"お久しぶりですね。မတွေ့ရတာ ကြာပြီနော်"
နှုတ်ဆက်လိုက်တယ် သူတို့ကို။
ဒီရောက်ကတည်းက ကြုံကြိုက်တိုင်း ရှာမိတာလေ။ ကန်စွန်းရွက်၊ ချဉ်ပေါင်၊ ဟင်းနုနွယ်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ စပါးလင် အိမ်နားက ဘယ်ဆိုင်မှာမှမရှိ။ နဲနဲလှမ်းတဲ့ ဆူပါသွားစပ်စုတော့ ကန်စွန်းရွက်ရှာတွေ့လာတယ်။ အစေ့ကန်စွန်းလေ။
နဲနဲလေးပါတဲ့အထုပ်တစ်ထုပ် တို့ရွာမှာ တစီးငါးဆယ်ကျပ်လောက်ပေးရတာကို ယန်းသုံးရာ(သုံးထောင်ကျပ်) ပေးဝယ်ရတယ်။ စားချင်တော့လဲ တတ်နိုင်ဘူးပေါ့။
ဘယ်လိုမှရှာမရတာက ချဉ်ပေါင်၊ ငရုတ်သီးစိမ်း၊ နံနံပင်နဲ့ စပါးလင်။ ဂျပန်တွေ အချဉ်အစပ်မစားတော့ ချဉ်ပေါင်နဲ့ ငရုတ်သီးစိမ်းကို လက်လျှော့လိုက်တယ်။ နံနံပင်နဲ့ စပါးလင်က ထိုင်းဆိုင်တွေမှာရတယ်တဲ့။ အိမ်နားမှာ ထိုင်းဆိုင်မရှိနဲ့တော့ ဟုတ်နေပြီ။ ရထားအတန်တန် အိပ်ငိုက်လောက်အောင်စီးပြီးသွားရတဲ့ ထိုင်းဆိုင်မှာလဲ ကုန်ခြောက်ဘဲရှိတယ်။ အဲဒီကဝယ်လာတဲ့ မျှစ်ချဉ်ဘူးတွေလဲ ကုန်သွားပြီ။ ထပ်လဲမသွားနိုင်နဲ့ အင်တာနက်ထဲ ဝင်မွှေလိုက်တာ ဟော!တွေ့ပြီ အွန်လိုင်းထိုင်းပစ္စည်းဆိုင် paknamstore တဲ့။ သွားဝယ်ဘူးတဲ့ဆိုင်ထက် သက်လဲသက်သာ တန်လဲတန်၊ နံနံပင်နဲ့ စပါးလင်လဲရှိ၊ ရေငတ်တုန်း ရေတွင်းထဲကျတော့တာပေါ့။ မှာပစ်လိုက်တယ် အများကြီး။ အိမ်ကပို့ထားတာတွေလဲ ရောက်နေတော့ အတော်ဘဲ ဖြစ်သွားတယ်။
စပါးလင်နဲ့ မုန့်ဟင်းခါးချက် နံနံပင်လေးဖြူးစားလိုက်၊ တုံယမ်းဟင်းရည်ချက် နံနံပင်ထည့်၊ ကြာဇံချက်ထဲ ထည့်လိုက်နဲ့ ဒီလထဲတော့ "ဟီစာရှီဘူရိ"တွေ များသွားတယ်။ မမြင်မတွေ့ရတာကြာတဲ့သူကို နှုက်ဆက်တာလေ။ ကျမကတော့ ကန်စွန်းရွက်၊ နံနံပင်နဲ့ စပါးလင်တို့ကို အဲလိုဘဲ နှုတ်ဆက်လိုက်တော့တယ်။ ၁၀လအကြာ ပြန်တွေ့ခြင်းပေါ့။ လာလည်သူတွေကိုတော့ တုံယမ်းဟင်းရည် ချဉ်ချဉ်စပ်စပ်လေးတိုက်လိုက်တယ်။ မလုလုရဲ့ မီးဖိုဆောင်က နည်းနာယူထားတာ။
နံနံပင်ဆိုလို့ မနေ့ညက TVအစီအစဉ်တခုမှာ နံနံပင်အကြောင်း ကြည့်လိုက်ရသေးတယ်။ နံနံပင်ကို ဂျပန်လို"パクチ / パクチー"(ပါကုချိ / ပါကုချီး)တဲ့။ ဒီမှာနံနံပင်ကို သိတဲ့သူ အတော်နဲတာဘဲ။ research လုပ်တာ လူတစ်သောင်းမှာ နှစ်ရာဝန်းကျင်လောက်ဘဲ နံနံပင်ကြိုက်ကြတယ်။ လမ်းသွားလမ်းလာတွေကို အပင်ပြပြီးမေးတာတောင် နံနံပင်ဆိုတာကို မသိဘူး။ အသက်ကြီးပိုင်းတွေ အတော်များများက မသိကြတာများတယ်။ (နံနံပင်ကလဲ ဒီနောက်ပိုင်းမှ ဂျပန်မှာ စစိုက်လာကြတာဆိုဘဲ။ ဒါကြောင့် နေရာတိုင်းမှာ မရှိတာကိုး။) နံနံပင်ကိုစားကြည့်ခိုင်းတော့ ဖဲ့စားကြည့်ကြပြီး "တမျိုးကြီးဘဲ" "ငယ်ငယ်ကတည်းက စားဘူးရင်တော့ မပြောတတ်ဘူး၊ ခုမှတော့ မစားနိုင်ဘူး"တဲ့။ တချို့က "နံလိုက်တာ"တဲ့။ (နံနံပင်ပါဆိုမှ:D) ကိုယ့်နိုင်ငံမှာလဲ နံနံပင်မကြိုက်တဲ့သူ များတာပါဘဲ။ ကျမလဲ အရင်က သိပ်မကြိုက်တာ၊ မစားရတာကြာတော့ လွမ်းလိုက်တာ။ (ခုတော့သိပြီ သူ့ကိုကိုယ်ချစ်သည်။)
8 comments:
ညီမလေး.. ပုဇွန်ဟင်းကို မြည်းချင်လိုက်တာ.. ရှလွတ်.. စားချင်စရာပဲ..
ဒီမှာလည်း နံနံပင်ကို တရုတ်ဆိုင်တစ်ဆိုင်က ရတယ်။ ဈေးတော့ အတော်ကြီးတယ်။ ဒါပေမယ့် မုန့်ဟင်းခါးတို့ ကြာဇံချက်တို့က နံနံပင် မပါရင်စားမကောင်းဘူးနော်။ :D မြန်မာပြည်မှာတုန်းကတော့ မစားဘူး၊ မကြိုက်ဘူးဆိုတဲ့ အစားအစာတွေ ဒီရောက်မှ ငတ်ပြီးရင်း ငတ်နေတာမို့ တခါတလေဆိုရင် အရမ်းစားချင်တာပဲ.. လူ့စိတ်များနော်.. ဟင်း... :)
နံနံပင်စေ့လေးတွေအပင်ေ၇ာင်းတဲ့ဆိုင်တွေမှာဝယ်လို့ရတယ်၊ အိမ်မှာစိုက်ထားတာဒီဆောင်းရာသီမှာတောင်ရှင်နေတုန်းပဲ၊ ချဉ်ပေါင်လဲစီးပွားဖြစ်စိုက်တဲ့မြန်မာတွေရှိတယ်။ဆောင်းရာသီမှာတော့စိုက်လို့မရဘူးလို့ပြောတယ်။ပေါ်ချိန်ဆိုရင်တာကာဒါနိုဘာဘာကဆိုင်တွေမှာရောင်းတယ်။ဘယ်လတွေလည်းတော့မမှတ်မိ၊
စားချင်ရင်ပို့ပေးမယ်နော်
ကန်စွန်းရွက် .. သူလေးကို လွမ်းလိုက်တာ .. မီ့ ကြိုက်ကြိုက်ပေါ့ .. :)
ပုစွန်ဟင်းချိုလေး အရမ်းလှတယ်.. ရိုးရိုးလေးနဲ့ကို အနုပညာ ဆန်နေတာ.. ရှလွတ် :P
ဟုတ်တယ် မမဝေ။။ မီက ပုံဆွဲနေရင် ထမင်းမေ့ဟင်းမေ့မို့ ငယ်ငယ်က ဘမ်း(banned) ခံရတယ်.. အခု ကွန်ပြူတာထဲမှာ လုပ်တယ်.. ဘာတတ်နိုင်သေးလဲ .. ဟဲ ဟဲ . . :D
အမလဲနွေတုန်းက ကန်စွန်းရွက်စိုက်တယ် အခုသေပီ..ကန်စွန်းစေ့နဲ့စိုက်လို့ရတယ်..အမဆီမှာလဲ တခါတလေ ကန်စွန်းရွက်နံနံပင်ဝယ်လို့ရတယ်
တခြားအခြောက်တွေက ယ ဆိုင်မှာ ၀ယ်တယ်
အမလဲ ငရုတ်သီးစိမ်းဝယ်မရဘူး
အပင်စိုက်မလို့ချိန်နေတာ
ချဉ်ပေါင်က မြေရှိရင်စိုက်လို့ရတယ် ဂေါ်ရခါးတောင်စိုက်တယ် အမသယ်ချင်းတွေနေတဲ့ ဆိုဒ်ဒမ မှာ
:D
sis
after readign this post, i cant help feeling hungry!
hee
အား.. ဗိုက်ဆာသွားပီဂျာ..
ပုစွန်ကြီးတွေက မိုက်မှမိုက်
စားလိုက်ပီ ကောင်းလိုက်တာ ဗိုက်တင်းသွားတာပဲ အစ်မရေ
ကဇွန်းရွက်တွေ ရန်ကုန်မှာတော့ဆင်းရဲသားတွေစာတာပေါ့
အိုင်ရင်းဓတ်ပါလို့ အားရှိတယ်။
ကန်ထဲမှာအလကားတောင်ခူးလို့ ရသေးတယ်။
နိုင်ငံခြားရောက်မှ လွမ်းနေရတယ်။
ချဉ်ပေါင်လဲလွမ်းတာပါဘဲ။
Post a Comment