Friday, September 19, 2008

မီးဖိုချောင်ထဲမှာ ပျော်စရာ


မီးမီးလေးရဲ့ ဆော့စရာ အဲလေ မနေ့က rakutenမှာ အွန်လိုင်းဈေးဝယ်ထားတဲ့ ပစ္စည်းလေးရောက်လာတယ်။ ပျော်လွန်းလို့ ကလိချင်နေတာ မနဲစောင့်နေရတယ်။ မိုးချုပ် ဆယ့်တစ်နာရီကျော်မှ အညွှန်းလေးကို သေချာဖတ်ပြီး စမ်းသပ်လိုက်တယ်။ မနက်ကျ အိမ်ကြီးရှင်အတွက် ထမင်းဘူးမှာထည့်လိုက်တော့ ဒါမျိုးလေး။ ကြက်ဥပြုတ်လေ။ ပုံဖော်ထားတာ။


ပုံဖော်တယ်ဆိုလို့ အထင်မကြီးလိုက်နဲ့ဦးနော်။ ပုံဖော်ခွက်ထဲထည့်ပြီး လုပ်ထားတာ။ အဲဒီခွက်အကြောင်း ပြီးခဲ့တဲ့ရက် မနက်ပိုင်းသတင်းမှာ ကြည့်မိကတည်းက လိုချင်လို့ အင်တာနက်ထဲ လိုက်လျှောက်ရှာထားတာ။ ဘယ်လိုခေါ်မှန်းမသိလို့ အတော်လိုက်ရှာလိုက်ရတယ်။ တွေ့လို့ နာမည်ဖတ်ကြည့်တော့ "Dream Land ကြက်ဥပြုတ်ခွက်" (ゆでたまご器ドリームラン)တဲ့။

ဈေးလဲမဆိုးပါဘူး။ အခွန်အပါအဝင် 1575ယန်း ကျတယ်။ ခွက်ပုံ ၄မျိုးနဲ့ ကြက်ဥ အကာနဲ့ အနှစ်ခွဲတဲ့ ခွက်ရယ် ပါတယ်။ ခွက်၎ခွက်ရဲ့ အဖုံးအတွင်းဖက်မှာ အသည်းပုံ၊ ကြယ်ပုံ၊ လေးထောင့်ပုံ၊ ပန်းပွင့်ပုံ ဒီဇိုင်း ၄မျိုးနဲ့ ပုံစံချတာလေး တွဲပါတယ်။ အဲဒါက အရှင်မို့လို့ ဖြုတ်လို့ရတယ်။


ပြုတ်ရင်တော့ အတော်စိတ်ရှည်ရတယ်။ ပထမဦးဆုံး ပုံစံခွက်တွေရဲ့ အတွင်းဘက်ကို ဆီပါးပါးလေး သုတ်ရတယ်။ မဟုတ်ရင် ကြက်ဥပြုတ်ကို တွန်းထုတ်ရင် ကြပ်နေမှာမို့ထင်တယ်။ အဖုံးအတွင်းပိုင်းတွေကိုလည်း အဲလိုဘဲ ဆီပွတ်ရတယ်။ ကြက်ဥစစ်ခွက်ကို ပန်းကန်အဝမှာတင်ပြီး အပေါ်ကနေ ကြက်ဥကို ခွဲချလိုက်တဲ့အခါ အနှစ်က အလယ်က အချိုင့်လေးပေါ် တင်ကျန်ခဲ့ပြီး ဘေးအမြောင်းကနေ အကာတွေ အောက်ဘက်ကို စီးကျသွားတယ်။ အနှစ်ဘေးက ကပ်နေတဲ့ အကာတွေ သူ့ဘာသာ ရှောခနဲ လိမ့်စီးကျသွားတာကြည့်ပြီး သည်းတွေ ယားလိုက်တာ။ ပြီးတော့ အကာတွေကို ပုံစံခွက်ထဲထည့်၊ အဖုံးကို အတွင်းပုံဖော်တာ တွဲရက်နဲ့ ဖုံးပြီး ရေနွေးပူပူတည်ထားတဲ့အိုးထဲ ရေမြုပ်တဲ့အထိထည့်ပြီး ၁၂မိနစ်ပြုတ်ရတယ်။ ပြီးရင် ပြန်ဆယ်၊ အဖုံးဖွင့်လိုက်တော့ အလယ်မှာ အနှစ်ထည့်ဖို့ အမြှောင်းလေး ရလာပြီ။ အဲဒီထဲ အနှစ်တွေ လောင်းထည့်၊ အဖုံးအတွင်းဘက်က ပုံစံဖော်ချောင်းကို ဖြုတ်ပြီး အဖုံးနဲ့ ပြန်အုပ်ပိတ်၊ နောက်ထပ် ၈မိနစ် ထပ်ပြုတ်ပြီးရင် ရပြီ။


၂ယောက်စာအတွက်မို့ ကြက်ဥ ၂လုံးပဲ ခွဲဖြစ်လို့ ပုံစံခွက်လည်း နှစ်ခုကိုပဲ စမ်းလိုက်ရတယ်။ အသည်းပုံကို စမ်းချင်နေတာမို့ နောက်တခါမှ ကျန်တဲ့ပုံတွေ ထပ်စမ်းရမယ်။


ဂျယ်လီတွေလဲ လုပ်လို့ရတယ်။ ကြက်ဥပြုတ်တာနဲ့ လုပ်နည်း နဲနဲကွာတယ်။ စိတ်ကူးပေါက်နဲ့နေ့ ကျောက်ကျောကျိုကြည့်ဦးမယ်။ နောက်ထပ်ဝယ်ထားတာ ၁မျိုးကျန်သေးတယ်။ အဲဒါက လုပ်ကြည့်ပြီးမှတင်တော့မယ်။ သမီးလေးများရှိရင်တော့ ပျော်စရာပဲနေမှာ။ အတူဆော့ အဲ အတူချက်ဖို့ အဖော်ရနိုင်တယ်။ ခုလောလောဆယ်တော့ မီးဖိုချောင်ထဲ တစ်ယောက်တည်း ထင်တိုင်းကျဲနေတာပေါ့။

17 comments:

fionamg said...

Oh.. your appliance is so... cute. I never saw/heard it before. You are so patient to prepare for that too.
is there any where can buy in Tokyo?

Btw, all of your lunch sets really make me feel hungry. I like your black lunch box too. Could you pls tell me where we can buy in Tokyo and how much it is.

I am going to go to Tokyo for holidays next month...

Thanks!!!

စူး said...

လုပ်ပေးမဲ့သူရှိရင်တော့ ကောင်းတယ်..
ကိုယ်တိုင်လုပ်ဖို့ကတော့..မလွယ်..မလွယ်..
စားရမှာကို မဟုတ်တော့ဘူး.
ချက်တာက ၂နာရီ နားတာက ၂နာရီ.
စားတာက ၁၀မိနစ်နဲ့.. ဘာမှလုပ်ချိန်မရဘူးးး

nu-san said...

သမီးလေးသာရရင် မီးမီးအတွက် ကစားစရာ တခု၊ မေမေကြီးအတွက် ကစားစရာ တခုဝယ်ခိုင်းနော်.. ပြီးရင် ရန်မဖြစ်နဲ့နော်.. ဟင်းချက်တမ်းတူတူကစားနော.်.:D

နောက်ပြီးသွားပြီ။ ဒီတခါ အတည်ရေးမှာ.. ချစ်စရာလေးတွေနော်.. ကြံကြံဖန်ဖန် သူမို့ရှာတွေ့တတ်တယ်.. ကျောက်ကျောလုပ်ရင် ပိုလှမယ်.. ဒါဆို ကြက်ဥတွေ ပုံဖော်တမ်းကစားရင်း အိမ်ကြီးရှင်ကိုလည်း ကြက်ဥပဲ ချက်ကျွေးလိုက်နော်.. :)

May Moe said...

ဪ ဒါကဒီလိုကိုး ဟိုဘက်မှာတောင် သွားမေးထားသေးတယ်။ တခါမှ မမြင်ဖူးလို့။ မမ လိုစိတ်မရှည်ပါဘူး ဟီးဟီး :D

ဇနိ said...

လိုချင်တယ် ဒါမျိုးလေး
သားသားမီးမီးရှိရင် ကစားနိုင်မှာမဟုတ် ညီမမြရွက်ဝေ လိုက်ထိန်းနေရတာနဲ့ မောနေမှာ အခုနေ ကစားထားနှင့်
မဇနိ

khin oo may said...

စောင့်ကြည်.နေတယ်။ ဘာဖြစ်သွားမလဲလိဲု့. ငှင်းငှင်း

Moe Cho Thinn said...

ကြက်ဥလေးတွေ ပုံဖော်ထားတာ လှလိုက်တာ။ ထွင်တဲ့လူကလဲ စိတ်ကူးကောင်းလိုက်တာ။ နောက်ပြီး ဆားလေးနဲ့ တို့စားရင် ကောင်းမှ ကောင်း။
ပထမဆုံး အကြိမ်ရောက်ဖူးတာပါ။ သဘောကျသွားပြီ။

khin oo may said...

မိုးချိုသင်း က သဘောကျမှာပေါ.ညီမရဲ. သူ ကကြက်ဥ ကြိုက်တယ်လေ.

ဆောင်း said...

I like it. How can I buy it? Would u mind to drop me a mail?
Thks

ThuHninSee said...

ကျေးဇူးပဲ..၀ယ်ပြီး ဆော့အုံးမယ် :P

မြရွက်ဝေ said...

fionamg, ဆောင်း---> ထမင်းဘူးကတော့ ဆူပါတိုင်းမှာ ရနိုင်ပါတယ်။ ကြက်ဥပြုတ်ခွက်ကတော့ ပစ္စည်းစုံတဲ့ ဆူပါမားကတ်ကြီးကြီးမျိုးမှာ ရနိုင်မယ်ထင်ပေမယ့် သေချာတော့ မသိပါဘူးရှင်။ Rakutenဆိုတဲ့ ဂျပန်အွန်လိုင်းဈေးရောင်းတဲ့ ဆိုက်ကနေ ထမင်းဘူးသုံးပစ္စည်း (obentouguzzu-お弁当グッズ) ထဲက ရှာပြီးhttp://item.rakuten.co.jp/smilezakka/20007/ ဒီဆိုင်က onlineဈေးဝယ်ထားတာမို့ပါ။ ဂျပန်ဆိုက်တွေမို့ ဂျပန်စာမရှိရင် ပုံတွေဘဲ မြင်ရမယ် ထင်ပါတယ်။ ဂျပန်မှာနေတဲ့ အသိရှိရင် အဆင်ပြေနိုင်ပါတယ်။ နောက်မှရှာတွေ့တဲ့ ဒီဆိုင်က http://item.rakuten.co.jp/nabeya/92038/ ပိုဈေးသက်သာပါတယ်။

မမြတ်နိုးရေ---> လုပ်ပေးမယ့်သူ ရှာလိုက်ရုံပေါ့နော့။

မနုစံ---> ကြက်ဥတွေ ကျွေးတာ များနေလို့ အရှိန်သတ်ပါတယ်ဆိုမှ ဆော့စရာရလာတော့ ခက်နေပြီ။

မေမိုး---> အမလဲ စိတ်မရှည်ပါဘူး။ သေးသေးတာတာတွေဆို ကလိချင်တာ။

မဇနိ---> သမီးဆော့ချင်လို့ မြေးထိန်းပေးပါလို့ အမေ့ကို ခေါ်ထားမယ်။ အဟိ (အမေကြားရင် အခေါက်ခံရတော့မယ်):P

မခင်ဦးမေ---> ကြက်ဥပြုတ်လေးတွေ ဖြစ်သွားပါတယ်ရှင့်။ :D

မမိုးချိုသင်း---> ဂျပန်တွေ ထမင်းဘူးကို လှတပတလုပ်ကြတော့ ထမင်းဘူးသုံးပစ္စည်းတွေလဲ အဲလို အဆန်းလေးတွေ ထွင်ကြတယ်။( အမ ကွန့်မန့်လာရေးတာ အရမ်းပျော်သွားတယ် သိလား။ အမစာတွေ မလွတ်တမ်း ဖတ်ပေမယ့် ကွန့်မန့်မရေးရဲလို့ တခါမှ လာမရေးဖြစ်ဘူး။)

မသုနှင်းဆီ---> ဆော့ကြည့်နော် အမ။ မိုင်ကြက်ဥပြုတ်လို့။ :D

ရွှန်းမီ said...

ကြက်ဥပြုတ်လေးတွေ လှလိုက်တာ..
စားစရာတွေ အများကြီးကို ခုမှ လာကြည့်ဖြစ်တယ်..
=) မမြရွက်ဝေ သမီးလေး ဖြစ်ချင်လိုက်တာ.. အတူလာဆော့မယ်.. မကြောက်နဲ့နော်.. အဟဲ .. ။

little moon said...

အိုး .... ထူးထူးဆန်းဆန်းပါလား။ တစ်ခါမှ မတွေ့ဖူးဘူးဗျ။ ကျွန်တော့်မိန်းမလဲ အဲဒီလို ချက်ပြုတ်တာနဲ့ပတ်သက်လို့ ထူးထူးဆန်းဆန်းလေးတွေဆို စိတ်ဝင်စားတတ်တယ်။ သူဆိုရင် ကြိုက်မှာပဲ :)

WWKM said...

ညီမလေးရေ..
စိတ်ဝင်စားသွားပြီ...
မမကတော့ သူများ bento လေးတွေကြည့်ပြီးအားကျ
တယ်။ ကိုယ်တိုင်က ကောင်းကောင်းမွန်မွန် မချက်တတ်
တော့ အဲလိုလေး လုပ်လို့ရမှန်းတာသိခဲ့ရင် အဆင်ပြေမှာပဲနော်...ကျေးဇူးပဲ ညီမလေး ရေ..

Anonymous said...

ဟိဟိ စားချင်လိုက်တာ ချစ်စရာလေးတွေး) စားကောင်းလား အစ်မ လှလို့ မစားပဲ အလှကြည့်နေတယ်ထင်တယ် ။

fionamg said...

Thank you so much. :)

မီးငယ် said...

မမရဲ့သမီးလေးဖြစ်ချင်လာပြီ....
မွေးစားမလား မမ... :)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP