Friday, August 22, 2008

ငလျှင်လှုပ်ရင်....


အရင်က တီဗီမှာ လွှင့်သွားလို့ ကြောက်နေရပါတယ်ဆိုမှ မဝါဝါက ရေးလာတော့ ပြန်ကြောက်လာတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆိုပေမယ့် မဖြစ်ပါစေနဲ့။ သဘာဝဘေးကလဲ မယုံရဲပါဘူး။ တားဆီးလို့မှ မရတာဆိုတော့။ ခုမှ ပျာယီးပျာယာနဲ့ အိမ်ကြီးရှင်ကို အလုပ်က ပေးလိုက်တဲ့ check လုပ်ဖို့စာရွက်ကို သေချာပြန်ဖတ်နေရတယ်။ ငလျှင်လှုပ်ပြီးရင် တိုက်ပြိုတာထက် ဂတ်စ်အိုးလဲပြီး မီးလောင်တာ အကြောက်ရဆုံးပါ။ ငလျှင်မရှိတဲ့ နိုင်ငံတွေအတွက်လဲ မီးဘေးအတွက် ကြိုတင်ကာကွယ်လို့ရအောင် check လုပ်ရမယ့် အချက်တွေကို ကြိုးစားဘာသာပြန်လိုက်ပါတယ်။



မိသားစုတွင်းဆောင်ရွက်ထားရမယ့် ငလျှင်ဘေးအတွက် လိုအပ်သော ကြိုတင်စီမံစရာများ

အိမ်မှာ check လုပ်ရမယ့် data item (自宅のチェック項目)
- အိမ်ထောင်ပစ္စည်းတွေ လဲကျနိုင်တာကို ကာကွယ်ခြင်း
- ဖန်ကွဲလွင့်လာနိုင်တာကို ကာကွယ်ခြင်း
- ထွက်ပေါက်ကို အလွယ်တကူထွက်နိုင်အောင်ထားခြင်း (ထွက်ပေါက်သွားရာလမ်းကို ပိတ်နေမယ့် လဲကျအိမ်ထောင်ပစ္စည်း ရှိနိုင်/မရှိနိုင်)
- ဖိနပ် အဆင်သင့် ဆောင်ထားခြင်း (အိပ်ယာဘေးနားမှာ ဆောင်ထားရန်၊ အရေးပေါ်အချိန်မှာ ခြေဗလာနဲ့ လမ်းလျှောက်ရင် အန္တရာယ်များခြင်းကြောင့်)

အရေးပေါ် အခြေအနေတွင် သုံးရန် လိုအပ်သောပစ္စည်းများ check (放災用品のチェック項目)
- (အစားအစာ)--> အရေးပေါ်အခြေအနေစားရန် ၃ရက်စာ၊ ရေ (တစ်ယောက်စာ သုံးလီတာ နှုန်း)
- (အရေးတကြီးပစ္စည်း)--> ငွေအချို့၊ အာမခံစာရွက်၊ (စာချုပ်စာတန်း၊ ပတ်စပို့၊ ဘဏ်စာအုပ်)၊ မိခင်နဲ့ကလေးရဲ့ ကျန်းမာရေးမှတ်တမ်းစာအုပ်
- (သတင်းအချက်အလက်ရယူနိုင်ရန်)--> radio၊ အများသုံးတယ်လီဖုန်းကို သုံးနိုင်ရန် အကြွေစေ့ အချို့၊ memoမှတ်ရန် စာအုပ်၊ ဘောပင်
- (Useful things)--> လက်နှိတ်ဓာတ်မီး၊ လက်အိပ်၊ ပလတ်စတစ်အိပ်၊ ဂတ်စ်မီးဖို အသေးလေး၊ တစ်ခါသုံး Hand warmer ၊ ဓာတ်ခဲ၊ မီးခြစ်
- (Hygiene goods)--> အီးအီးအိုး(Portable toilet)၊ အိမ်သာသုံး စက္ကူ၊ အတွင်းခံ အဝတ်အစား၊ လဲလှယ်ရန် အဝတ်အစား၊ တာဝါတဘက်
- (ကျန်းမာရေးအတွက်)--> household medicine ၊ လိမ်းဆေး၊ အအေးမိဖျားနာပျောက်ဆေး၊ Sanitary napkin ၊ ဂွမ်း
- (နို့စို့ကလေးငယ်အတွက်)--> နို့မှုန့်၊ နို့ဗူး၊ Baby food ၊ Diaper


--- ကျန်တာက ကိုယ်နေထိုင်ရာမြို့ရဲ့ မီးလောင်နိုင်ချေ၊ တိုက်ပြိုလဲနိုင်ချေ၊ အရေးပေါ်ထွက်ပြေးရင် အန္တရာယ်ရှိနိုင်ချေ၊ Overall risk နဲ့ မိသာ့စုဝင်ရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်

--- အရေးပေါ်အခြေအနေအတွက် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှ အနီးဆုံး စုရပ်ရဲ့ နေရာ

--- အရေးပေါ်အခြေအနေအတွက် သတင်းအချက်အလက်ရနိုင်မယ့် ဖုန်းနံပါတ်

--- အရေးပေါ်အခြေအနေအတွက် ဆက်သွယ်ရမယ့် ကျောင်း/ဆေးရုံ

စတာတွေရဲ့အချက်အလက်များကို စုစည်းထားရန်ဖြစ်ပါတယ်။


အိမ်မှာ အရေးပေါ်အခြေအနေမှာ စားဖို့အတွက် ခေါက်ဆွဲခြောက်ထုပ် တချို့ကို ကျောပိုးအိပ်ထဲ ထည့်ထားပါတယ်။ အမှန်တော့ အပူပေးရုံနဲ့ စားလို့ရတဲ့ ထမင်းဘူးတွေ ဆောင်ထားရမယ်လို့ ဆိုပါတယ်။ ယန်း တစ်ရာ ဆိုင်မှာ ရောင်းပါတယ်။ စားစရာနဲ့ ဆေးတွေကို expiry date ကြည့်ပြီး လတိုင်းစစ်ပြီး ထည့်ပေးရမယ်ထင်ပါတယ်။ အခု စာရွက်ကို သေချာဖတ်ကြည့်မှ ကျောပိုးအိတ်ထဲ မစုံသေးပါဘူး။ လုပ်တော့ လုပ်ထားရ ဦးမယ်။ ခုထိ အရေးပေါ်အခြေအနေနဲ့ မကြုံသေးပေမယ့် ပိုက်ပိုက်အိပ်ပျောက်တော့ လိုရမယ်ရ ကျောပိုးအိတ်ထဲ ဆောင်ထားတာလေး ရှိနေလို့သာပေါ့။ မဟုတ်ရင် ဒွတ်ခနဲ့ လှလှနဲ့ တွေ့ဦးမှာ။ သင်တန်းက ဆရာမက သူ့အိပ်ယာဘေးမှာ စီးစရာ ဖိနပ် အမြဲ ဆောင်ထားတယ်လို့ ပြောတယ်။ ထွက်ပြေးရင် ဖိနပ်က အဓိကမို့တဲ့။ ဟုတ်တော့ ဟုတ်တယ်။ ဖန်ကွဲတွေ ကျနေရင် မလွယ်ဘူး။ ဖိနပ်အသစ်ဝယ်ပြီး ခြေရင်းနား ထားထားရမယ်။ မြန်မာပြည်မှာတော့ ဖိနပ်ကို ခြေရင်းထားကောင်း/မကောင်း မသိပေမယ့် ငလျှင်များတဲ့ နိုင်ငံမှာတော့ ဆောင်သင့်တယ်လို့ ထင်ပါတယ်။

***မဝါဝါက "ဝီစီ" ပါ လိုတယ် ပြောတယ်။ တိုက်အောက်ထဲ ပိတ်မိနေရင် ကယ်ဆယ်ရေးတွေသိအောင် အသံပေးဖို့တဲ့။

ငလျှင်ခဏခဏ လှုပ်တဲ့မြို့တွေမှာတော့ တချို့အိမ်တွေမှာ တောတွင်းသွားရင် သုံးတဲ့  ရွက်ဖျင်တဲ (Tent) တွေပါ ဆောင်ထားကြပါတယ်။ သတိဆိုတာ ပိုတယ်မရှိတာမို့ ကိုယ့်အတွက် လိုအပ်နိုင်တာလေးတွေ တနိုင်တပိုင် ဆောင်ထားသင့်ပါတယ်။

9 comments:

Taungoo said...

အမမြရေ
သတိဆိုတာ ပိုတယ်မရှိပါဘူး။ ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါတယ်။
ဒါနဲ့ အပူပေးရုံနဲ့ စားလို့ရတဲ့ထမင်းဘူး ဆိုတော့
အကယ်၍ မပြောကောင်းမဆိုကောင်းဗျာ
အဲလိုအချိန်မျိုးမှာ ဘာနဲ့အပူပေးမလဲ

Anonymous said...

အစ်မရေ့....ကြိုတင်ပြင်ဆင်ထားတော့ ကောင်းတာပေါ့နော်။ မဖြစ်ပါစေနဲ့ လို ဆုတောင်းပေးနေတယ်ဗျို့  သဘာဝဘေးဆိုတာကလည်းကြောက်စရာကောင်းသား အားလုံးဘေးရန်ကင်းပါစေ အစ်မနုစံကော သိရဲ့လားမသိဘူးး ။

မြရွက်ဝေ said...

taungoo---> ဂတ်စ်မီးဖို အသေးလေး ဆောင်ထားဖို့ ပါတယ်လေ။ အဲဒါနဲ့ ရေနွေးတည်ရမှာပါ။ ၃ရက်စာ စားစရာ ဆောင်ထားရတာက ကယ်ဆယ်ရေးတွေ မလာခင် ဒုက္ခမရောက်အောင်ပါ။ ရေနွေးတည်ဖို့ အိုးလေးပါ ဆောင်ထားရမယ်ထင်တယ်။

မြရွက်ဝေ said...

မောင်မျိုး---> ဆုတောင်းပေးတာ ကျေးဇူးနော်။ မနု-စံဆီ မေးလ်ပို့လိုက်ဦးမယ်။

nu-san said...

ညီမလေးရေ..အမတော့ တခါမှ မကြုံဖူးလို့ မ၀ါဝါဆီက စာဖတ်လိုက်ရပြီးကတည်းက ဟုတ်သော်ရှိ မဟုတ်သော်ရှိ တခုခုတော့ လုပ်ထားမှဖြစ်မယ်လို့ တွေးမိလိုက်တယ်။ အခုအတိုင်းဆို ဒီပိတ်ရက် ပြင်လိုက်ဦးမယ်ညီမရေ.. သတိတရနဲ့ဝေမျှတာကျေးဇူးပါနော်.. နို့မို့ဆို ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး။ မောင်မျိုးရေ.. ညီမလေးရေ.. တကယ်ကျေးဇူးတင်တယ်.. :)

ကိုရင်နော်ခင်လေးငယ် said...

ကြိုတင်ပြင်ဆင်ထားတာ မမှားပါဘူး..
မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်..

WWKM said...

ညီမလေး..
ညီမလေး ဒီပို့စ်လေးတင်လိုက်တာ တကယ်ကောင်းသွားတယ်၊ ညီမလေးဆီမှာဖတ်တဲ့သူ
တွေရော၊ မမဆီမှာ လာဖတ်တဲ့သူတွေပါပိုသိသွားတာပေါ့၊ ဟုတ်တာမဟုတ်
တာ တော့သေခြာမသိပေမယ့် ဘာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် အားလုံးအတွက် အသင့်ဖြစ်နေရင်တော့
ပိုကောင်းတာပေါ့နော်၊ မမတို့ ရဲ့စေတနာပေါ့နော်။
မမ ကတော့ လိုအပ်တဲ့ ပစ္စည်းတွေကို အကျဉ်းပဲရေးပေး
လိုက်တော့မယ်၊ ညီမလေးဆီမှာလည်း လာဖတ်လို့ ရနေတာပဲ ဆိုတော့လေ။

megumi said...

お姉ちゃん、

ちゃんと説明してくれて ありがとう。

khin oo may said...

ဖယောင်းတိုင် .မီးခြစ်. လက်နှိပ်ဓါတ်မီး အနွေးထည်. အတွင်းပစည်. အပြင် ပစည်. လဲ မမေ.စေပါနှင်.။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP