကောင်းမှာပါ။ :)

Unknown said...

အရမ်းကောင်းတယ်ဗျာ

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP