Thursday, July 31, 2008

Game


တနင်္လာနေ့က တရုတ်သူငယ်ချင်းရယ် ကိုးရီးယားသူရယ်နဲ့အတူ အိမ်နားက Sensei ဆီကို သွားလည်ခဲ့ပါတယ်။ တကူးတကလာလည်ကြတယ်ဆိုပြီး Sensei က စာနဲနဲလုပ်ရအောင်တဲ့။ (တိန်!) ပထမက နွေရောက်ပြီဆိုတော့ ဂျပန်ရဲ့ နာမည်ကြီး နွေရာသီ သီချင်းလေး သင်ပေးတယ်။ သီချင်းကို ဟိုဘက်မှာ တင်လိုက်ပြီ။ သီချင်းသင်ပြီးတော့ game ဆော့ဖို့အတွက် စာတစ်ရွက် အရင်သင်ပါတယ်။ 5W1Hဆိုတဲ့ သတင်းအချက်အလက်ကောက်တာ သတင်းလွှင့်တာမှာ သုံးတဲ့နည်း အကြောင်းပါ။ 5W1H က When, Where, Who, What, Why, How ဆိုတာပါ။ ကျမတို့ ၁၀တန်းတုန်းက အင်္ဂလိပ်စာသားကို စကားပြေပြန်ရင် ရေးရသလိုမျိုးပါ။ အဲဒါသင်ပြီးတော့ Sensei က game သုံးကြိမ်ဆော့ဖို့အတွက် တစ်ယောက်ချင်းစီ စာရွက် ၃ရွက် ဝေပါတယ်။ စာရွက်တိုင်းမှာ 1- 2- 3- 4- တပ်ထားပြီး တဲတဲလေး ဖြဲထားပါတယ်။ 1-အချိန် 2-နေရာ 3-ဘယ်သူ 4-ဘာလုပ် ဆိုတာ သူများမမြင်အောင် ကိုယ့်စိတ်ကြိုက် ရေးရပါတယ်။ Sensei လည်း ရေးပါတယ်။ ပြီးရင် ၄ပိုင်းလုံး ဖြတ်၊ နံပါတ်တူရာတူရာ မှောက်ရက် ၄ပုံထပ်ပြီး ၄ပုံလုံး ဖဲချပ် ကုလားဖန်ထိုးသလို မွှေလိုက်တယ်။ ပြီးတော့ အပုံတိုင်း တစ်ယောက်တစ်ရွက်စီ ပြန်ဝေပါတယ်။ ကိုယ်ရတဲ့အတိုင်း ပြန်ဖတ်ပြရတာပါ။

ကျမရေးလိုက်တာက

ပထမ စာရွက်မှာ __
1-nichiyoubi ni
2-yomiuri nihonterebi bunka senta- de
3-watashiga
4-oshibana wo naratta.
တနင်္ဂနွေနေ့က ရိုမိအူရိ ဂျပန်TV ယဉ်ကျေးမှုစင်တာ"မှာ ကျမက "အိုရှိဘန"ကို သင်ယူ ခဲ့ပါသည်။

ဒုတိယ စာရွက်မှာ __
1-19 nichi ni
2-ryokou de
3-shujin ga
4-inu no nuigurumi wo katte kureta.
၁၉ရက်နေ့က ခရီးသွားတုန်း အမျိုးသားက အမွှေးပွခွေးရုပ်လေး ဝယ်ပေးတယ်။

တတိယစာရွက်မှာ __
1-senshuu
2-intanetto de
3-tomodachi ga
4-umareta ko no shashin wo okutta
ပြီးခဲ့တဲ့ တပတ်က အင်တာနက်ကနေ သူငယ်ချင်းက (သူ့ရဲ့)မွေးစကလေးဓာတ်ပုံ ပို့ပေးခဲ့တယ်။

ပြန်ရတဲ့အတိုင်း ဖတ်တော့ အားလုံး ဟာသတွေ ဖြစ်ကုန်ရော။ ကျမပြန်ရတဲ့အတိုင်း ဖတ်ပြရတာက
ပထမအကြိမ် __
ဟိုးရှေးရှေးတုန်းက အာကာသထဲမှာ ကျမက ကောက်ညှင်းဆန်ထောင်းခဲ့တယ်။ (ရွှေလမှာ ယုန်ဝပ်လို့ ကောက်ညှင်းဖွပ်တဲ့ အဖွားအို ဖြစ်သွားတယ်။:D )

ဒုတိယအကြိမ် __
လွန်ခဲ့တဲ့ ၂လက တိုကျိုဘူတာရုံထဲမှာ အမျိုးသားက ဘေ့စ်ဘော home run ကို ပြုလုပ်ခဲ့ပါတယ်။ (အပြင်မှာသာဆို အဖမ်းခံရမယ်။)

တတိယအကြိမ် __
မနှစ်က Las Vegas မှာ ဟယ်ရီပေါ်တာက အမြင်ကပ်စရာကောင်းအောင် ဟောင်ခဲ့တယ်။ (ဟယ်ရီပေါ်တာတော့ "ဝုတ် ဝုတ်"ဖြစ်သွားပြီ။:P )

အားလုံး ပေါက်ကရတွေဖြစ်ကုန်တယ်။ ပျော်လဲပျော် ရီလဲရီရတယ်။ gameဆော့ပြီး Sensei ချက်ကျွေးတဲ့ ထမင်းဟင်းတွေစား မုန့်တွေစားနဲ့ အားလုံးဗိုက်ကားပြီး အိမ်ပြန်ခဲ့ပါတယ်။ Sensei နဲ့အတူ ဆော့ခဲ့တဲ့ ကစားပွဲလေးကို အမှတ်တရအနေနဲ့ ဘလော့မှာတင်လိုက်ပါတယ်။



4 comments:

ဇနိ said...

အဲသလိုတော့ မကစားဖူးဘူးဗျ...
ရီတော့ရီရတယ်..

nu-san said...

ညီမလေးရေ.. ပျော်စရာကြီးနော်.. အမလည်း အဲဒီလို မကစားဖူးဘူး။ ဆရာမတွေနဲ့တော့ တခါ ကစားဖူးတာကတော့ ကိုယ်သိထားတဲ့ vocabulary တွေကို အလှည့်နဲ့ပြန်ရွတ်ပြီးဆော့ရတာပါ.. ဥပမာ တစ်ယောက်က tegami လို့အော်လိုက်ရင် နောက်အလှည့်ကျတဲ့တစ်ယောက်က mi နဲ့စတဲ့ စကားလုံးကို ရှာပြီး ပြန်ပြောရတာ။ (minami) ဒါပေမယ့် mikan ဆိုတဲ့ စကားလုံးသုံးလို့မရဘူး. နောက်ဆုံး "ん" နဲ့ ဆုံးတဲ့ဟာဆိုရင် နောက်ပြောမယ့်သူက ဘာမှ ထပ်ပြောလို့မရတော့လို့။ အဲဒီလိုအလှည့်နဲ့ဆော့သွားတာမျိုးတော့ ဆော့ဖူးတယ်..:D

ရွှန်းမီ said...

:-)
အဟီး..
ငယ်ငယ်က အဲလို အသံလွှင့်တမ်း ကစားဖူးတယ်။
ပျော်ဖို့ ကောင်းတယ်.. ။
အချိန်၊ နေရာ၊ ဘာဖြစ်သွားလဲ၊ ဘယ်သူတွေလဲ ဆိုတာကို သတင်းထောက် တစ်ယောက်စီက ရေးချင်တာ ရေးပြီး ပြန်ဆက်ကြတာ။
(အရမ်း ရယ်ရတယ် :-D )

Anonymous said...

ကျနော်လည်း ကစားချင်လိုက်တာ ဘာများလဲလို့  စိတ်ဝင်တစားဖြစ်နေမှ အဲ့လိုဟာသဆိုတော့ တော်တော် ရယ်ရမယ် :P

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP