Tuesday, January 13, 2009

ဇီးကွက်




ပိတ်ရက် ၉ရက်ဆက်ပိတ်လို့ အေးဆေးဘလော့လို့ရပြီမှတ်တာ လွဲပါ့။ ခရီးလဲ မသွားဖြစ်ပါဘူး။ အိမ်ထဲမှာဘဲ အချိန်ကုန်တာပေါ့။ မိုးလင်းမိုးချုပ်ဘာတွေလုပ်လို့ဘာတွေရှုတ် ဆိုရင်တော့ TVကြည့်နေတယ်လို့ ပြောရမယ်။ နှစ်ကုန်ခါနီးမို့ TVက ဇာတ်လမ်းကောင်းကောင်းတွေ လွှင့်တယ်။ အမှန်တော့ အဲဒီလိုင်းတွေက လျှောက်ရမယ့်ဟာတွေ။ သူတို့ဘာသာ ကြော်ငြာသဘောနဲ့ ၁၀ရက်လောက် အမြည်းလွှင့်ပေးတာပါ။ ခုတော့ ရက်ပြည့်သွားလို့ ကြည့်လို့မရတော့ဘူး။ ရတုန်းကတော့ ၂ယောက်သား ကြည့်လိုက်ကြတာ။ အမှန်ဆို သူက TVမကြည့်လိုပါဘူး။ ကွန်ပြူတာနဲ့သာ အချိန်ကုန်တာ။ ခုသူကဦးဆောင်ပြီးကြည့်တာဆိုတော့ အစပိုင်းမှာတင် အတော်ညည့်နက်တဲ့အထိ ကြည့်ဖြစ်တယ်။ နောက်seriesလို အတွဲလိုက်လွှင့်တဲ့ Criminal Minds ဇာတ်လမ်းတွဲတခု စလွှင့်တော့ မိုးပါလင်းရောပဲ။ ည၁၂နာရီလောက်ကနေ တည ၄/၅ပိုင်းလွှင့်တာကိုး။ တချို့နေ့တွေဆို မနက်၇နာရီအထိတောင်။ ကျမက ညဥ့်နက်အောင်နေတတ်ပေမယ့် မိုးအလင်းအထိတော့ မကြည့်တတ်လို့ အစပိုင်း မကြည့်ပါဘူး။ သူက စိတ်ဝင်စားဖို့ကောင်းတယ်ပြောလို့ လိုက်ကြည့်ရင်းနဲ့ နှစ်ယောက်သား ဇီးကွက်ဖြစ်တော့တာ။ ညမအိပ်ဘဲ နေ့ဘက်မှ အိပ်နေလို့လေ။ အကျင့်ပျက်သွားတာ ရုံးဖွင့်ရက်ပြန်ရောက်လာတော့ နေ့ညမှားနေတာကို အတော်ပြန်ကျင့်နေရတယ်။ ကျင့်သားရမယ်မှ မကြံသေးဘူး ဒီတပတ်က ၃ရက်ဆက်ပိတ်ပြန်တာကြောင့် ပြန်ပျက်ရောလေ။ အင်တာနက်TVလိုင်းက ဇာတ်လမ်းတွဲကို သွားစကြည့်ရာက ပြန်စတာ။ အဲဒီလိုင်းက တင်ထားပေးတာ ဇာတ်လမ်းက မပြီးသေးတာမို့ သူက အင်တာနက်ထဲက ဒေါင်းလုတ်လုပ်ပြီး TVနဲ့ ချိတ်ကြည့်ပါတယ်။ အဲဒါနဲ့ ညမအိပ်သံသရာပြန်လည်ပြန်ရော။ အမေသိရင်တော့ အတော်အဆူခံရမယ်။ ညမအိပ်ဖြစ်ရင် နေ့ဘက်ပြန်အိပ်လည်း ထုံထိုင်းထိုင်းကြီးနဲ့ရယ်။ ထမင်းလည်း မှန်မှန်မစားဖြစ်တော့ဘူး။ သွားရည်စာတွေ တမျိုးပြီးတမျိုးစားနေတာ။ ဒီအတိုင်းဆို ဝါးခြမ်းပြားဘော်ဒီကနေ စဥ့်အိုးဘော်ဒီဖြစ်လာဖို့နီးတယ်။ အိပ်ရေးမဝလို့ အာဟာရပြည့်အောင် နွားနို့ကို တနေ့ ၃ခွက်လောက် သောက်ဖြစ်တယ်။ "ကိုကိုး"တွေနဲ့ ဖျော်လိုဖျော်ပေါ့။ ဆိုင်မဆိုင်တော့ မသိပါဘူး။ မူးလဲမှာစိုးလို့ ကိုယ့်ဘာသာ စိတ်ဖြေသောက် သောက်နေတာပါ။ ဒီအတိုင်းတော့ မဖြစ်ချေဘူးလို့ တွေးမိပေမယ့် ပေတာက ပေတေတာပါဘဲ။ ဖြစ်လာမှသာ "အဟင့်!:("ပေါ့။ နှစ်စမှာ အကျင့်ပျက်နေရင် တနှစ်လုံးများ အကျင့်ပျက်တော့မလားမသိ။ သို့ပေသိလည်း ဒါက ခရစ်နှစ်ကူးတာဆိုတော့ မြန်မာနှစ်ကူးမှ မဟုတ်တာလေနော့။ မြန်မာနှစ်ကူးအခါကျ ကောင်းနေရင် ပြီးရောပေါ့လေ။ (ပြောမယ့်သာ ပြောတာ၊ မနှစ်က သင်္ကြန်ကို သိတောင်မသိလိုက်ပါဘူး။)

3 comments:

WWKM said...

ဟုတ်ပ ညီမလေးရေ..
ပိတ်ရက်မှာ အကျင့်ပျက်သွားတယ်လေ.. မမရောပဲ.
ဒီပိတ်ရက်ကလေးမှပဲ ကောင်းကောင်းအိပ်ရတာဆိုပြီး
ညဆို ညည့်နက်အောင်နေတယ်. မနက်ဆို ၁၁ နာရီ
လောက်မှ အိပ်ရာထနိုင်တယ်. မေမေ ရောက်နေတော့
မေမေ ကစောစောထတယ်လေ။ အဲ့ဒါနဲ့ မေမေ ထရင်အားလုံး အိပ်ရာနိုးကုန်တယ် မေမေ ၊ စောစောထ
ပြီး ဘာမှ မချက်ပါနဲ့ ရတယ်. အိပ်ရေးဝအောင်သာ
ဆက်အိပ်လို့ မေမေကိုပါ အကျင့်ဖျက်ပေးလိုက်တာ.
မေမေပါ ညဆိုတီဗီကြည့်ပြီး မနက်ကိုယ်တွေအိပ်ယာ
ထမှ တူတူ ထရှာတယ်.. ဟီးး
ပျော်စရာကြီး.. အခုတော့ ၇ နာရီဆို အိပ်ရာထနေရပြီ.
;( ၀ါးးးးးးးးးးးးးးးးးးးး

Anonymous said...

တီတီဝါကြီးဦးတွားတယ်ဂျာ...
အကုန်တူနေပါလားမမရေ..။ ဆိုးတယ်နော်.. မကောင်းမှန်းသိရက်နဲ့ ဖျောက်လို့ကလည်းမရ။ ကြာတော့ ခေါင်းတွေက အုံအုံကြီးတွေဖြစ်လာတယ်။း(
နွားနို့မသောက်တာတောင်ကြာပီ။ လိုက်သောက်ဦးမှ :D
ဇီးကွက်သိပ်မလုပ်နဲ့နော်.. ကောင်းဘူး။း)

မီယာ said...

အိပ်ရေးပျက်ရင် အစားများများစားရတယ်ဆိုပဲ။ ပိတ်ရက်မှာ လုပ်ချင်တာတွေ လုပ်လိုက်တာပေါ့။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP