Monday, January 26, 2009

"ချဟန်"


ဝက်သားကြိတ်သားလေး လက်သီးဆုပ်သာသာလောက်ကျန်နေတာနဲ့ ဒီည ထမင်းကြော်ကြော်စားဖို့ စိတ်ကူးလိုက်တယ်။ အမှန်တော့ ဘာချက်ရမှန်း မသိလို့ပါ။ တီဗီက ကြည့်ပြီးမှတ်ထားတဲ့ နည်းနဲနဲရယ်နဲ့ ကိုယ့်ဘာသာ စားချင်တာဘဲရွေးထည့်ထားတဲ့ "မိုင်ထမင်းကြော်"ပါ။ ထမင်းကြော် မစားတာကြာလို့ စားကောင်းပါသည်။


ဟင်းခါးလေးနဲ့ပေါ့။


ဟင်! ဘာလို့ တပန်းကန်က နည်းပြီး တပန်းကန်က များလွန်းနေတာလဲ? ဆိုတာလား။ တို့က diet လေ။:P (ခွိ~ခွိ) ဟုတ်ပါဘူး။ အစာအိမ်ကျယ်တဲ့သူက များများစား၊ ကျဉ်းတဲ့သူက နည်းနည်းစား အဲလိုပါ။ နောက်မှ မအိပ်မချင်း ဆာရင် ဖျော်ရည်သောက်လိုက် ဘလော့ဖတ်ရင်း ချော့ကလက်စားမှာပေါ့။ :D
နောက်ဆက်တွဲ


အိပ်ခါနီးနေပြီကို ဝယ်ထားတဲ့ ထောပတ်သီးလေး ဘယ်နေ့ဖျော်ရမလဲဆိုတော့ ခုသောက်မယ်ဆိုလို့ နောက်ဆက်တွဲဖြစ်သွားတယ်။

9 comments:

ရွှန်းမီ said...

မဝေရဲ့ မိုင်ထမင်းကြော် ;-)
ညီမ ညစာ ခေါက်ဆွဲစားပြီးပြီမို့ ကြည့်ပဲ ကြည့်သွားပါတယ်..

khin oo may said...

ကောင်းမဲ့ပုံဘဲ..တော်တယ်ဗျာ။။ လူကြီး ကံကောင်းတာပေါ့။ ဟင်းခါးတော့ထပ်ထည့်ပေးပါ.
အပိန်ကျင့်ချင်လျင် ချောကလက်မစားရ (ထင်တာပြေသွာူသည်)

မြရွက်ဝေ said...

ညီမရွှန်းမီ---> နောက်တခါဆို စားသွားနော်။:D
မခင်ဦးမေ---> diet ဆိုတာ ကြားကောင်းအောင်ပြောတာပါအမ။ တခါတည်း အများကြီး မစားနိုင်လို့ အချိန်ခြားပြီး စားတာ။:)

မီယာ said...

ထမင်းကြော်ကို ဘယ်အချိန်စားရ စားရ ကြိုက်တယ်..ထောပတ်သီးက ကယ်လိုရီ များတယ်ထင်တယ်..အလေးချိန်ကျချင်ရင် ရှောင်ပါလော့..

Moe Cho Thinn said...

ထမင်းကြော်လဲ ကြိုက်၊ ထောပတ်သီးလဲ ကြိုက်ပြန်ပြီ။
တို့လဲ ထမင်းတွေ ကြော်ဖူးပါတယ်။ ဒီလိုလေး ဖြစ်မနေပါလား။ အော်..သူများတွေများ ချက်လဲချက်တတ်၊ လှလှလေးလဲ ပြင်တတ် စားတတ်..။ တောက်..တောက်..တောက်..။
တောက်ခေါက်တာ မဟုတ်ပါဘူး။ မျက်ရည်ကျတာပါ။

မြရွက်ဝေ said...

မမီယာ---> တခါတလေမှ စားရလို့ပါ မမီယာရေ၊ ဈေးကြီးနေတဲ့အချိန်တွေ မဝယ်စားရဲဘူး။ အဲလိုနဲ့ ဈေးသက်သာတုန်းလေး ဆိုပြီး.... ဆိုပြီး...

မမိုးချိုသင်း---> ဟင်! မငိုပါနဲ့ အမရယ်၊ ညီမကြော်ထားတာကလည်း ခက်ခက်ခဲခဲမဟုတ်ပါဘူး။ အမကြော်ချင်ရင် နည်းပေးမယ်နော်။ ရေခဲရိုက်ထားတဲ့ ပဲစေ့၊ ပြောင်းစေ့၊ မုန်လာဥနီ ကို microwaveနဲ့ နွှေး၊ ထမင်းအေးအေးထဲ ကြက်ဥဖောက်ထည့်၊ ခုဏက နွှေးထားတာတွေရယ်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး နယ်ထား၊ ဝက်သားကြိတ်သားလေးနဲနဲကို ဒယ်အိုးထဲ ထည့်ကြော်၊ ကျက်ခါနီးလောက်မှာ ထမင်းတွေထည့်ပြီးကြော်ရင်ရပြီ။ ထမင်းတစေ့စီမှာ ကြက်ဥအရသာရအောင် မကြော်ခင်ကတည်းက ရောနယ်ရမယ်လို့ ပြောတယ်။ ကြော်ရင်းမှ ဖောက်ထည့်ရင် မွှေတာမမြန်ဘူးဆို အရသာ မနှံ့တတ်ဘူးတဲ့။ ကြိုက်တတ်ရင် tomato sauce ပါထည့်လို့ရပါတယ်။ ဂတ်စ်အားပြင်းပြင်းမှာ ကြော်ရင် ပိုလှတယ်။ မီးပြင်းရင် လက်တော့ မြန်ဖို့လိုတယ်။ ရမယ်ထင်ပြီး ခဏလေး တင်ထားမိတာ အောက်ဘက်က နဲနဲတူးချင်သွားလို့လေ။ ထမင်းဂျိုးလေးပါသွားလို့ ပိုစားကောင်းသွားသလိုဘဲ။ :D

ဇနိ said...

ထောပတ်သီးဖျော်ရည်ကို ဟိုနေ့ကတည်းက သွားရည်လာကျထားတာ။ ဒီနေ့ထပ်လာသောက်တယ်။
တောက် တောက် တောက်။ မျက်ရည်ကျတာ နှစ်ပန်းကန် နှစ်ဖန်ခွက်လေးတွေ မြင်နေရလို့လေ။
မနိ

ThuHninSee said...

လာဖတ်ဖြစ်ပေမယ့် ကွန်မက်ချန်ဖို့ log in လုပ်ဖို့ အချိန်မရလို့ တစ်ခါတစ်လေဆို မချန်ဖြစ်ဘူး။
ဟိုနေ့ကတည်းက ထောပတ်သီးဖျော်ရည်ကို သွားရည်ကျနေတာ။ ဒီကိုလဲ တစ်ခွက်နော်။ ခပ်စိမ်းစိမ်းလေးသောက်ချင်တယ်။ နို့လျော့ပေးနော်။
ဖန်ခွက်က သေးတယ်။ မတ်ခွက်နဲ့ပေးပါ။ :P

8Yar said...

ဗိုက်ဆာနေပါတယ် ဆိုမှဂျာ။ ဒီ post ကိုတွားဖတ်မိတယ်။အမ မကောင်းဘူးဂျာ။ ဟီးဟီ ကိုယ်မစားရလို့ပြောတာ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP