Friday, July 18, 2008

"aircon/ heater ဖွင့်ရင် မီတာသက်သာစေသောနည်း"


မမြတ်နိုးရဲ့ ဒီပို့စ်မှာ ကွန့်မန့်ပေးထားတာလေးကို ပြန်လည်ကူးယူဖော်ပြပါသည်။

ပူလွန်းလှသည် ...ဂျပန်ပြည်.

ဂျပန်နိုင်ငံ ကို မရောက်ခင်တုန်းက ပူတယ်လို့ လုံးဝ မထင်.. တကယ်မထင်။ အ၀တ်အစားဆို အထူပဲ ပါခဲ့တယ်။ ဟွန်း...ပြောကို မပြောချင်ပေါင်။ ပူတာများ။ လွန်လွန်းတယ်။ ဆံပင်တောင်ညှပ်လိုက်ပီ အမှန်က လှချင်တာလဲပါတာပေါ့။
ဂျပန်မှာက အပူချိန်က အလွန်ဆုံး ၃၅ F ပါပဲ ဒါပေမဲ့ hitsudo(Humidity) လို့ခေါ်တဲ့ ရေထုစိုထိုင်းမူက အရမ်းများတော့ ပေါင်းအိုးကြီးထဲ ထည့်ထားသလိုပဲ။ အအေးကြိုက်တဲ့ မြတ်နိုးတော့ အမုန်းဆုံးလပြောပါဆိုရင် သြဂုတ်လ ပဲ။ ဂျပန်တွေက အော်ရီကြတယ်။ သူတို့တော်တော်များများက အဲဒီလကို ကြိုက်ကြတယ်လေ။ ပီးတော့ ပြောလိုက်သေးတယ်လေ။ နင်တို့တိုင်းပြည် က ပိုပူတာပေါ့တဲ့။ ဘယ်ရမလဲ အထွန့်တတ်တက် တဲ့ မြတ်နိုးက ပူတာ မှန်တယ်။ ပူတဲ့အချိန်ဆို ငါတို့ဆီမှာ ၄၀ ၄၅ လောက်ကို ရှိတာ။ ဒါပေမဲ့ ရေထုစိုထိုင်းတာ အရမ်းနဲတော့ ဒီလောက်မပူဘူး။ နင်တို့ဟာက သစ်ပင်အောက်ဝင်မိပါတယ် ပိုပူတယ်။ တောထဲသွားကြည့်လည်း ပူတာပဲ။ ငါတို့ဆီမှာဆို.. အရိပ်အောက်ရောက်ရင် အေးသွားရော...ဆိုမှ ပါးစပ်လေးတွေ ပိတ်သွားကြတယ်။ ဒီနှစ်ပူတာ ပိုစောတယ် ။ ဇူလိုင်အစတည်းကပူနေတယ်ဗျာ။ သူတို့က ကြိုက်မှာပေါ့လေ..အခုချိန်ဆို သူတို့က တိုပေ့ဆိုတဲ့ ဘောင်းဘီတို လေးတွေ ကိုယ်စီဝတ်နေကြပီကိုး။ ကြိမ်အိတ်တွေ လွယ်လို အစွမ်းကုန် ဖော်နေကြပီကိုး..။ မြို့ထဲမှာ အရောင်စုံ မြင်နိုင်တယ်။ 2piece လိုမျိုးတွေလည်း ၀တ်ကြလေရဲ့။ ထုပ်ထားတာ အမျိုးမျိုး မြင်နိုင်ပီလေ.။ အံ့သြပါရဲ့။ ဟဲဟဲ..မြတ်နိုးကတော့ မျက်လုံး အဆာကျွေးလိုက်တာပေါ့ဗျာ။ အိုက်လွန်းလို့ ဘယ်မှ မသွားချင်ပေမဲ့... ထွက်နေသွားနေရဦးမှာပဲဗျာ ။ အခန်းကတော့ Aircon မသုံးလို့ကို မရတော့ ဒီလတော့ မီတာ တက်ပီ...။ :(


Blogger မြရွက်ဝေ said...

ဟုတ်တယ်။ ပူလွန်းလို့။ megumiစီမှာလဲ သွားအော်ထားတယ်။ မနေ့က အပြင်ထွက်တုန်းကတောင် တရုတ်သူငယ်ချင်းက မမြတ်နိုးကို ဂျပန်တွေ မေးသလို လာမေးတယ်လေ။ မြန်မာက ပိုမပူဘူးလားတဲ့။ ပြန်ပြောလိုက်ပါတယ်။ မြန်မာက ဂျပန်လို ရေခဲအောင်အေးတဲ့ နိုင်ငံမဟုတ်ဘူးလို့။ နဂိုကတည်းက သိပ်မအေးတော့ အပူချိန်တက်လာလဲ ရုတ်တရက်ကြီး ပူလာတယ်လို့ မခံစားရဘူး။ တိုက်ထဲ အရိပ်ထဲမှာနေရင် အေးမြမြခံစားရသေးတယ်လို့။ ဒီမှာတော့ ရေငွေ့တွေနဲ့ အပူရိုက်ပြီး အရိပ်ထဲနေတာတောင် မအေးဘဲ ပေါင်းအိုးကြီးထဲရောက်နေသလိုဘဲလို့။
ဂျပန်ကတော့ "အိုရှလည်"ကို အတော်ဦးစားပေးကြတာဘဲ။ အေးတဲ့အချိန်တောင် လှချင်လို့ အတိုအပြတ်တွေ ဝတ်တဲ့သူတွေ ရှိနေသေးတာ ခုဆို ပိုဝတ်ကြပြီ။ သူတို့ဝတ်တော့ ကိုယ်လဲ ငမ်းပေါ့။ :P
မီတာလျော့အောင်လုပ်နည်း TVမှာ ကြည့်လိုက်ရတယ်။ သိချင် ပြောပြမယ်ဂျို့။:)


Cbox
မြတ်နိုး: ရေးပေးလေ.. မနေ့က မေ့ကနဲ aircon ဖွင့်ပီးအိပ်သွားတာ အရမ်းအေးမှ နိုးလာတာ မီတာတော့ တက်ပါပီ


Blogger မြရွက်ဝေ said...
မမြတ်နိုးရေ

မီတာသက်သာအောင် လုပ်တဲ့နည်းက ပန်ကာနဲ့ တွဲဖွင့်ဖို့ပါ။ အင်!! လို့ဖြစ်သွားပြီထင်တယ်။ TVမှာ ရှင်းပြ သွားတာ။ air con သက်သက်ဘဲ သုံးမယ်ဆို အနည်းလေး ၂၂ဒီဂရီလောက် ထားမှ တခန်းလုံး အေးတာဟုတ်လား။ (အမ ဘယ်လောက် အပူချိန်မှာထားမှန်းမသိလို့ အိမ်မှာထားတဲ့ အပူချိန်နဲ့ ပြောတာပါ။) ဒါတောင် air conရှိတဲ့ အခန်းဘဲ အေးတာလေ။ မီးဖိုချောင်တို့ဘက်ကို အအေးမရောက်ဘူး။

တခန်းလုံး မြန်မြန်အအေးပျံ့အောင် ပန်ကာကို air conဖွင့်ထားတဲ့ အရှေ့ဘက်မှာ ဘေးဘက်မျက်နှာမူထားပြီး ဖွင့်ပေးပါတဲ့။ ဘေးဘက်ဆိုတာက ကိုယ် အအေးပျံ့ စေချင်တဲ့ဘက်ကိုပါ။ အဲဒီအချိန်မှာ air conကိုလည်း ဖွင့်နေကျထက် ဒီဂရီ လျှော့ရပါတယ်။ (အိမ်မှာ ၂၂ဒီဂရီမှ အေးတာကို ပန်ကာနဲ့တွဲဖွင့်တော့ ၂၅/၂၆ဒီဂရီနဲ့ မီးဖိုချောင်အထိ အေးတယ်။ ဒီနည်းနဲ့ မီးဖိုချောင်ထဲ ချွေးတလုံးလုံးဖြစ်မနေတော့တာ အမှန်ဘဲ။) ပန်ကာလဲ အားအလျော့ဆုံး(jaku/弱)မှာ ထားဖွင့်လို့ရတယ်။ TVမှာ ရှင်းပြတာက air con သက်သက်ဘဲ ဒီဂရီမြှင့်ဖွင့်ရင် တစ်နာရီမှာ တက်တဲ့ မီတာယူနစ်ထက် ပန်ကာနဲ့ တွဲဖွင့်ရင် ကျတဲ့ ယူနစ်က ပိုသက်သာတယ်တဲ့။ ဘာလို့လဲဆို ပန်ကာဖွင့်ရင် air con ရဲ့ အအေးဒီဂရီ ကို လျှော့ချလို့ရလို့လို့ ပြောတယ်။ ကျမတော့ မအိပ်ခင် တခါးတွေ အလုံပိတ်ပြီး air con နဲ့ ပန်ကာကို တခန်းလုံး အေးတဲ့အထိ တွဲဖွင့်ထားလိုက်တယ်။ အေးလာရင် air conကို ပိတ်ပြီး ပန်ကာသက်သက်ဘဲ တစ်နာရီ တိုင်မာ ဆက်ပေးထားလိုက်တယ်။ air conကိုတော့ မနက် ၄နာရီလောက် ပြန်ပွင့်ဖို့ တိုင်မာ ပေးထားတယ်။ အဲဒါက မဆိုးဘူး၊ တော်တော်အဆင်ပြေတယ်။ ကျမတို့အခန်းက နေထိုးတော့ အရမ်းပူလာရင် air conကို ၂၂ဒီဂရီလောက်နဲ့တောင် မြန်မြန်မအေးချင်ဘူး။ ၂၀လောက်ထားမှရတာ။ ခုဒီနည်းနဲ့ကျ ၂၅ဒီဂရီနဲ့ ဆောင်းတွင်းပြန်ရောက်သွားသလို အေးတယ်။

ဒီနည်းက အမှန်တော့ ဆောင်းတွင်းအရမ်းအေးတဲ့အချိန် မီတာသက်သာအောင် လုပ်နည်းမှာ ကြည့်လိုက်ရတာ။ heater ကို အပူချိန် လျှော့ချပြီး ပန်ကာနဲ့ တွဲဖွင့်ဖို့ လက်တွေ့ စမ်းသပ် ပြတာကြည့်လိုက်ရတာ။ နွေမှာလဲ အတူတူဘဲလို့ ထင်ပါတယ်။ ဆောင်းတွင်းမှာ တခုပိုတာက မှန်တခါးတွေကို လေအိပ်လေးတွေပါတဲ့ ပလက်စတစ်စနဲ့ (ဖန်လို ကွဲတတ်တဲ့ ပစ္စည်းတွေကို ပတ်လေ့ရှိတဲ့ ပလက်စတစ်စ) ကပ်ထားရင် ပိုကောင်းပါတယ်တဲ့။ မဟုတ်ရင် ပြင်ပ အအေးကြောင့် မှန်မှာ ရေသီးတွေစီးကျပြီး အခန်းတွင်း အပူချိန်ကို ကြာကြာမထိန်းနိုင်စေဘူးတဲ့။ ကျမတော့ အဲဒီ ပလက်စတစ်စတွေ ခုထိ မခွါဖြစ်ဘူး။ မမြတ်နိုး စမ်းကြည့်ပြီး အဆင်ပြေရင် ပြောပါဦးနော်။ :)


လေအိပ်လေးတွေပါတဲ့ ပလက်စတစ်စကို ဒီမှာ အဲယားကူရှင်(エアークッション/air cushion)လို့ ခေါ်ပါတယ်။


တချို့ကျတော့ "ပုချိပုချိ" (プチプチ/puchipuchi)လို့လဲ ပြောကြတယ်။ လေအိပ်လေးတွေကို ညှစ်ဖောက်လိုက်ရင် မြည်တဲ့အသံကို စွဲပြီးခေါ်ပုံရပါတယ်။ ("ပုချိပုချိ"နဲ့ ဆက်စပ်ပြီး အဲလိုလေအိပ်လေးတွေ ဖောက်ရတာ ဝါသနာပါတဲ့ သူတွေအတွက် ဂျပန်က ကစားစရာတမျိုး တီထွင်ထုတ်လုပ်ထားပါတယ်။


"မုဂဲန်းပုချိပုချိ" (∞プチプチ/အဆုံးမဲ့ ပုချိပုချိ) လို့ခေါ်ပါတယ်။ key chain ပုံစံလေးပါ။ တစ်ခုကို ယန်း 500 ကနေ 700 ဝန်းကျင်မှာ ရှိပါတယ်။ အဲဒီပေါ်က အဖုလေးတွေကို နှိပ်ရင် အချက် ၁၀၀ ပြည့်တိုင်း မတူတဲ့ အသံ မြည်ပါတယ်။ ဂျပန်တွေကတော့ ကြံကြံဖန်ဖန်ပါဘဲ။)



ရေးရင်းနဲ့ ခေါင်းစဉ်က ချော်လာပြီ။ ဆောင်းတွင်းမှာ မှန်တွေကို "ပုချိပုချိ"ပလတ်စတစ်စ ကပ်တာအပြင် လိုက်ကာအရှည်စကိုပါ အောက်ခြေနားမှာ ကူရှင်ခေါင်းအုံးနဲ့ ဖိထားရင် ပိုကောင်းပါတယ်။ ဒါမှ အိမ်တွင်းက လေနွေးတွေ မှန်ကိုသွားမထိတော့မှာပါ။ (ကျမကတော့ ပလတ်စတစ်စဘဲ ကပ်ဖြစ်ပါတယ်။)လက်တွေ့စမ်းသပ်ကြည့်ပြီး အသုံးဝင်နိုင်ကြပါစေနော်။

7 comments:

ဇနိ said...

ဗဟုသုတ ဝေမျှတာ ကျေးဇူးပါနော်။ ပိုက်ပိုက်ကုန်လည်း ဖွင့်နေရတော့တာပဲ ညီမရေ။ ဘယ်လိုပူလောင်လှတဲ့ ဂျပန်ပြည်လဲ မသိဘူး။ ဒီနည်းလေးတော့ မှတ်ထားအုံးမှ။ ပန်ကာတော့ မရှိဘူး။ ကျောင်းမှာပဲ အိပ်ရမလား စဉ်းစားနေတာ။ lab ကို မနက်အစောကတည်းက သွားနေတာကောင်းမယ်။ ဒါပေမယ့် အိပ်ယာက မထနိုင်ဘူးတော့။ :P

diLo said...

:D
inn. here also.
super hot..seldom get cold!
anyway thanks for the tips sis!
reali useful!
so many cutie inventions in japan naw..
lae lae lar chin de :P
invite mha lah mama wei?

စူး said...

Hi,
Mya Ywat ,

Thsanks for sharing such kind of knowledge.

I didn't know before.
:)
keep it on!

ဘလူးဖီးနစ် said...

power=money :P
save the world by saving power
if u save more power , the weather will become more stable :)
especially aircon
ဒီတော့ ရေထဲကို သာ ၀င်စိမ်နေပေတော့ဗျို့ အဟိ

nu-san said...

ညီမလေးရေ.. နည်းသစ်လေးတွေ မျှဝေပေးတာ ကျေးဇူးပါ။ အခုမှ သိတာ။ ဆောင်းတွင်းလည်း အဲဒီလို မှန်မှာ ကပ်ရမှန်း မသိတော့ ရေငွေ့ပြန်ပြီး ပြူတင်းပေါက်အောက်ခြေတို့ အိမ်အ၀င်တံခါးခြေနင်းတွေမှာ ရေကို အိုင်နေတာပဲ.. နေ့တိုင်းလိုက်သုတ်ပေးရတယ်။ အခုနည်းကို လာမယ့်ဆောင်းတွင်းမှာ စမ်းသပ်ကြည့်ရမယ်.. :)

megumi said...

မမပြောမှဘဲ အဲ့လိုလုပ်လို့ရမှန်းသိတော့တယ်။ကျမကတော့ နေ့ဆိုရင် ပြတင်းပေါက်တွေ(၂ပေါက်)​ဖွင့်ထားပြီး သဘာဝလေလေးနဲ့နေတာပဲ။Air conနဲ့ မတည့်လို့လေ။ညဆိုရင်တော့ ဒုက္ခ
ရောက်တာပေါ့နော်။ပြတင်းပေါက်လည်း မဖွင့်ရဲ၊Air conကလည်း မတည့်နဲ့ဆိုတော့။ဒီနွေရာသီ မြန်မြန်ကုန်ပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်သိလား။

ရွှန်းမီ said...

မီလဲ မှတ်သွားတယ်..
ကျေးဇူး .. မမဝေ..
အေးချမ်းကြပါစေ =)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP